Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 7, 2018

ဘဝအတွက် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းများ

ဘဝအတွက် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်းများ
`````````````````````````````````````````````````````````

၁။ လူအထင်ကြီးခံရအောင် မကြိုးစားပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေဖို့သာ အရေးကြီးပါတယ်။

၂။ ရည်မှန်းချက် ကြီးကြီးထားပါ။ ဒါပေမယ့် သေးသေးလေးကနေ စပြီး အကောင်အထည်ဖော်ပါ။

၃။ စိတ်အားထက်သန်စွာ အလုပ်လုပ်ပါ။ တစ်နေ့မှာ အောင်မြင်ရမယ်လို့ ယုံကြည်ထားပါ။

၎။ ဖန်တီးနိုင်စွမ်းတွေ တိုးတက်လာအောင် အမြဲကြိုးစားလေ့ကျင့်ပါ။

သင်ဘယ်နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရဘူးပါသလဲ?

သင်ဘယ်နှစ်ကြိမ် ငြင်းပယ်ခံခဲ့ရဘူးပါသလဲ?

ကိုလိုနယ် စဲန်ဒါးဟာ သူ့ အသက် ၆၅ နှစ်မှာ ပထမဆုံး လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေ ၉၉ ဒေါ်လာကို လက်ခံရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူဟာ ငွေကြေးချို.တဲ့နေပြီး အိမ်ငယ်လေးတလုံးနဲ့ ကားအစုတ်ကလေး တစ်စီးသာ ရှိခဲ့တယ်။

သူဟာ ဒီလိုနေသွားလို့ မဖြစ်တော့ဘူး ပြောင်းလဲမှုတခုခုလုပ်ဖို့ ဆုံးဖြတ်ချက်ချ ခဲ့တယ်။

သူမှာ ရှိတဲ့အကြံဥာဏ်ကလည်း သူ့သူငယ်ချင်းတွေ ကြိုက်တဲ့ ကြက်ကြော်နည်းပဲရှိတယ် ။

“ဒီ့ ထက် ပိုကောင်းတဲ့ နည်းလမ်း မရှိတာ သေချာပြီလား.”

“ဒီ့ ထက် ပိုကောင်းတဲ့ နည်းလမ်း မရှိတာ သေချာပြီလား.”

ဒီတစ်ခါ ကျနော်ပြောချင်တာက ခေါက်ဆွဲ လုပ်တဲ့အကြောင်း မဟုတ်ပါ.. ဒါပေမယ့့်ဒီစာက ကျနော်သူငယ်ချင်းတစ်ယောက် ခေါက်ဆွဲ လုပ်တာနဲ့ ဆက်စပ်နေပါတယ်။လွန်ခဲ့တဲ့  ၆လ၇လလောက် ကတဲက.. သူ ဒီအလုပ် လုပ်ဖို့  စီစဉ်နေတာ၊နယ်က ခေါက်ဆွဲလုပ် နေတဲ့ သူ့ သူငယ်ချင်း တစ်ယောက်နဲ့ တိုင်ပင်တာ၊သု့ ကို ရန်ကုန်ကို ခေါ်ပြီး ခေါက်ဆွဲ လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေတာကို သတိထားမိတယ်။
ဒါနဲ့ ဒီတစ်ခေါက် ရန်ကုန်ရောက်တော့ ..သူ့ ကို “လုပ်ငန်း အဆင်ပြေလား”.လို့ .မေးဖြစ်တယ်။သူက.. “နည်းနည်းတော့ အဆင်ပြေစ ပြုပါပြီကွာ”.လို့ ပြောပြီး သူရိုက်ထားတဲ့ ဗီဒီယို ၂ခုကို ဖွင့် ပြတယ်.. ခေါက်ဆွဲလုပ်နေတဲ့ ဗီဒီယို တွေ။

ကျွန်မဘဝ တကယ်ပဲ ဆိုးသလား

#ကျွန်မဘဝ တကယ်ပဲ ဆိုးသလား

စင်္ကာပူက ထုတ်ဝေတဲ့ မဂ္ဂဇင်းတစ်စောင်မှာ Wendy Tan ဆိုတဲ့ အမျိုးသမီး ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါ။

ကျွန်မရဲ့ ဘဝအခြေအနေဟာ ဆိုးလွန်းလှပါတယ်။ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဆွေမျိုးတွေနဲ့ အဆင်မပြေဘူး။ ကျွန်မဘဝမှာ ကြုံတွေ့နေရတာ မှန်သမျှဟာ အဆိုးတွေချည်းပါပဲ။ တစ်ခါတလေ ဒီဘဝကနေ တခြားဘဝတစ်ခုကို ကူးပြောင်းသွားချင်စိတ် ပေါ်လာမိတယ်။ တကယ်ပါ။ ကျွန်မ အဲဒီလို ခံစားနေရတာ ကြာပါပြီ။ ဒါပေမဲ့ မနေ့က ကျွန်မနဲ မကြာခင်ကမှ မိတ်ဆွေဖြစ်ခဲ့တဲ့ လူတစ်ယောက်နဲ့ စကားပြောပြီး ကျွန်မရဲ့ လက်ရှိဘဝကို စိတ်ပျက်နေတဲ့ အမြင်ဟာ လုံးဝပြောင်းလဲသွားခဲ့ပါတယ်။ သူက အိန္ဒိယလူမျိုး စင်္ကာပူနိုင်ငံသားပါ။

အောက်ပါစကားလုံးများကို အကြိမ်ကြိမ် ဆင်ခြင်သုံးသပ်ကြည့်ပါ။

အောက်ပါစကားလုံးများကို အကြိမ်ကြိမ်
ဆင်ခြင်သုံးသပ်ကြည့်ပါ။

တစ်ခုခု သိသွားသလိုလို ခံစားရတာပဲဖြစ်ဖြစ်၊
ရင်ထဲမှာ အသိတစ်ခုခု ကျန်ခဲ့သလိုလို ခံစားရတာပဲဖြစ်ဖြစ်၊ သင်နောက်တစ်ခေါက်ဖတ်ရှုသင့်ပြီ။

.

