Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 30, 2016

ဝံပုလွေရဲ့ချစ်ခြင်းမေတ္တာ

ဝံပုလွေရဲ့ချစ်ခြင်းမေတ္တာ
--------------------------
ဒါဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ…
.
မွန်ဂိုရီးယားမြက်ခင်းလွင်ပြင်ပေါ်က ဝေးခေါင်တဲ့နေရာတစ်နေရာမှာ ရွာလေးတစ်ရွာရှိတယ်။ အိမ်ခြေအနည်းငယ်သာရှိတဲ့ ရွာတစ်ရွာဖြစ်တယ်။ အဲဒီရွာလေးမှာ ဝံပုလွေရဲ့ကြီးကျယ်မြင့်မြတ်တဲ့ချစ်ခြင်းကို ကျွန်တော်ကိုယ်တွေ့ တွေ့မြင်ခဲ့ရတယ်။
.
မုဆိုး “အာလာထူ”က လွင်ပြင်ပေါ်မှာ ဝံပုလွေဖိုတစ်ကောင်ကို ဖမ်းမိခဲ့တယ်။ မွန်ဂိုရီးယားလူမျိုးတွေက ဝံပုလွေကို သူတို့မျိုးနွှယ်စုရဲ့ယုံကြည်ကိုးကွယ်ရာအဖြစ် တလေးတစားထားကြသူတွေမို့ ဝံပုလွေကို မဖမ်းဆီးတတ်ကြဘူး။ အာလာထူက မွန်ဂိုရီးယားလူမျိုးမဟုတ်ပါဘူး။ သူဟာ ဖမ်းလာတဲ့ဝံပုလွေကို ခိုင်ခန့်တဲ့လှောင်အိမ်တစ်ခုထဲ ထည့်ထားတယ်။ ဝံပုလွေရဲ့ပါးစပ်ကို သံကြိုးနဲ့ ခိုင်ခိုင်မာမာချည်ထားတယ်။

သင်စိတ်ဖိစီးမူ ဖြစ်ပေါ်နေပါသလား

သင်စိတ်ဖိစီးမူ ဖြစ်ပေါ်နေပါသလား
++++++++++++++++++++

တစ်ခါတစ်လေမှာ ဘာအကြောင်းမှ မရှိပဲ အလိုလို စိတ်ညစ်နေတာမျိုး သင်ခံစားမိဖူးပါသလား။ အောက်ပါအချက်နဲ့တိုက်ကြည့်ပါ။

၁။ ဘာမှ လုပ်ချင်စိတ် မရှိဘူး။

၂။ ကိုယ့်ဘ၀ ဘာမှ အဓိပ္ဗါယ် မရှိဘူး။

၃။ ဖြစ်နိုင်ရင် ကိုယ်ယောင်ဖျောက်ပစ်ချင်တယ်။

၎။ အသက်တောင်မရှင်ချင်တော့သလိုပဲ။

၅။ အမြင့်ကြီးကနေ အောက်ကို ငုံ့ကြည့်ရတာ စိတ်ပျော်နေသလိုပဲ။

''How အကြောင်းတစ်စေ့တစ်စောင်း''

 ဆရာဦးဇော်ဝေ

''How အကြောင်းတစ်စေ့တစ်စောင်း''
*How ကို သုံးပြီးအရေးအသားနဲ့
အပြောစကားတွေလေ့ကျင့်ကြည့်ရအောင်။
အရင်ကလည်း တစ်ခါရေးဖြစ်တယ်ထင်ပါတယ်။
လွယ်ပါတယ်။
ပိုမှတ်မိတာပေါ့။

*How ကို သာမန်အားဖြင့်
ဘယ်လိုလဲ ။
ဘယ်ပုံလဲ။
ဘယ်နည်းလဲ။
ဆိုပြီးသိထားတာပေါ့။
ဟုတ်ပါတယ်။
ဒါပေမယ့် နောက်တစ်မျိုးအနေနဲ့လည်း
ထပ်မံပြီးမှတ်ပေးပါဦး။

လျှို့ဝှက် လူသတ်သမားများ


Zaw Win Naing added 5 new photos.

လျှို့ဝှက် လူသတ်သမားများ
=====================
++++သု့ရဲ့ အပေါက်ထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ မဲနေတာကြောင့် ကိုအောင်နိုင်တစ်ယောက် တွေသွားတယ်..........
ကိုအောင်နိုင်တစ်ယောက် ညနေ ထမင်းစားတော့ မလို့ ကြောင်အိမ်လေးကို ဖွင့်ကြည့်တော့ မနက်က အမေချက်ထားတဲ့ ဟင်းက သိပ်မကျန်တော့တာ တွေ့ရတယ် အံမယ် သူ့အဖို့က ဟင်းမကျန်လည်း ကိစ္စမရှိဘူး ညနေဘက်ဆိုရင် ကြက်ဥကို ခရမ်းချဉ်သီးလေး လှီးထည့်ပြီး ဇွန်းနဲ့ နာနာ ခလောက် ပြီးရင် ဆီလေးနဲ့ကြော် ထားတဲ့ ကြက်ဥ မွှေကြော် ပူပူလေးနဲ့ ထမင်းစားရတာကို သူက သိပ်သဘောကျတာကလား

