Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 8, 2013

နိုင်ငံတော်အလံများ အဆက်ဆက် ပြောင်းလဲခဲ့သော်လည်း ပြည်သူများဘ၀ မပြောင်းလဲသေးကြောင်း ဦးမင်းကိုနိုင် ပြောကြား

 
Tun Wai
နိုင်ငံတော်အလံများ အဆက်ဆက် ပြောင်းလဲခဲ့သော်လည်း ပြည်သူများဘ၀ မပြောင်းလဲသေးကြောင်း ဦးမင်းကိုနိုင် ပြောကြား

မြန်မာနိုင်ငံ၏ အလံအား သုံးမျိုးပြောင်းလဲခဲ့ပြီး သော်လည်း ယခုအချိန်အထိ ပြည်သူတို့၏ ဘ၀မှာ အပြောင်းအလဲ မရှိသေးကြောင်း ဦးမင်းကိုနိုင်က ရှစ်လေးလုံး ငွေရတု အခမ်းအနား ကျင်းပသည့် MCC ခန်းမအတွင်း သြဂုတ် ၈ ရက်က အဖွင့်အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။
၈၈ အရေးတော်ပုံကို ကျောင်းသားများက စတင်ခဲ့ခြင်း ဖြစ်သော်လည်း မိဘပြည်သူများ အနေဖြင့် မပါဝင်ခဲ့ပါက အရေးပါသည့် သမိုင်းအချိုးအကွေ့ တစ်ခုကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်းကိုလည်း ၎င်းက ထည့်သွင်း ပြောကြားသည်။ ဦးမင်းကိုနိုင်က ''ရှစ်လေးလုံး မစခင်ကတည်းက ကျောင်းသားလှုပ်ရှားမှုတွေကို မိဘပြည်သူတွေက ...ထောက်ခံအားပေး ခဲ့ကြပါတယ်။ နံပါတ် (၁) စိတ်ဓာတ်ရေးရာအရ အားပေးကူညီခဲ့တယ်။ အင်မတန်မှ ဘ၀ကို ဖျက်ဆီးချေမှုန်းတာ ခံရနိုင်တဲ့ အန္တရာယ်တွေ ကြားထဲကနေ ကျောင်းသားတွေကို အကူအညီ ပေးခဲ့တာ ဖြစ်တယ်။ ကြေညာစာတမ်းတွေ ရေးဖို့၊ တောင်းဆိုချက်တွေ ရေးဖို့ ဒီလောက်ဆင်းရဲ နေတဲ့ကြားက အိမ်မှာရှိနေတဲ့ ပြက္ခဒိန် အဟောင်းလေးတွေကို ဆုတ်ဖြဲပေးခဲ့ကြတယ်။ ဆန္ဒပြနေကြတဲ့ ကျောင်းသားလူငယ်တွေကို အိမ်မှာရှိတဲ့ ထမင်းကြမ်းလေးနဲ့ ရှိသမျှဟင်းတွေ၊ ငှက်ပျောသီးတွေကို လာပေးခဲ့ကြတယ်။ ကျွန်တော်တို့ အန္တရာယ်ကြားမှာ ပြေးလွှားကြတဲ့အခါ ကြက်မကြီးက ကြက်သားလေးတွေကို အကာအကွယ် ပေးကြသလို ကျွန်တော်တို့ကို အိမ်တွေမှာဝှက်ပြီး အကာအကွယ် ပေးခဲ့ပါတယ်။ မိဘ ပြည်သူတွေ အကာအကွယ် ပေးခဲ့တာကြောင့်လည်း အခုလိုမသေပဲ ကျန်နေသူတွေက ၈၈ ငွေရတုပွဲကို ကျင်းပနိုင်တာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ထို့ပြင် ၈၈ နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားကြသူများ အနေနှင့် အရပ်ဝတ် ၀တ်ထားသည့် ထောက်လှမ်းရေးများအား အမြဲကြောက်လန့် နေရကြောင်းနှင့် ထိုသို့သော အခြေအနေသည် ကိုယ့်နိုင်ငံသား အချင်းချင်း မယုံမကြည်နှင့် သံသယထားနေရသည့် အခြေအနေ ဖြစ်သောကြောင့် လွန်စွာဝမ်းနည်းစရာ ကောင်းသည်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည့်အပြင် ယခုလို လွတ်လပ်စွာ ပြောဆိုခွင့် ရနေခြင်းသည် မည်သူကမှ သနားသဖြင့် ပေးထားသည့် အခွင့်အရေး မဟုတ်ဘဲ တိုင်းသူပြည်သားများ၏ အသက်စွန့်၊ ကိုယ်ကျိုးစွန့်ခဲ့မှု များကြောင့်သာ ရလာခြင်း ဖြစ်ကြောင်းနှင့် ဖိနှိပ်မှုများကို ထပ်မံပြုလုပ်ပါက မျိုးဆက်သစ်များ အနေနှင့် ထပ်မံတော်လှန်လာမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။ ဆက်လက်၍ ဦးမင်းကိုနိုင်က ၈၈ စိတ်ဓာတ် ဆိုသည်မှာ သခင်စိတ်ဓာတ်ဖြစ်ပြီး ကိုယ့်လူမျိုး အချင်းချင်း ကျွန်ပြုနေခြင်းကို ဆန့်ကျင် တော်လှန်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောကြားသည်။
ထို့အပြင် ဦးမင်းကိုနိုင်က ''အခုပွဲကို နိုင်ငံရေးပါတီ အသီးသီးက တက်ကြပါတယ်။ တစ်ချိန်က မယုံကြည်လို့ဘဲဖြစ်ဖြစ် မလိုက်နာ နိုင်တာကြောင့်ဘဲဖြစ်ဖြစ် အဲဒီလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေက ဒီမိုကရေစီ အတူချီတက်ဖို့ ပြင်ဆင်နေကြပြီလို့ ကြွေးကြော် နေတာတွေကို တွေ့ရပါတယ်။ ကျွန်တော်တို့ ယုံကြည်ချင်ပါတယ်။ အဲဒီ့လူတွေ အနေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေ ဖြစ်ကြောင်း ဒီထက်ပိုပြီး ပြသပေးဖို့ လိုပါတယ်'' ဟု ပြောကြားသည်။

ရန်ကုန်မြို့တွင် ကျင်းပသော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနား၌ ဦးမင်းကိုနိုင် အဖွင့်မိန့်ခွန်း ပြောကြားစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Eleven Media Group
9.8. 2013
ပြန်လည်မျှဝေပေးပါတယ်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။