အပိုဒ် ( ၁ )
••••••••••••••
သင်၏တာဝန်ဟာသင့်ရဲ့ ဘ၀လားရာဖြစ်တယ်။
သင်၏အတွေ့အကြုံဟာ သင့်ရဲ့အရင်းအနီးဖြစ်တယ်။
သင့်၏ ကိုယ်ကျင့်တရားဟာ သင့်ရဲ့ ဘ၀ကံကြမ္မာဖြစ်တယ်။

Wednesday, January 3, 2018

အခွင့်အရေးဆုံးရူံးခြင်း

အခွင့်အရေးဆုံးရူံးခြင်း
++++++++++++++

အခွင့်အရေးများဟာ အောက်ပါ စကားများကြားမှာ ကျဆုံးသွားတတ်ပါတယ်။ သင်ကော တွေ့ကြုံဖူးပါသလား။
အဲဒီ စကားများကတော့……..

၁။ လိမ်တယ်ထင်တယ်။

သေသေချာချာ သိရှိအောင်မစူးစမ်းပဲ တိုက်ရိုက် ကောက်ချက်ချတာမျိုးကို ဆိုလိုပါတယ်။ လိမ်တယ်ထားပါအုံး။ သူများက ဘာလိမ်စရာ ရှိနေလို့လဲ။ အဆိုးဆုံးအခြေအနေ ကဘယ်လိုဖြစ်သွားမှာမို့လို့လဲ၊ ချက်ချင်းကောက်ချက်မပေးသင့်တာတော့ အမှန်ပါ။

အများနဲ့မတူလို့လဲ စိတ်ဓာတ်မကျနဲ့.....

အများနဲ့မတူလို့လဲ စိတ်ဓာတ်မကျနဲ့.....

ရူပဗေဒဆိုင်ရာအာကာသပညာရှင် Chandrasekhar ချန်ဒရာရှက်ခါဟာ သူ့ရဲ့ဘာသာရပ်ကိုသိပ်ချစ်မြတ်နိုးတယ်။ သူ့အတွေးအခေါ်တွေဟာ သိပ်ထူးဆန်းတဲ့အတွက် တခြားပညာရှင်တွေက နှစ်ပေါင်းများစွာကြာတဲ့အထိ သူ့ရဲ့အတွေးအခေါ်တွေကို လက်မခံခဲ့ကြဘူး။ သူဟာ သူစိတ်ဝင်စားတဲ့ အာကာသသိပ္ပံဘာသာရပ်ကို အထူးတလည်လေ့လာရင်း သူ့ဘဝကို မှေးမှိန်စွာဖြတ်သန်းနေခဲ့ပါတယ်။

"ချမ်းသာဖို့အတွက် ပိုက်ဆံသုံး ပါ"

"ချမ်းသာဖို့အတွက် ပိုက်ဆံသုံး ပါ"

နည်းနည်းထူးဆန်းသွားလား သူငယ်ချင်း??!

ငါတို့က ချမ်းသာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ......

သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ သူငယ်ချင်း......
သူတို့ဘဝတွေဟာ ချမ်းသာပြီးရင်းချမ်းသာနေကြတယ်......

ငါတို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း....
ငါတို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်.....

ပိုက်ဆံမရှိတဲ့အခါနဲ့ ပိုက်ဆံရှိလာသောအခါ

ပိုက်ဆံမရှိတဲ့အခါနဲ့ ပိုက်ဆံရှိလာသောအခါ

ပိုက်ဆံမရှိတဲ့အခါ အိမ်မှာပဲ သက်သတ်လွတ် စားတယ်
ပိုက်ဆံရှိလာတော့ ဆိုင်ကောင်းကောင်းမှာ သက်သတ်လွတ် သွားစားတယ်

ပိုက်ဆံမရှိတဲ့အခါ စက်ဘီး စီးတယ်
ပိုက်ဆံရှိလာတော့ လေ့ကျင့်ခန်းလုပ်တဲ့ စက်ပေါ်မှာ စက်ဘီး သွားနင်းတယ်

ပိုက်ဆံမရှိတုန်းက အစာရှာဖို့ လမ်းလျှောက်ရတယ်
ပိုက်ဆံရှိလာတော့ အဆီချဖို့ လမ်းလျှောက်ရပြန်တယ်

" ကပ်ဆိုး.. " (အသိပညာ ဆင်းရဲမှု၏ နောက်ကွယ်)

" ကပ်ဆိုး.. "
(အသိပညာ ဆင်းရဲမှု၏ နောက်ကွယ်)

ဒီစာကိုရေးသင့်မရေးသင့် စဉ်းစားနေတာကြာပြီ။
ဒါပေမယ့် နောက်ဆုံး ရေးသင့်တယ်ထင်လို့ ရင်ကွဲနာ ဗလပွနဲ့ ရေးလိုက်ရပါတယ်။

ဒေါ်မြနေတဲ့ လမ်းထဲမှာ ဒေါ်မြနဲ့ သိပ်ရင်းနှီးတဲ့ ကလေးမလေးတစ်ယောက်ရှိတယ်.. ။
သူ ၅ တန်းကျောင်းသူဘဝကတုန်းက ဒေါ်မြ အင်္ဂလိပ်စာ ပြပေးဖူးတယ်။ စေတနာ ဂိုက် ဆိုပါတော့ ...