Monday, August 29, 2016

စာဖတ်ခြင်း နှင့် ဘ၀ပုံရိပ်

စာဖတ်ခြင်း နှင့် ဘ၀ပုံရိပ်

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”

✏Memory stick ပြုပြင်နည်း✏

✏Memory stick ပြုပြင်နည်း✏

-ဒီတစ်ခါတော့လူသုံးလည်းများ အပျက်လည်းများတဲ့ Memory stickတွေအကြောင်းကိုကျနော်သိတာလေးတွေကို ပြန်ပြီး မျှဝေလိုက်ပါတယ်
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်-

ဘယ်လိုခွင့်လွှတ်ကြမလဲ ?

ဘယ်လိုခွင့်လွှတ်ကြမလဲ ?

=================

နေ့စဉ်ဘ၀မှာ စိတ်တိုစရာကိစ္စတွေကို တော်တော်လေး တွေ့ရပါတယ်။
ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကျနော်တို့ကို စိတ်တိုအောင်လုပ်နေတဲ့ လူတွေ၊ အဖြစ်အပျက်တွေက တော်တော်များပါတယ်။
အဲဒါတွေ အားလုံးကိုသာ စိတ်တိုနေရမယ်ဆိုရင် ကျနော်တို့ မြန်မြန် အသက်တိုရလိမ့်မယ်ထင်တယ်။

အထက်တန်းမပြီးခင်မှာပဲ ဒေါ်လာ ၁သိန်းရှာနိုင်ခဲ့သူရဲ့ သင်ခန်းစာယူဖွယ် ဖြစ်ရပ်

 သုတဇုန် added 5 new photos.

အထက်တန်းမပြီးခင်မှာပဲ ဒေါ်လာ ၁သိန်းရှာနိုင်ခဲ့သူရဲ့ သင်ခန်းစာယူဖွယ်
ဖြစ်ရပ်
=======================================
ရေးသားသူ - ကိုညီညီ တောင်ကြီး (https://www.facebook.com/profile.php?id=100008354461942)
“ မိန်းမရေ .. ဒီမှာလာကြည့်ဦး။ မင်း သားတော့ ထောင်ကျတော့မယ် ”
.
“ ရှင်တို့သားအဖ ဘာဖြစ်နေတာလဲ? အလန့်တကြားနဲ့ ”
.
“ ဒီမှာလေ .. ဒေါ်လာ ( ၁ဝဝဝဝဝ ) ..။ သူ့ဘဏ်စာအုပ်ထဲရောက်တယ်လေ။ သူ့လို ( ၁၆ ) နှစ်သားကျောင်းသားတစ်ယောက်က ငွေတစ်သိန်း ဘယ်ကရမှာတုန်း ”
.
.
“ သား ရှင်းပြမယ် ပါပါ ”

မနေ့က လိုင်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ စကားပြောမိပြီး ဒီနေ့ ရုပ်ရှင်ရုံရှေ့မှာချိန်းထားတာလေ။


Ye Oo added 2 new photos.Follow

မနေ့က လိုင်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့ စကားပြောမိပြီး ဒီနေ့ ရုပ်ရှင်ရုံရှေ့မှာချိန်းထားတာလေ။ ပုံထဲမှာကောင်မလေးက စွန်းချောလေး၊ ကိုယ်တွေရုပ်ရှင်ရုံရှေ့မှာ ရင်ခုန်သံတွေမြန်နေပြီ ငတိမက ရောက်မလာသေး။ အတော်ကြာမှ ဖုန်းကောက်မြည်လာတယ်။
" ဘယ်နားမှာလဲ ရောက်နေပြီလေ "
" ကျနော်ရုပ်ရှင်ရုံရှေ့မှာလေ "
" တို့လည်း ရုပ်ရှင်ရုံရှေ့မှာလေ၊ အော်တွေ့ပြီ "
ကလောက် ဖုန်းကျသွားတယ်။ သူကသာတွေ့ပြီပြောတာ ကိုယ်က သူ့ကိုမတွေ့။ ဟိုကြည့်ဒီကြည့်ရှာနေတုန်း သစ်ပင်ပေါ်က မျောက်ပြုတ်ကျသလို ဘုတ်ကနဲ ကိုယ့်ရှေ့ခုန်ပြီးလာရပ်တယ်။
"အောင်မလေး ကလူကလူ "
အရပ်ပုပု အသားမဲညိုညို မိတ်ကပ်တွေဖွေးလို့။ ဒီကြားထဲ EYE LINER ကလည်း ချယ်ထားတာမဲလို့ ။ နှုတ်ခမ်းနီက ရဲတောက်၊ ရုတ်တရက် တရဲ လို့ မအော်မိအောင် ဘရိတ်အုပ်လိုက်ရတယ်။
" ကွီး ရောက်နေတာကြာပြီလား "

