မန္တလေးဆိုတာ သူ့သွေးနဲ့ ထွဏ်းထားတဲ့ အိမ်
--------------------------
ဆွံအသွားတဲ့ မြို့ရိုးကြီးဟာ
သမိုင်းကို...
ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်တော့ဘူး
ရေသေလို
လူတွေသေကြ
မီးသတ်မျှော်စင် ခေါင်မိုးမှာ
လာငြိနေတဲ့ လေတံခွန်လေးရဲ့ နောက်ဆုံးမှာတမ်းမှာ
မြို့ကြီး နာမကျန်းဖြစ်နေတဲ့အကြောင်းပ
စက်ဘီးလမ်းလေး ပျောက်သွားပြီ
စစ်သားစုဆောင်းရေး ဆိုင်းဘုတ် ကွယ်သွားပြီ
အမှတ်တရ ပြန်ကြည့်ဖို့ လိုလိုမယ်မယ်
ကိုယ့် ညာဖက်လက်ဖျံပေါ်
မြို့ရိုးနဲ့နာရီစင်ကို ဆွဲတင်ထားလိုက်တယ်
အရင် မြို့သစ် က အခု မြို့လယ်
အရင်မြို့လယ် က အခု ရှန်ဟိုင်း
ပလက်ဖေါင်းပေါ်
ဆိုင်ကယ်တက်မောင်းနေရတဲ့ ကာလထဲ
မျက်လုံးထဲ ထိုးဝင်လာတဲ့ ကားမီးရောင်ကိုရှောင်ရ
ငါချစ်တယ်
ငါသိပ်ချစ်တဲ့မြို့
ငါနေတဲ့ လမ်းကြားထဲကနေ မြို့ကိုပြန်ချောင်းခဲ့ရ
ဟိုဖက်ရပ်ကွက်က အိမ်တွေရော
ဒီဖက်ရပ်ကွက်က အိမ်တွေရော
ခံစစ်နဲ့မြို့ပြင်ကို ဆုတ်ခွာကြပေါ့
ဧရာဝတီကလည်း မငြိမ်
ပန်တျာကျောင်းကြီးလည်း ခပ်လှုပ်လှုပ်
မြို့ အချိုဓါတ်ကို သိသွားတဲ့ ပုရွက်ဆိတ်အဖြူတွေ
ခါချလို့ မနိုင်တော့ဘူး
ထွဏ်းသွေးအိမ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။