ချောချောနုနု ဖြူဖြူဥဥ နဲ့ ကလေးမလေးဟာ ဒေါ်မြ ညီမလေး အရင်းလေး လိုပါပဲ။ အချိန်တွေကုန်တာ မြန်တယ်လို့ ခံစားရတာဟာ သူကလေးကိုယ့်ရှေ့မှာ ကြက်တောင်စည်းကလေးဘဝကနေ အပျိုပေါက်ကလေး ဖြစ်လာတာမြင်ရတဲ့ အခါတိုင်းပေါ့။

ဘဝကကောင်းပြီးသားကိုဘာဖြစ်လို့ အသစ်အဆန်းအရာတွေကို ထပ်ပြီးလေ့လာသင်ယူရမှာလဲ?

ဘဝကကောင်းပြီးသားကိုဘာဖြစ်လို့ အသစ်အဆန်းအရာတွေကို ထပ်ပြီးလေ့လာသင်ယူရမှာလဲ?
.
ပညာအရည်အချင်းကောင်းတယ် ၊ ဗဟုသုတရှိတယ် ၊ သုံးစရာပိုက်ဆံရှိတယ် ၊ ကိုယ်ချစ်တဲ့အလုပ်ရှိတယ် ၊ သူငယ်ချင်းကောင်းရှိတယ်၊ နေစရာအိမ်ရှိတယ် ၊ ဒီလိုမျိုးပြည့်စုံနေတယ်ဆိုရင်တချို့သူတွေကတော့ အရာအားလုံးလုံလောက်ပြီလို့တွေးတတ်ပါတယ် ၊ အရာအားလုံးအဆင်ပြေနေပြီးသားလို့မှတ်ယူတတ်ပါတယ်။
.
ခုဏကပြောတဲ့အကြောင်းအရာအတွေးအခေါ်က လွန်ခဲ့တဲ့ (၁၀) ကဆိုရင်သုံးလို့ရပါသေးတယ်
ဒါပေမဲ့ ပြဿနာက “ဒီနေ့ခေတ်ကပြောင်းလဲတာအရမ်းအရမ်းကိုမြန်ပါတယ်”

နှစ်သစ်သြ၀ါဒ သုံးခွန်း

နှစ်သစ်သြ၀ါဒ သုံးခွန်း

(၁) ကိုယ့်ဘ၀ကိုယ် “နွယ်ပင် မဖြစ်စေနဲ့”။ နွယ်ပင်ဆိုတာ အမှီရှိမှ တက်တာ၊ အမှီမရှိရင် မတက်ဘူး။

ကိုယ့်ဗိမာန် ကိုယ်ဖန်ဆင်းတဲ့ နတ်လို ဖြစ်စေချင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားကြပါ။

မှီသူ မဖြစ်စေနဲ့၊ မှီခိုခံသူ ဖြစ်အောင် ကြိုးစားရမယ်။ ဘာ့ကြောင့်လဲ၊ အပင်လဲရင် အသီးကြွေမယ်။ အသီးကြွေလို့ အပင်မလဲဘူး။

ရှက်တတ်ရင် ဒီစာကို ဆက်မဖတ်နဲ့...

ရှက်တတ်ရင် ဒီစာကို ဆက်မဖတ်နဲ့...

အနောက်နိုင်ငံတွေက
Facebook ဆိုတာကို ထွင်ပေးလိုက်တယ်
ဖုန်းဆိုတာကို ထွင်ပေးလိုက်တယ်...

ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိ
စာအုပ်ဆိုင်တွေ ရောင်းကောင်းတုန်းပဲ
စာအုပ်စာပေကို ဖတ်ကောင်းတုန်းပဲ
စာအုပ်တိုက်တွေ အလုပ်ဖြစ်တုန်းပဲ
စာရေးဆရာတွေ အောင်မြင်တုန်းပဲ...

သင်ဘာကြောင့်အလုပ်သမားဖြစ်နေရတာလဲ?

သင်ဘာကြောင့်အလုပ်သမားဖြစ်နေရတာလဲ?
အဖြေက ရှင်းပါတယ် အလုပ်ရှင်စိတ်ဓာတ်မရှိလို့ပါ အလုပ်သမားတစ်ယောက်က အလုပ်ရှင် တစ်ယောက်ဖြစ်လာဖို့ဆိုရင် အလုပ်ရှင်စိတ်ဓာတ်ရှိဖို့အရင်ဆုံးမွေးမြူးသင့်ပါတယ် နောက်တစ်ချက်က ယုံကြည်ချက်ပါ တစ်နေ့ လုပ်ငန်းရှင်ဖြစ်ရမယ် ဆိုတဲ့မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ကလည်းအရေးကြီးတဲ့အရာတစ်ခုပါပဲ

ဘ၀မှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ

ဘ၀မှာပျော်ရွှင်ချင်ရင်
ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ
*****************************

၁။ အလွန်အကျွံအလုပ်လုပ်ခြင်း။
ဟုတ်ပါတယ်။ အချိန်ပိုလုပ်ရင် ငွေပိုရတာ မှန်ပါတယ်။ ဒါပေမယ့် ဘ၀မှာပျော်ရွှင်ချင်တယ်ဆိုရင်တော့ အလုပ်ချည်းပဲ လုပ်နေလို့မဖြစ်ပါဘူး။ အလုပ်တွေပဲ တောက်လျှောက်လုပ်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ စိတ်ကျဝေဒနာနဲ့ စိုးရိမ်သောကတွေ များလာစေပါတယ်။ အလုပ်နဲ့ ဘ၀ကို မျှတနေဖို့ လိုပါတယ်။

"အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ" ( #နွေးထွေးသာယာသောမိသားစုဆိုသည်မှာ...)