ကလေးကို_မရိုက်ပါနှင့်

#ကလေးကို_မရိုက်ပါနှင့်
----------------------------------------ဒေါက်တာရဲ (ကလေးအထူးကုဆရာဝန်)
လွန်ခဲ့သော ၁၀ နှစ်ခန့်က ဖြစ်ပါသည်။ မကွေးဆေးရုံကြီးတွင် ညတာဝန်ကျသော အလုပ်သင်ဆရာဝန်လေးများ နံနက်ပိုင်းတွင် ကျွန်တော့်ဆီ ညတာဝန်ကျအစီရင်ခံစာ လာတင်ကြသည်။ ဖျား၍ ဆေးရုံတက်ရသော ကလေးတစ်ယောက်
က ယခင်က ကျောရိုးကို ဓာတ်မှန်ရိုက်ထားဖူးတာ တွေ့ရသည်။ ဘာဖြစ်ခဲ့လို့လဲလို့ မေး၍ သူတို့ဆီက အဖြေရတော့ ပါးစပ်အဟောင်းသားဖြစ်ရသည်။ ကလေးအမေက ကလေးကျောကို ၀ါးခြမ်းပြားနှင့် ရိုက်ထားသည်တဲ့လေ။ အခု
ကလေးက လမ်းကောင်းကောင်း မလျှောက်နိုင်။ ကလေးကို ၀ါးခြမ်းပြားဖြင့် ရိုက်ခြင်းသည် တိုးတက်ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွင် လက်ခံနိုင်စရာအပြုအမူတစ်ခု မဟုတ်တော့ပါ။

Sunday, August 28, 2016

"ယဉ်ကျေးတဲ့တိုင်းပြည်က မယဉ်ကျေးမှုများ"


Poe Phyu Thant

"ယဉ်ကျေးတဲ့တိုင်းပြည်က မယဉ်ကျေးမှုများ"
တခါက နိုင်ငံခြားသူလေးတစ်ယောက်က ပြောဖူးတယ်.. တချို့အာရှသူ၊ အာရှသားတွေက အင်္ဂလိပ်စကားမပီဘူးတဲ့.. ကိုယ်ကတော့ နင်တို့ အင်္ဂလိပ်တွေက ဘယ်လောက်တော်နေလို့ ဘာညာလည်း စကတ်စွန်တောင်စွဲ ရန်မတွေ့မိပါဘူး.. အေးအေးဆေးဆေးလေးနဲ့ ခပ်ပြုံးပြုံးလေးပဲ ပြန်မေးခဲ့တယ်..
"နင်က အင်္ဂလန်မှာမွေး၊ အင်္ဂလန်မှာ ကြီးတာကိုး.. နင် အာရှဘာသာစကားပြောရင်ကျ Native Speaker တစ်ယောက်လို ပီမယ်လို့ နင့်ကိုယ်နင် ယုံကြည်မှု ရှိသလား.. ဒါပေမယ့် နင်စကားမပီရင်တောင် အာရှသားတွေက လှောင်မှာထက် နင်ကြိုးစားပြောပုံလေးကို ချစ်မှာ.." လို့ ပြောတော့ သူ ခေါင်းငုံ့သွားတယ်..
ခဏနေတော့ "ဆောရီး ပိုး၊ ငါ ပြောတာ မှားသွားတယ်" တဲ့.. ချက်ချင်းအမှားဝန်ခံတယ်..

ယနေ့ခေတ်ကလေးများ ကျောင်းပညာရေးကြောင့် ဉာဏ်ရည်နိမ့်လာရခြင်း အကြောင်း

ယနေ့ခေတ်ကလေးများ ကျောင်းပညာရေးကြောင့် ဉာဏ်ရည်နိမ့်လာရခြင်း အကြောင်း
--------------------

ဒီကနေ့ ကျွန်တော် ခင်ဗျားတို့ကို လှို့ဝှက်ချက်တစ်ခုလောက် မျှဝေချင်မိတယ်။ ပြီးတော့ ဒီကိစ္စဟာ လူအများစု သဘော တွေ့စေမယ့် အကြောင်းအရာလည်း မဟုတ်ဘူး။ သို့ပေမယ့် တချိန်ထဲမှာလည်း ဒီကိစ္စဟာ အရမ်း အရေးကြီးတဲ့အတွက် ကျွန်တော် ပြောမှကို ဖြစ်မယ့်ကိစ္စ ဖြစ်တယ်။

လှို့ဝှက်ချက်ကတော့ "ကလေးတွေ ကျောင်းကို တစ်ရက်သွားတိုင်း သွားတိုင်း သူတို့ရဲ့ ဉာဏ်ရည်ဟာ နိမ့်ကျလာတယ် ဆိုတာပါပဲ။"

ဘဝ နိမ့်ခြင်း မြင့်ခြင်း၏ အကြောင်းရင်း

ဘဝ နိမ့်ခြင်း မြင့်ခြင်း၏ အကြောင်းရင်း

++++++++++++++++++++++++

ကိုယ့်ဘဝကိုယ် တန်ဖိုးရှိတာကိုလည်း သိရမယ်။ သိသည့်အားလျော်စွာ တန်ဖိုးရှိစွာနဲ့လည်း အသုံးချတတ်ရမယ် ဟုတ်လား။ ဒါမှ တစ်ဆင့်ထက်တစ်ဆင့် မြင့်မယ် မဟုတ်လား။

