အတန်းပိုင် ထံမှ စာတစ်စောင်
====================
====================
ကျောင်းကဆရာမတစ်ဦး ကျောင်းသားမိဘထံ ရေးထားတဲ့စာကို သဘောကျလို့ ဘာသာပြန်လိုက်ပါတယ်။ ကျောင်းသားအမည်ကိုပြောင်းထားပါတယ်။
...
...
မောင်မောင်ဝါ ၏ မိဘများရှင့်…….
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ လို့ စုမွန်ကောင်းတောင်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့တုန်းက မိဘများနှဲ့ တွေ့ဆုံဆွေးနွေးခွင့် ရရှိခဲ့တဲ့အတွက် ကျမ အလွန်ပဲဝမ်းသာအားရမိပါတယ်။ မိဘများရဲ့ သဘောထား နဲ့ ယူဆချက်များကို သိခွင့်ရရှိခဲ့တဲ့အတွက် ကျမအလွန်ကျေးဇူးတင်မိပါတယ်ရှင့်။ အဲဒီနေ့မှာ လူကများတော့ အချိန်ကောင်းကောင်းမရခဲ့ပါဘူး။ ကလေးတွေ ရတဲ့အဆင့် နဲ့ ရတဲ့အမှတ် အပေါ် ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မိဘရဲ့မေးခွန်းကို ကျမကောင်းစွာမဖြေဆိုနိုင်ခဲ့ပါဘူး။ အဲဒီအဖြေကို ဖြည့်စွက်ဖြေကြားဖို့အတွက် ကျမဒီစာကို ရေးသားပေးပို့လိုက်ရပါတယ်ရှင့်။
ကျမရဲ့အယူအဆကတော့ ကလေးများဟာ အမှတ်ကောင်းကောင်းမကောင်းကောင်း သူတို့အားလုံးဟာ မျိုးစေ့ နဲ့ တူပါတယ်။ တစ်ယောက်နှဲ့ တစ်ယောက် ပွင့်ချိန်သာကွာရင်ကွာမယ်၊ အချိန်တန်ရင် ပွင့်ကြမှာချည်းချည်းပါပဲ။ ပန်းအချို့ဟာ အစကတဲက ဝေေ၀ဆာဆာ ပွင့်လန်းတတ်သလို အချို့ပန်းတွေ အတွက်ကျတော့ အချိန်နောက်ကျပြီးမှ ပွင့်လန်းတတ်လေ့ရှိပါတယ်။ အခြားပန်းပေါင်းစုံ ပွင့်လန်းသာကို မြင်ရတော့ ကိုယ့်ပန်းအတွက် စိုးရိမ်မိတတ်ကြတာကို ကျမနားလည်ပါတယ်။ ကိုယ့်ပန်းဟာလည်း အချိန်တန်ရင် ပွင့်လန်းလာမယ်ဆိုတာ မိဘများအနေနဲ့ လေးလေးနက်နက် ယုံကြည်ထားသင့်ပါတယ်။ မိဘများရဲကတာဝန်ကတော့ သေသေချာချာ ဂရုစိုက် ပျိုးထောင်ဖို့ပါပဲ။
ယုံကြည်ပါ။ စိတ်ရှည်ပါ။ ပွင့်လန်းကြမဲ့ ပန်းတွေချည်းချည်းပါ။
အော…သင်မျိုးစေ့ဟာ ဘယ်တော့ကမှ ပန်းမပွင့်တော့တာလည်း ဖြစ်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူဟာ မိုးထိအပင်ကြီး ဖြစ်လာတော့မှာမို့လို့ပါ။ သင့်မျိုးစေ့ကလေးကို ဖြစ်ထွန်းအောင် ရေလောင်းရုံတင်မကပဲ မြေသြဇာကြွေးရပါမယ်။ ယုယုယယ ပျိုးထောင်ရပါမယ်။
သင့်ကလေးလည်းအတူတူပါပဲ၊ ကျောင်းပညာသင့်ပေးရုံမကပဲ စိတ်ဓါတ်ကြံခိုင်အောင်၊ အပြုသဘော ဆောင်အောင်၊ အကောင်းမြင်တတ်အောင်၊ နည်းမှန်လမ်းမှန်နဲ့ ကြိုးစားအားထုတ်တတ်အောင် ပြုစုပျိုးထောင်ရပါမယ်။ မိဘများဟာ ကလေးရဲ့စံပြပုဂ္ဂိုလ်ဖြစ်တတ်တာမို့ မိဘများအနေဖြင့် ကလေးစံပြဖြစ်အောင်ကြိုးပမ်းပြီး ကျောင်းနဲ့ပူးပေါင်းကာ မိုးမျှော်အပင်ကြီးဖြစ်အောင် ပျိုးထောင်ကြပါစို့ လို့ တိုက်တွန်းချင်ပါတယ်။
ပန်းတိုင်းပွင့်ပါစေ၊ ပွင့်သောပန်းတိုင်းမွှေးပါစေ
ဆရာမ
Credit to: Sayar Aung Ko Latt

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။