"အပြစ်တင်ခြင်းထက် အရေးကြီးသော အရာများ" ( #နွေးထွေးသာယာသောမိသားစုဆိုသည်မှာ...)
= = = = = = = = = = = = = = ==========
.ကျွန်တော့်အမေက ဟင်းချက်အရမ်းကောင်းတယ်ဗျ။
အမြဲတမ်းလည်းပဲ စားလို့ကောင်းမယ့်
ဖွယ်ဖွယ်ရာရာလေးတွေ ချက်လေ့ရှိတယ်။
.
တစ်ညနေမှာတော့ အမေဟင်းချက်တာ
အရမ်းတူးနေတယ်ဗျာ။
မသိမသာလေး တူးနေတာမဟုတ်ဘူး။
မြင်ရုံနဲ့တင် တူးနေမှန်း သိရလောက်အောင်ကို
တူးနေတာ။ တူးနံ့တွေလည်း ထွက်လို့ပေါ့။

ကြိုးစားမှုရဲ့နောက်ကွယ်.....

ကြိုးစားမှုရဲ့နောက်ကွယ်.....

ကြိုးစားမှုတိုင်းဟာတန်ဖိုးရှိနေပါတယ်....

ကြိုးစားသမျှ အရာမထင်ဘူးဆိုတာအခိုက်အတန့်ပါပဲ။

ကြိုးစားမှုရဲ့နောက်ကွယ်မှာအောင်မြင်မှုရှိနေပါတယ်....

ကြိုးစားသမျှ ဖြစ်မလာလို့ စိတ်ဓာတ်မကျပါနဲ့..
တချို့ အရာတွေက ကြိုးစားတိုင်းမအောင်မြင်နိုင်သေးတာရှိပါတယ်...

Monday, January 1, 2018

Comfort Zoneကန ရုန်းထွက်ကြရအောင်

Comfort Zoneကန
ရုန်းထွက်ကြရအောင်

အောင်မြင်ချမ်းသာတဲ့သူတွေရဲ့
သမိုင်းစာမျက်နှာတွေကြည့်
လိုက် သွေးချွေးအပြည့်နဲ့
ရေးထားကြတာများတယ်။
သူတို့ဟာပန်းတိုင်
ရောက်ဖို့ တုံးတိုက်တိုက်
ကျားကိုက်ကိုက်
ဘယ်တော့မှ နောက်မဆုတ်
တဲ့လူမျိုးတွေ.....

၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက်ရဲ့ အိပ်မက်

#၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက်ရဲ့ အိပ်မက်

ကနေဒါနိုင်ငံက ၆ နှစ်သားလေး ရိုင်ယန်ဟရိုဂျက် (Ryan Hreljac) ဟာ ပထမတန်းမှာ စာသင်နေတုန်း အတန်းဆရာမ Mrs. Prest က အာဖရိကနိုင်ငံက တောရွာတွေမှာ ရေရှိလို့ လူတွေ နေမကောင်းဖြစ်နေကြတယ်။ တချို့ဆိုရင် သေဆုံးကုန်ကြတယ်။ လူတွေဟာ မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီး ရေသွားခပ်ကြရတယ်။ ဒါတောင် ရေညစ်ပတ်တွေပဲ ရတယ်တဲ့။

ဒါကို ကြားတဲ့ ရိုင်ယန်က စဉ်းစားတယ်။ သူ ရေသောက်ချင်ရင် အတန်းထဲကနေ ခြေလှမ်း ၁၀ လှမ်းလျှောက်လိုက်ရုံနဲ့ ရေပန်းမှာ ရေသောက်လို့ ရတယ်။ အရင်တုန်းက လူတွေဟာ သောက်ရေ သုံးရေကို လွယ်လွယ်ကူကူ ရနေတယ်လို့ ထင်နေခဲ့တယ်။ သူ အာဖရိက,က လူတွေကို ကူညီချင်တယ်။

လူတယောက်ပျောက်နေတယ်။

ထီးတချောင်းပိုနေတော့
လူတယောက်ပျောက်နေတယ်။
ဒါကိုသူတို့ရှာနေကြတယ်။
မြောင်းထဲကျသွားသလားပေါ့။

သူတို့မှာ ထီးတွေကမိုးထားတော့
အပေါ်ကိုမမြင်ကြဘူး။
အပေါ်ကိုကြည့်ရကောင်းမှန်းလဲ
မသိကြဘူး။

ဒီတော့သစ်ပင်ပေါ်
ရောက်နေတဲ့လူကိုလည်း
သူတို့မမြင်ကြတော့ဘူးပေါ့လေ။

ဖုန်းကို ဘယ်လိုအကျိုးရှိအောင် သုံးမလဲ..

ဖုန်းကို ဘယ်လိုအကျိုးရှိအောင် သုံးမလဲ..