တန်ဖိုးရှိတဲ့ဘဝလေး လက်လွတ် ဆုံးရှုံးသွားမယ်ဆိုရင်ဖြင့်ပေါ့လေ၊ ကိုယ့်ဘဝတစ်ခုကို မြင့်တယ် နိမ့်တယ်၊ မြင့်အောင်လုပ်တယ်ဆိုတာ ဘယ်သူမှ လုပ်တာမဟုတ်ဘူး ကိုယ်ကလုပ်တာ။

စာဏကျနီတိဆရာတော်က ဒီအတိုင်းဆိုတယ်။

ကြုံလာရမဲ့ အရာ

ကြုံလာရမဲ့ အရာ
***************

'' ဒေါသဖြစ်စရာတွေ ကြုံလာရတဲ့ အခါ ''
~~~~~~~~~~~~~~~~~~~~

တချိန်က လူတချို့ရဲ့ ကောင်းကွက်လေးတွေ ပြန်တွေး
ကြည့်ပေးပါ
လူဆိုတာလဲ အကောင်း အဆိုး ရှိတယ်ဆိုတာ အမှတ်ရပါ

'' ပျော်ရွင်စရာတွေ ကြုံလာရတဲ့ အခါ ''

လူတိုင်းသိသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှု

လူတိုင်းသိသင့်တဲ့ ငွေကြေးစီမံခန့်ခွဲမှု
--------------------------------------------------

ငွေကိုစီမံခန့်ခွဲတယ်ဆိုတာ အရမ်းကိုချမ်းသာတဲ့သူတွေမှ မဟုတ်ပါဘူး။ လူတိုင်း စီမံခန့်ခွဲဖို့ လိုပါတယ်။ ကိုယ်ရနေတဲ့ဝင်ငွေ
အပေါ်မူတည်ပြီး သုံးစွဲရမယ့်ပုံစံတွေ၊ စုဆောင်းရမယ့် ပုံစံတွေဆိုတာ ရှိကိုရှိသင့်ပါတယ်။ မဟုတ်ရင် မရည်ရွယ်ဘဲ သုံးမိရာကစလို့
ကိုယ့်အတွက် ငွေအသုံးကြပ်တယ်ဆိုတာမျိုးတွေ၊ တခြားသော ငွေကြေးဆိုင်ရာ အခက်အခဲမျိုးတွေ ကြုံရတတ်ပါတယ်။

သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အခြားသူတွေအကဲဖြတ်နိုင်သည့် လုပ်ရပ်များ

သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အခြားသူတွေအကဲဖြတ်နိုင်သည့် လုပ်ရပ်များ
-----------------------------------------------------------------------------------------

လူနှစ်ဦးတွေ့ဆုံကြချိန်မှာ တစ်ယောက်နဲ့တစ်ယောက်နှိုင်းယှဉ်တတ်ကြပါတယ်။ ရိုးသားမှု၊ ဉာဏ်ရည်၊ စိတ်ရင်းစေတနာ စတာတွေနဲ့ ပတ်သက်ပြီး အကဲခတ်လေ့ရှိပါတယ်။ ကောင်မလေးနဲ့ ချိန်းတွေ့တာပဲဖြစ်ဖြစ် အလုပ်အင်တာဗျူးဖြေတာပဲဖြစ်ဖြစ် လက်ဆွဲနှုတ်ဆက်တာနေစပြီး ဖုန်းကိုကိုင်တဲ့အကြိမ်အထိ သင်လုပ်သမျှ အမူအယာနဲ့ လုပ်ရပ်တိုင်းမှာ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို တဖက်လူက အကဲဖြတ်နေတယ်ဆိုတာ သင်သိပါသလား။ ဒါ့ကြောင့် ဆင်ခြင်နိုင်ဖို့ရာ လူတွေကြည့်ရှုအကဲဖြတ်လေ့ရှိတဲ့ လုပ်ရပ်တွေကို လေ့လာထားဖို့ လိုပါတယ်။

ကြိုးမဟုတ်တဲ့ကြိုး

ကြိုးမဟုတ်တဲ့ကြိုး

တစ်ခါကရွာတစ်ရွာရဲ့အစွန်အဖျားမှာနေတဲ့
ဆင်းရဲတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ တောထဲကထင်းခြောက်တွေကိုကောက်ပြီး ခပ်လှမ်းလှမ်းက ဈေးတစ်ခုမှာရောင်းချခြင်းနဲ့အသက်မွေးဝမ်းကျောင်း
ပြုပါတယ်။

သူ့မှာ တော်တော်အသုံးဝင်တဲ့ ထင်းသယ် မြည်းကလေးတစ်ကောင်လဲ ရှိတယ်။ ထင်းကောက်သမားဟာ သူကောက်လို့ရသမျှထင်းခြောက်တွေကို ဒီမြည်းကလေးပေါ်တင် ဈေးအထိသွားပြီး ရောင်းချရလေ့ရှိတယ်။

အာဟာရရှိတဲ့တေးဂီတ (မူရာကာမီ)

အာဟာရရှိတဲ့တေးဂီတ (မူရာကာမီ)
--------------------------------------
