BBC Burmese added 4 new photos.
မြန်မာ နိုင်ငံသားများ အဓမ္မ စေခိုင်း နှိပ်စက်ခံနေရ
အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာ နိုင်ငံသားတွေဟာ အတင်းအဓမ္မ ငါးဖမ်းလုပ်ငန်းမှာ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရပါတယ်။
မြန်မာ အမျိုးသားတွေဟာ ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံ ဘန်ဂျီနာကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရတာကို အေပီသတင်းဌာ နဲ့ ယူကေအွန်လိုင်း... သတင်းစာ MailOnline ရဲ့ သတင်းထောက် ဂျူလီယန် ရောဘင်ဆန်တို့က စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံကတဆင့် Benjina ရွာကို ငါးဖမ်းဖို့ အဓမ္မ ပို့ဆောင် စေခိုင်းခံရတဲ့ ငါးဖမ်းအလုပ်သမား ၄၀ ကျော်ကို တနှစ်တာကာလအတွင်း တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။