ဒီခေတ်မှာ လူကြီးလူငယ်တော်တော်များများ
ဖုန်းတစ်လုံးတော့ရှိနေတတ်ကြပါတယ်။ ဖုန်းကို

သိပ်မသုံးဖြစ်အောင် ဘယ်သူတွေကဘယ်လောက်
ပဲ စာတွေရေးရေး ဖုန်းသုံးချင်တဲ့သူက သုံးမှာပါပဲ။
ကိုယ်တိုင်တောင် ဖုန်းနဲ့မလွတ်ကင်းပါဘူး။ ဒါပေမယ့်
ဖုန်းသုံးတိုင်း အကျိုးယုတ်တာတော့ မဟုတ်ပါဘူး။
ဖုန်းနဲ့ ခပ်ခွာခွာနေကြည့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး
မအောင်မြင်ဘူးဆိုရင်တော့ ဖုန်းနဲ့ ဘာတွေအကျိုး
ရအောင်
ယူမလဲ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။

💓ကိုယ့်ဘ၀ကို ပိုမိုကောင်းမွန်တဲ့သူနဲ့ ဆုံဆည်းခွင့်ပေးလိုက်ပါ 💓


💓ကိုယ့်ဘ၀ကို ပိုမိုကောင်းမွန်တဲ့သူနဲ့ ဆုံဆည်းခွင့်ပေးလိုက်ပါ 💓

By မုန်း

🔴မိန်းကလေးတိုင်းဟာ ပျော်ရွှင်ကောင်းမွန်တဲ့ အချစ်ကိုသာ ပိုင်ဆိုင်လိုချင်ကြတာပါပဲ…ဒါပေမယ့် အချစ်တိုင်းက ပျော်ရွှင်ကောင်းမွန်တဲ့ အရာ မဟုတ်ပါဘူး…တစ်ချို့သော အချစ်တွေက နာကျင်စရာတွေ ၊ ၀မ်းနည်းစရာတွေနဲ့ပြည့်နေတတ်ပါတယ်။

🔴ဒါဟာ အချစ်ကြောင့်နာကျင်ရတာလို့ လွယ်လွယ်ခေါင်းစဉ်တတ်ခဲ့ရပေမယ့် တစ်ကယ်တော့ ကိုယ်ရွေးချယ်ခဲ့တဲ့သူ မှားယွင်းခဲ့လို့ပါပဲ။
ကိုယ့်အပေါ် ကောင်းချင်ယောင်ဆောင်တဲ့သူ ၊ ကိုယ့်ကိုယ်နာကျင်စရာတွေပေးတဲ့သူ၊ ကိုယ့်အပေါ် အတုအယောင်တွေပဲ ပေးတဲ့လူမျိုးကို ရွေးချယ်ခဲ့မိလို့ပါပဲ။ဒါဆို အဲ့လိုလူမျိုးကို လက်လွှတ်လိုက်ရင် ပျော်ရွှင်ပြီးကောင်းမွန်တဲ့ အချစ်မျိုးကို ပိုင်ဆိုင်နိုင်မှာလား ???

လေ့လာမှတ်သားသင့်တဲ့ စကားလုံးများ

လေ့လာမှတ်သားသင့်တဲ့ စကားလုံးများ
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

၁။ ကိုယ့်မျက်စိနဲ့ သေသေချာချာ မတွေ့ခဲ့ဘူးဆိုရင် ပါးစပ်နဲ့ အလျင်စလို
သက်သေမပြချင်ပါနဲ့၊

၂။ ကိုယ်မသိတဲ့ ကိစ္စတစ်ခုကို “ မသိဘူး ” လို့ တိုက်ရိုက်ဖြေဆိုလိုက်တာ အပေါ့ပါးဆုံးပါ။

၃။ တစ်ယောက်ယောက်က သင့်ကို ကျောက်ခဲနဲ့ ပေါက်ခဲ့မယ်ဆိုရင်၊
ပြန်မပေါက်နဲ့တော့၊ အုပ်မြစ်တည်ဖို့ စုဆောင်းထားလိုက်ပါ။

၎။ လူဆိုတာ ကျော်ကြားလာရင်တော့ အတင်းများမှာပဲ၊ အဲဒီ အတင်းတွေကို
ကြောက်ရင် မကျော်ကြားနဲ့ပေါ့၊

မကြွားပါနဲ့

မကြွားပါနဲ့
xxxxxxxx

သင်ချမ်းသာတယ်ဆိုပြီး မကြွားပါနဲ့
ဆေးရုံတက်ရင် ပိုက်ဆံဟာ စက္ကူနဲ့ အတူတူပဲ
သင်အလုပ်ကောင်းတယ်ဆိုပြီး မကြွားပါနဲ့
သင်လဲသွားတဲ့ တစ်နေ့ သင့်ထက်ကောင်းအောင်
လုပ်နိုင်တဲ့လူ တစ်ပုံကြီးပါ။
သင်အိမ်ကောင်းမှန်း မကြွားပါနဲ့
သင်မရှိတော့ရင် သူများအသိုက်ဖြစ်သွားမှာပဲ
သင်ကားကောင်းမှန်း မကြွားပါနဲ့
သင်ထွက်ခွါသွားတဲ့တစ်နေ့၊ ကားသော့က သူများလက်ထဲမှာပါ။
တကယ်လို့ မကြွားရလို့ မနေနိုင်ခဲ့ဘူးဆိုရင်
သင့်ကျန်းမာရေးကို ကြွားနိုင်အောင်ကြိုးစားစမ်းပါ။

စပျစ်ပင်စိုက်ပျိုးနည်းစနစ်များ

စပျစ်ပင်စိုက်ပျိုးနည်းစနစ်များ
================
စပျစ်စိုက်ပျိုးရာတွင် အကြမ်းအားဖြင့် ပင်ထောင်စိုက်နည်း၊ ချုံပုတ်သဏ္ဍန် စိုက်နည်း၊ ကြိုးတန်းတင် စိုက်နည်းနှင့် စင်တင်စိုက်နည်း ဟူ၍ လေးမျိုးရှိသည်။