Wim Wenders ရဲ့ရုပ်ရှင် “Buena Vista Social Club” ကို ကျွန်တော်ကြည့်လိုက်တယ်။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှထပ်လောင်းပြောစရာ မလိုအပ်ဘူးလို့ထင်တယ်။ ဒီရုပ်ရှင်က အမေရိကန်ဂီတပညာရှင် “Ry Cooder” ဟာ နှစ်ပေါင်းများစွာ မေ့လျော့ခံထားရတဲ့ ဒဏ္ဍာရီထဲက ကျူးဘားနာမည်ကျော်အနုပညာပါရမီရှင်နဲ့ အဆိုရှင်တွေကို လိုက်လံရှာဖွေပေါင်းစည်းတာကို ဖော်ညွှန်းထားတဲ့ရုပ်ရှင်ဖြစ်တယ်။ ဒေသခံနယ်ခံမှာရိုက်ကူးပြီး အခွင့်အရေးရခိုက် နိုင်ငံရပ်ခြားမှာ အောင်အောင်မြင်မြင်ဖြေဖျော်တဲ့ ဖြစ်စဉ်တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ “တေးဂီတမှတ်တမ်းကား”တစ်ကားဖြစ်တယ်။ အဲဒီကားမှာပါဝင်တဲ့ ဂီတပညာရှင်တိုင်းဟာ အင်မတန်ဆွဲဆောင်မှုရှိသူတွေဖြစ်တယ်။ တေးဂီတကလည်း သာယာနာပျော်ဖွယ် သက်ဝင်လှုပ်ရှားတာမို့ သင့်ကိုမကြည့်ရမနေနိုင်အောင် နက်နက်နဲနဲညှို့ငင်ဖမ်းစားပါတယ်။

“ဝေဖန်တာတွေအတွက် စိတ်လှုပ်ရှားပေမယ့် ဘာပဲပြောပြော ပျော်ရပါတယ်”ဆိုတဲ့ လုလုအောင်

“ဝေဖန်တာတွေအတွက် စိတ်လှုပ်ရှားပေမယ့် ဘာပဲပြောပြော ပျော်ရပါတယ်”ဆိုတဲ့ လုလုအောင်

အလှဓာတ်ပုံတွေနဲ့ အတူ လတ်တလောမှာ နာမည်ကျော်ကြား ရေပန်းစားနေတဲ့ လုလုအောင်ကို ကျွန်တော်တို့ ရိုးရာလေးကနေ ဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါတယ်။ အမေးအဖြေ အစီအစဉ်တွေကို ရိုးရာလေး စာဖတ်သူတွေ သိရအောင် ပြန်လည် မျှဝေလိုက်ရပါတယ်။

“အဖွဲ့ ကြီးကြီးသေးသေး..ခေါင်းဆောင်ကောင်း တစ်ယောက် လုပ်ရမှာတွေ...”

“အဖွဲ့ ကြီးကြီးသေးသေး..ခေါင်းဆောင်ကောင်း တစ်ယောက် လုပ်ရမှာတွေ...”

မနေ့ က စာအုပ်တစ်အုပ်ဖတ်ဖြစ်တယ်..Financial Times က ထုတ်ဝေခဲ့တဲ့ Graham Yemm ရေးတဲ့  “Leading Your Team”(သင့် အဖွဲ့ ကို ဦးဆောင်ခြင်း)ဆိုတဲ့ စာအုပ်ပါ.. အဲဒီအထဲမှာပါတဲ့  “Your role as a leader" (ခေါင်းဆောင်တစ်ယောက်အနေနဲ့ မင်းရဲ့ အခန်းကဏ္ဍ)ဆိုတဲ့ အခန်းကို ဖတ်ကြည့် တော့ သဘောကျတယ်။
အဖွဲ့ သေးသေးလေးပဲ ဖြစ်ဖြစ်၊အဖွဲ့ အစည်းအကြီးကြီးကိုပဲ ဖြစ်ဖြစ် ကိုယ်ကဦးဆောင်တဲ့ နေရာမှာနေရရင် ဒီအချက်အလက်တွေက အသုံးကျမယ်ထင်လို့ ဝေမျှပေးလိုက်ပါတယ်..

အိမ်ထောင်ရေး မသာယာတာ ဒီအချက်များကြောင့်

အိမ်ထောင်ရေး မသာယာတာ ဒီအချက်များကြောင့်

၁။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်က မပြင်ပေးနိုင်ဘူး

လူတိုင်းမှာ အားနည်းချက် ကိုယ်စီ ရှိကြတယ်။ လင်ယောင်္ကျားလည်း သူ့အားနည်းချက် ရှိမယ် ဇနီးသည်လည်း ဇနီးသည် အားနည်းချက် ရှိလိမ့်မယ်။ ဒီလိုအားနည်းချက် ရှိတာကို တစ်ယောက်ကို တစ်ယောက် မပြုပြင်ပေးဘဲ တစ်ယောက်ရဲ့ အားနည်းချက်ကို ဖိနှိပ်ပြီး အနိုင်ယူမယ် အနိုင်ကျင့်ကြမယ်။ ကိုယ်ယူထားတဲ့ အိမ်ထောင်ဖက် အချင်းချင်းတောင်မှ အားနည်းချက်ကို မပြင်ပေးဘဲ ဖိနှိပ်နေမှတော့ ဘေးလူဆို ပိုလို့တောင် ဆိုးမှာပေါ့။ ဒီလိုဆိုရင်လည်း အိမ်ထောင်ရေး ဘယ်သာယာပ မလဲလေ။

မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ

မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ

ဖတ်သင့်မှတ်သင့်တဲ့ စာစုလေးတွေပါ။

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်းသီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေမလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘ၀မျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲ???

တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘ၀မျိုးဖြစ်အောင် ဘယ်လိုလုပ်မလဲ???
----------------------------------------------------------------------------------

တစ်နေ့မှာ သင်ဖြစ်ချင်တဲ့ ဘ၀ကို ရောက်ရှိဖို့၊ ရောက်ရှိအောင် လုပ်နိုင်ဖို့အတွက် ဘာတွေကိုပြင်ဆင်ထားဖို့ လိုမလဲဆိုတာကို သိထားဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့အားလုံးမှာ အတုယူ အားကျရတဲ့သူတွေ ရှိပါတယ်။ တစ်နေ့ သူ့လိုဖြစ်အောင်လုပ်မယ် (သို့) တစ်နေ့ဘာဖြစ်ရမယ်ကွ ဆိုပြီး စိတ်ထဲမှာ မှတ်ထားတာပဲဖြစ်ဖြစ်၊ မိတ်ဆွေ သူငယ်ချင်းများ ရှေ့မှာပြော ထားတာပဲဖြစ်ဖြစ် ရှိပါတယ်။ ဒါပေမယ့် တကယ့်ကိုဖြစ်အောင်လုပ်နိုင်သွားတဲ့ သူက အရမ်းနည်းပါတယ်။

အောင်မြင်မှုအတွက် စိတ်ဓာတ်ခွန်အား

အောင်မြင်မှုအတွက် စိတ်ဓာတ်ခွန်အား

=====================

The Climb သီချင်းထဲမှာ Miley Cyrus က ဒီလိုဆိုထားပါတယ်။

ဘ၀ဆိုတာ တောင်တက်ရသလိုပဲ။ တစ်တောင်တက်ပြီးပေမယ့် နောက်ထပ် နောက်ထပ် တောင်တွေက ရှေ့မှာ အမြဲတမ်းရှိနေပါတယ်တဲ့။

အောင်မြင်မှုမှာလည်း ဒီလိုပါပဲ။ ရည်မှန်းချက်တွေ တစ်ခုပြီးတစ်ခု သတ်မှတ်ပြီး ဖြတ်ကျော်ကြရပါတယ်။
ဒီတော့ အဲဒီတောင်တန်းကြီးတွေအားလုံးကို ဖြတ်ကျော်နိုင်ဖို့ရာ စိတ်ဓာတ်ခွန်အားလိုပါတယ်။
ကျနော်တို့ကို အောင်မြင်ရေးလမ်းကြောင်းမှာ ဆက်လျှောက်လှမ်းနိုင်ဖို့ “တွန်းအား” ပေးမယ့်အရာကလည်း အဲဒီစိတ်ဓာတ်ခွန်အားပါပဲ။

စိတ်ဓာတ်ခွန်အားကို မြှင့်တင်နည်း

စိတ်ဓာတ်ခွန်အားကို မြှင့်တင်နည်း
-----------------------------------------

သီတင်းတစ်ပတ်ရဲ့ တနင်္လာနေ့တိုင်းမှာ ဒါမှမဟုတ် နှစ်သစ်တစ်နှစ်ရဲ့အစမှာ အခုချိန်ကစပြီး ဘာတွေလုပ်မယ်ဆိုပြီး ဆုံးဖြတ်ဖူးပါသလား။ ဥပမာပြောရင် ဒီနေ့ကစပြီး ငါ ၀ိတ်ချမယ်၊ ဆေးလိပ်ဖြတ်မယ်၊ စသဖြင့်ပေါ့။ ဒီလိုစိတ်ပိုင်းဖြတ်ပေမယ့် အချိန်တစ်ပတ်လောက်ကြာပြီးတဲ့နောက်မှာ အရာအားလုံးဟာ ဘာမှထူးခြားမလာပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားတာမျိုး ဖြစ်ဖူးမှာသေချာပါတယ်။ ဘာကြောင့်များ ဒီလို စိတ်ပိုင်းဖြတ်မှုတွေ ပျောက်ဆုံးသွားရတာပါလဲ။ အဖြေကတော့ အပျင်းကြီးလို့၊ ပြောင်းလဲချင်စိတ်မရှိလို့ ဆိုတာတွေထက် စိတ်ဓာတ်ခွန်အား စိတ်စွမ်းအား မရှိလို့ပဲဖြစ်ပါတယ်။

စိတ်ခွန်အားနဲ့ပတ်သက်ပြီး သင်သိထားရမယ့်အရေးကြီးအချက်နှစ်ခု ရှိပါတယ်။