ပင်ထောင်စိုက်နည်း
များစွာကြီးထွားခြင်းမရှိသော စပျစ်မျိုးများကိုသာ စိုက်ပျိုးသည်။ စပျစ်ပင်များကို တစ်တန်းနှင့် တစ်တန်း ၃-၁၀ ပေ အထိ လည်းကောင်း၊ တစ်ပင်နှင့်တစ်ပင် သုံးပေ ဆယ်ပေအထိလည်းကောင်း ခွာပြီး မျိုးကိုလိုက်၍ စိုက်ပျိုး ကြပါသည်။ စပျစ်ပင်များအမြင့်ငါးပေခန့်ရှိလျှင် တစ်ပင်လျှင် တိုင်တစ်တိုင်စီထူ၍ ကပ်ပြီး ချည်ထားရသည်။
ချုံပုတ်သဏ္ဍန်စိုက်နည်း

ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့ နည်းလမ်း (၁၀)ခု

ကိုယ့်ဒူးကိုယ်ချွန် အောင်မြင်ဖို့
နည်းလမ်း (၁၀)ခု
**********************

ကိုယ့်ထူးကိုယ်ချွန်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ကို လွယ်မယ်ထင်ပါသလား။ မလွယ်ပေမယ့်
ဒီလိုနည်းနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့သူတွေ တကယ်ရှိပါတယ်။
သင်ကိုယ်တိုင်လည်း ကိုယ်ထူးကိုယ်ချွန် သူဌေးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ ဒီစည်းမျဉ်းတွေက ဘယ်နယ်ပယ်မှာမဆို သင့်ကိုအောင်မြင်စေဖို့ အထောက်အကူဖြစ်စေမှာမှာ သေချာပါတယ်။

၁။ စိန်ခေါ်ပြီး လုပ်ဆောင်ပါ။

ဒီနေ့လစာထုတ်ခဲ့ပြီ။

ဒီနေ့လစာထုတ်ခဲ့ပြီ။
အိတ်ဖောင်းဖောင်းလေးနဲ့ Night Out တော့မလို့လား။ မသွားခင် ခဏလေးအချိန်ယူပြီး ဒီစာလေးကို ဖတ်ပေးပါဦးနော်။
ပထမဆုံး အိတ်ထဲက ပိုက်ဆံတွေ ဘယ်လိုရလာလဲ ပြန်တွေးကြည့်ရအောင်။
လွန်ခဲ့တဲ့နှစ်ပတ်လုံးလုံး မနက်အစောကြီး ထရတယ်။ တနေကုန် အလုပ်တွေ တကုန်းကုန်းနဲ့ လုပ်ခဲ့ရတယ်။ တခါတလေ အထက်နဲ့ အဆင်မပြေရင် စိတ်ဆင်းရဲရသေးတယ်။ စောစော ပြန်ချင်ပေမယ့် အိုဗာတင်း သောက်ရသေးတယ်။ အိမ်ရောက်တာနဲ့ အိပ်ယာထဲ ဗုန်းကနဲ ပစ်လှဲခဲ့ရတာ မဟုတ်လား။
ဒီလောက်တောင် ပင်ပင်ပန်းပန်းလုပ်ခဲ့ရတာ ဒီနေ့တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံသင့်တယ်လေ။
ဟုတ်တယ်မလား။ ဒါပေမယ့် ကိုယ့်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့လမ်းမှာ ဘာမှ အထောက်အကူမဖြစ်တဲ့ ဒီအပေါ်ယံသာယာမှုတွေနဲ့ပဲ ကိုယ် ပင်ပင်ပန်းပန်းရှာခဲ့ရတဲ့ ငွေတွေကို ဖြုန်းတီးလိုက်တော့မှာလား။

လုပ်ငန်းခွင်ထဲမှ သတိထားရမဲ့သူ(၈)မျိုး

✔ စီးပွားရေးလုပ်ငန်းတွေလုပ်ပြီး ဘ၀မှာ အောင်မြင်ချင်တယ်ဆိုရင်တော့ သင်ဟာလူပေါင်းစုံနဲ့ မဖြစ်မနေ ပေါင်းသင်းဆက်ဆံတတ်ဖို့ လိုပါတယ်။✌ ✌

✔ ဒီလိုပေါင်းသင်းတဲ့အခါ သင့်ကို အကျိုးဖြစ်စေမဲ့လူတွေရှိနိုင်သလို သင့်ကို စိတ်ပျက်အားလျော့စေမဲ့လူတွေ လဲရှိနိုင်ပါတယ်။

✔ ဘယ်လိုလူမျိုးတွေကို သင့်အနေနဲ့ သတိထားပေါင်းသင်းရမလဲဆိုတာက တော့ …

၁. အချိန်ပြည့် အပြစ်ရှာနေသူ

ယုံကြည်ခြင်း ရှိဖို့က အရေးကြီးဆုံး

ယုံကြည်ခြင်း ရှိဖို့က အရေးကြီးဆုံး
=====================
.
အကြွေးရှင်တွေကလည်း သူ့နောက်ကို တစ်ကောက်ကောက်လိုက်နေကြတယ်။ ကုန်သည်တွေကလည်း ပစ္စည်းဖိုးတွေချေဖို့ နားပူနားဆာလုပ်နေကြပြီ။ ဒီတော့ အကြံအိုက်နေတဲ့ သူဌေးကြီးဟာ ပန်းခြံလေးတစ်ခုထဲက
.