“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”

“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”

ခေါင်းဆောင်မှုကို တစ်ခွန်းတည်းပြောပါ ဆိုရင် အဲဒါ လွှမ်းမိုးနိုင်စွမ်း (Influence) ပါပဲ။ အဲဒီလိုလွှမ်းမိုးဖို့ဆိုရင် ခေါင်းဆောင်မှာ ပါဝါရှိရတယ်။ အဓိကအားဖြင့်တော့ ပါဝါ(၂)မျိုးပေါ့၊ Positional Power နဲ့ Personal Power ။

ကိုယ်ရထားတဲ့ ရာထူးကြောင့် ပြောခွင့်၊ ဆိုခွင့်၊ လုပ်ခိုင်းခွင့် ရှိနေတာက Positional power ဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ စွမ်းဆောင်ရည် စတာတွေကြောင့် ရလာတဲ့ ပါဝါကိုတော့ Personal power လို့ခေါ်ပါတယ်။

ဘယ်တော့မှ မမေ့သင့်တဲ့ ဘ၀သင်ခန်းစာ (၅)ခု

ဘယ်တော့မှ မမေ့သင့်တဲ့ ဘ၀သင်ခန်းစာ (၅)ခု

၁။ ဘ၀ဆိုတာတိုတိုလေးပါ။

ကျွန်တော်တို့ တော်တော်များမျာဟာ တစ်စုံတစ်ခုကို စောင့်နေယင်းနဲ့ ပဲ အချိန်တွေကုန်ဆုံးခဲ့ကြပါတယ်။ တစ်ခါတစ်ရံ ဘ၀သစ်တစ်ခုကို အစပြုမယ်လို့ စဉ်းစားထားပေမယ့် အချိန်တစ်ခုကို စောင့်နေယင်းနဲ့ ပဲ အသက်တွေကြီးလာတတ်ကြတယ်။ တကယ်တမ်းအခြေအနေမှန်ကို နားလည်ရမှာက တစ်စုံတစ်ခုကို စောင့်ဆိုင်းနေမယ့် အစား အခြား တစ်ခုခုကို ရွေးချယ်လိုက်ပြီး ဘ၀ကို ဆက်လက်ရှင်သန်လို့ ရတယ်ဆိုတာပါပဲ။

မြင်းတစ်ကောင်နဲ့ လင်မယား ၂ ယောက်

မြင်းတစ်ကောင်နဲ့ လင်မယား ၂ ယောက်
--------------------

မြင်းတစ်ကောင်ကို ဆွဲပြီး ယောက်ျားနှင့် မိန်းမ ၂ ယောက် လမ်းလျှောက်လာသည်။ လူကြားထဲရောက်သော် -

"ငတုံးလင်မယား...! မြင်းဆိုတာ စီးရကောင်းမှန်း ဒင်းတို့ နားမလည်ဘူးလားမသိ။ မမိုက်ပါဘူးကွာ!"

လင်မယား ၂ ယောက်သား မြင်းပေါ်တက်စီး၍ ဆက်ထွက်လာခဲ့သည်။ လူကြားထဲ ရောက်သော် -

"တော်တော်ကိုယ်ချင်းစာစိတ်မရှိတဲ့ လင်မယား ၂ ယောက်။ သူတို့ ၂ ယောက်လုံးတက်စီးတော့ အောက်က မြင်းက သေပြီပေါ့ဟ။ မမိုက်ပါဘူးကွာ!"

ငလျင်ကို ကြိုသိနိုင်ဘို့- ဗေဒင် မဟုတ်သော နည်းလမ်းများ ဖြစ်ပါတယ်။

ငလျင်ကို ကြိုသိနိုင်ဘို့- ဗေဒင် မဟုတ်သော နည်းလမ်းများ ဖြစ်ပါတယ်။

အောက်ပါ တို့ကို လေ့လာပါ။
========================

၁) earthquake lights ဆိုတဲ့ ငလျင် အလင်းရောင်။
+++++++++++++++++++++++++++++++++

ငလျင်အကြီးကြီး တခု ဖြစ်တော့မယ် ဆိုယင်- ရက်အနည်းငယ် ကတည်းက- မြေကြီး နေရာ အချို့ကနေ- အလင်းရောင်း များ ထွက်တတ်တယ် ဆိုပါတယ်. တခါ တလေ တော့လည်း- စက္ကန့် အလိုကျမှ အလင်းရောင်များ ထွက်လာတတ် တယ် ဆိုပါတယ်။ အပြာရောင် အလင်း ဖြစ်တတ်ပြီး- မြေကြီးကနေ အပေါ်ဘက်ကို လျှပ်စီး လက်နေသလိုမျိုး မြင်ရတတ်တယ် ဆိုပါတယ်.

အလုပ်အစီအစဉ်တွေ ပြည့်နေတဲ့ကြားက စိတ်အပန်းပြေအောင် ဘယ်လိုနေထိုင်မလဲ

အလုပ်အစီအစဉ်တွေ ပြည့်နေတဲ့ကြားက စိတ်အပန်းပြေအောင် ဘယ်လိုနေထိုင်မလဲ
-------------------------------------------------------------------------------------------------------