ခုံလေးပေါ်မှာ ထိုင်ပြီး ခေါင်းတစ်ကုတ်ကုတ်နဲ့ စဉ်းစားနေတော့တယ်။ သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်ပြီး နာလန်ထူလာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ ဆိုပြီးပေါ့။
.
ရုတ်တစ်ရက်ဆိုသလိုပဲ အဖိုးအိုကြီး တစ်ယောက်ဟာ သူ့နောက်ကနေ ရောက်လာပြီး “မင်းတစ်ခုခု ပြဿနာတက်နေတယ် ဆိုတာ ငါသိတယ်ကွ” ဆိုပြီး ပြောပါတယ်။

ဘဝကို ပြောင်းလဲစေနိုင်လောက်တဲ့ Steve Jobsရဲ့ နာမည်ကျော်မိန့်ခွန်း

ဘဝကို ပြောင်းလဲစေနိုင်လောက်တဲ့ Steve Jobsရဲ့
နာမည်ကျော်မိန့်ခွန်း

“တစ်ခါတစ်လေမှာ လောကကြီးက သင့်ကိုအုတ်ခဲနဲ့
ပေါက်လိမ့်မယ်။ ဒါပေမယ့် သင့်ရဲ့ယုံကြည်ချက်တွေတော့
မပျောက်သွား ပါစေနဲ့။ သင်တစ်ခုခုကိုတော့ ယုံနေမှဖြစ်
မယ်။ သင့်ကိုယ်သင်၊ သင့်ယုံကြည် ချက်၊ သင့်ဘဝ၊
သင့်ကံကြမ္မာ ဘာပဲဖြစ်ဖြစ် သင့်မှာ ယုံကြည်ချက်
တစ်ခုတော့ ရှိနေဖို့လိုတယ်။ ကျွန်တော့် တစ်ဘဝလုံး
ကျွန်တော့်ကို ရှေ့ဆက်လျှောက်စေခဲ့တဲ့ အရာကတော့
ကျွန်တော် ချစ်မြတ်နိုးတာကို လုပ်ကိုင်ခဲ့ခြင်းပါပဲ။
သင်ကြိုက်နှစ်သက်တာကို သင်ရှာဖွေဖို့ လိုပါတယ်။

ဦးနှောက်ကိတ်ဖို့စာဖတ်စို

#ဦးနှောက်ကိတ်ဖို့စာဖတ်စို့

စာအုပ်က
နှုတ်ခမ်းနီပါးနီ
အလှပြင်ပစ္စည်းမဟုတ်ပါဘူး။
ဒါပေမယ့် မိန်းကလေးရဲ့ရုပ်ရည်ကို
အမြဲပေါ်လွင်စေနိုင်တယ်။

စာအုပ်က
တုတ်ဓားလက်နက်မဟုတ်ပါဘူး။
ဒါပေမယ့် မိန်းကလေးကို
ခွန်အားရှိထည်ဝါစေနိုင်တယ်။

သူတောင်းစားလေးတစ်ယောက်ရဲ့ ပုံပြင်

သူတောင်းစားလေးတစ်ယောက်ရဲ့ ပုံပြင်
xxxxxxxxxxxxxxxxxxxxxxxxxxxxxx

သဏ္ဍရီပုံပြင်လေးပါ။ ကြိုက်နှစ်သစ်လို့ တင်ပေးလိုက်ပါတယ်။

ရှေးရှေးတုန်းက တရုတ်ပြည်မြောက်ပိုင်းမှာ စစ်ဘေးစစ်ဒဏ်ကြောင့် တနယ်တကျေးမှာ လေလွင့်ပြီး တောင်းရမ်းစားသောက်နေတဲ့ သူတောင်းစား လူငယ်တစ်ယောက်ရှိပါတယ်။ အဲဒီလူငယ်ဟာ သူတောင်းစားဘ၀ကနေ ရုန်းထွက်ချင်ပေမဲ့ လယ်မရှိ ယာမရှိ အလုပ်လုပ်စရာလည်း ရှာမရတာကြောင့် တောင်းရမ်းစားသောက်နေရပါတယ်။ တောင်းရမ်းစားသောက်တဲ့ဘ၀ကနေ အမြန်လွတ်ရုန်းချင်တာမို့ တောင်းရမ်းလို့ရတဲ့ ဆန်စပါး အပိုလေးတွေကို စပါးကျီဟောင်းတစ်ခုထဲမှာ စုဆောင်းထားပါတယ်။
ဒါပေမဲ့ ကြွက်တွေခိုးစားတာနဲ့ ကုန်ကုန်သွားပါသတဲ့၊ သူတောင်းစားလေးဟာ အလွန်စိတ်ဆိုးပြီး ညတစ်ညမှာ ကြွက်ကို စောင့်ဖမ်းပါတော့တယ်။ ကြွက်ကိုဖမ်းမယ်ပြုလိုက်၊ ကြွက်ကထွက်ပြေးလိုက်နဲ့ သူတောင်းစားလေး တော်တော်မောပမ်းသွားပါတယ်။ ဒါနဲ့ စာပါးကျီနားမှာ အိပ်ပျော်သွားပါတယ်။

“ဆင်းရဲခြင်းကအကောင်းဆုံးအတွေ့အကြုံဖြစ်ပါတယ်”

“ဆင်းရဲခြင်းကအကောင်းဆုံးအတွေ့အကြုံဖြစ်ပါတယ်”
ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် ... နန်းတို့အဝေးဆုံးရှောင်ပြေးသင့်တဲ့အရာကလဲ ဆင်းရဲခြင်းပါပဲ”
.
ဖတ်ပြီးတော့ “အရမ်းမှန်တယ်” လို့ခံစားရပါတယ်
ဆင်းရဲခြင်းက နန်းတို့ကို အရာတော်တော်များများသင်ပေးနိုင်တယ်
ဘယ်လောက်ထိများလဲ ဆိုတော့ သူ့ကို ကျေးဇူးတင်ရလောက်အောင် များပါတယ်
ပြီးတော့ လူတွေကို ရှေ့ဆက်လှမ်းနိုင်အောင် နောက်ကနေတွန်းထုတ်တဲ့အရာတစ်ခုလဲဖြစ်ပါတယ်
ဟုတ်ပါတယ် ... နန်းဆိုလိုချင်တာက
“ဆင်းရဲခြင်းဆိုတဲ့တွင်းကနေ အပြင်ကိုထွက်နိုင်အောင်တွန်းထုတ်တာပါ”
.
ဘယ်လောက်မှ ချမ်းသာတယ်လို့ပြောမှာလဲ ??
ဒီအဖြေကတော့ ဖြေရတာအရမ်းခက်ပါတယ်
ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် အတွေးတွေမတူပါဘူး

လူတွေ ဘာနဲ့ နေ

* လူတွေ ဘာနဲ့ နေ
==============
( What Men Live By )
=================

... တစ်ခါက ဆိုင်မွန် လို့ ခေါ်တဲ့ ဖိနပ်ချုပ်သမား တယောက်က သူစိမ်းတစ်ယောက် လမ်းမှာ လဲ နေတာကို ကယ်ပြီး အိမ်ခေါ်လာတယ်။ ဆင်းရဲလို့ စားစရာမရှိရတဲ့အထဲ ပါးစပ်တစ်ပေါက် ပိုခေါ် လာရမလား ဆိုပြီး ဆိုင်မွန့်  မိန်းမ က အစ က မကြည်ဖြူပါဘူး။ နောက်တော့ ဆိုင်မွန် က သေမဲ့ လူကယ်တာ ဘုရားသခင်ရဲ့ အလိုအတိုင်းပါလို့  ဆိုလိုက်တော့မှ ဆိုင်မွန့် မိန်းမ စိတ်ပြောင်းသွားပြီး မရှိရှိတာချ ကျွေးပါတော့
တယ်။ အဲ့ဒီမှာ သူစိမ်း လူက မှုန်ကုပ်ကုပ်ဖြစ်နေ ရာ က တစုံတခု သိသွားသလို ပြုံးလိုက်ပါတယ်။ (ပထမ အပြုံး )

များများကြီးကိုလွဲနေတယ်



Myo Nyunt Thein added 2 new photos.

များများကြီးကိုလွဲနေတယ်
မနေ့ကတည်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကယားပြည်နယ် ဒေသခံ လူငယ်များ ဆွေးနွေးချက်ကို တိုက်ရိုက်ထုတ်လွှင့်မယ်ဆိုတာ သိပေမယ့် ထိုင်ကြည့်ပြီး နားထောင်နိုင်ဖို့ အချိန် မပေးခဲ့ဘူး။ နေ့လယ်လောက်ရောက်တော့ မိတ်ဆွေတစ်ယောက်နဲ့ အတွေ့မှာ
“ဆရာရေ … ဆရာ့အကြိုက်ပဲ … ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ ပညာရေးအမြင်”
ပိုပြီးတော့ စိတ်ဝင်စားမိပြန်တယ်။ ဒီနေ့မနက်တော့ သတင်းစာသွားယူပြီး အလောတကြီးရှာ ဆွေးနွေးချက် တွေကို အားရပါးရ ထိုင်ဖတ်မိပါတယ်။ တွေ့ပါပြီ
“ပညာရေးနဲ့ ပတ်သက်လို့ ဒီနိုင်ငံဟာ သိပ်ပြီးတော့ အဆင့်အတန်း နိမ့်သွားတာ အကြောင်းနှစ်ခုရှိပါတယ်” တဲ့ဗျာ။

ဆီလီကွန်အရုပ်မတွေနဲ့နေတဲ့ အိမ်ထောင်ရေးအတွေ့အကြုံကိုပြောပြခဲ့သူ ဂျပန်အမျိုးသား

ဆီလီကွန်အရုပ်မတွေနဲ့နေတဲ့ အိမ်ထောင်ရေးအတွေ့အကြုံကိုပြောပြခဲ့သူ ဂျပန်အမျိုးသား
ပြီးခဲ့တဲ့အပတ်က ဂျပန်နိုင်ငံက အမျိုးသားများအနေနဲ့ Sexအရုပ်မများကို ၀ယ်ယူမှုများပြားနေကြပြီး တစ်နှစ်လျှင်ပျမ်းမျှ (၂၀၀၀) Sexအရုပ်မများ ရောင်းချရနေရတယ်လို့ သတင်းတစ်ပုဒ်တက်လာခဲ့ပါတယ်။ အဆိုပါ Sex အရုပ်မတွေကို ၀ယ်ယူတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရေးသုခအပြည့်အ၀မရတဲ့သူတွေ၊ အိမ်ထောင်မပြုချင်တဲ့ လူပျိုတွေ၊ မုဆိုး ဖိုတွေဖြစ်ကြပြီး အချို့ယောကျာ်းတွေ ဆိုရင် Sex အရုပ်မတွေကို ရိုမန်တစ်ဆန်ဆန်ချစ်ခင်နေကြပြီး ပျော်ရွှင်မှုတွေ လည်း ရနေခဲ့ကြတယ်လို့ ဆိုကြပါတယ်။