သင့်ရဲ့တစ်နေ့တာ အလုပ်ကိစ္စတွေနဲ့ ပြည့်နေတဲ့အခါ ဒီအရာတွေက သင့်ရဲ့စိတ်ရော ရုပ်ကိုပါ ဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ သင့်အိပ်မက်တွေအတွက်၊ အောင်မြင်မှုအတွက် ဒီိလိုဖိစီးမှုတွေ ရှိနိုင်တယ်ဆိုပေမယ့်လည်း ဒါကိုနည်းသထက် နည်းသွားအောင် သင့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ရမှာပါ။ ဒီတော့ အလုပ်တွေမနားတမ်းလုပ်ကိုင်နေရတဲ့ ဒီလို မော်ဒန်ခေတ်ကြီးထဲမှာ အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် ကိုယ့်အတွက်ကိုယ် အချိန်လေးတစ်ခု ဖန်တီးနိုင်ဖို့၊ သင့်စိတ်အပန်းပြေဖို့ ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

Saturday, August 27, 2016

ချဉ်ပေါင်ကြော်

ချဉ်ပေါင်ကြော်
****************

ချဉ်ပေါင်....................၅ စည်း
ပုစွန်ခြောက်...............(၅) ကျပ်သား(အမှုန်.ကြိတ်(သို.) ညှက်အောင်ထောင်းပါ။
ကြက်သွန်နီ...............၂ လုံး (နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ............ ၇တက် (ညှက်နေအောင်ထောင်း)
ငပိစိမ်းဆား..............၅ ကျပ်သား
ငရုတ်သီးစိမ်း............ ၁၀ တောင့်ခန့် 
မျှစ်..........................အနည်းငယ်
ရုံးပတီသီး/ခရမ်းသီး...အနည်းငယ်စီ
ပာင်းခတ်မှုန်.............လိုအပ်သလို
ငါးငံပြာရည်..............
ဆီ......................... ဆီကတော့အကန်.အသတ်မရှိသလောက်ကိုသုံးရပါတယ်
( ပြီးမှ..ပြန်စစ်ယူပါ)

"ဇနီးကောင်းတစ်ယောက်ရဲ့ လျို့ ဝှက်ချက် "

" အိမ်ထောင်သည် အမျိုးသမီးဆိုလျှင် ဒီစာကိုဖတ်ကြည့်ပါ "
@@@@@@@@@@@@@@@@@@@@

"ဇနီးကောင်းတစ်ယောက်ရဲ့ လျို့ ဝှက်ချက် "
@@@@@@@@@@@@@@@@@@@@

လက်ထပ်ထိမ်းမြားတယ်ဆိုတဲ့ကိစ္စဟာ ကိစ္စပေါင်းမြောက်မြားစွာထဲက အကောင်းဆုံးကိစ္စတစ်ခုပါ။ သင် အမှန်တကယ်ချစ်မြတ်နိုးတဲ့ ယောက်ျားတစ်ယောက်နဲ့ ပေါင်းသင်းလက်ထပ်နိုင်တဲ့ကိစ္စထက် ချို မြိန်တာ ဘယ်မှာရှိပါဦးမလဲ။ ဒါပေမယ့် အိမ်ထောင်ရေးသက်တမ်းကြာမြင့်လာတာနဲ့အမျှ မချို မြိန်တဲ့ကိစ္စတွေ ဖြစ်ပွားလာတတ်ပါတယ်။ အထူးသဖြင့် အချိန်တိုင်းနီးပါး သင်တို့နှစ်ယောက် အတူတူအရှိနေကြရင် ကိစ္စတိုင်းလိုလိုမှာ ငြီးငွေ့စရာကောင်းလာတတ်ပါတယ်။ ဒီတော့ ဇနီးမယားကောင်းတစ်ယောက်အနေနဲ့ သင်နဲ့ သင့်ခင်ပွန်းကြားထဲက အေးစက်မှုတွေကို နွေးထွေးလာအောင် ဘယ်လိုလုပ်မလဲ....။

စင်္ကာပူရှိ ကျောင်းအုပ်ကြီးတစ်ဦးသည် အောက်ပါစာအား စာမေးပွဲမတိုင်မီ မိဘများသို့ပို့သည်။

 
 
စင်္ကာပူရှိ ကျောင်းအုပ်ကြီးတစ်ဦးသည် အောက်ပါစာအား စာမေးပွဲမတိုင်မီ မိဘများသို့ပို့သည်။

လေးစားရပါသော မိဘများခင်ဗျာ

ကလေးတွေ စာမေးပွဲ စဖြေရပါတော့မယ်။ မဖြေနိုင်မှာကို ပူပန်နေမှာကိုလည်း သိပါတယ်။

သို့ပေမဲ့ ဖြေဆိုကြမည့်ကလေးများထဲတွင် သင်္ချာတတ်စရာမလိုသော အနုပညာရှင်လောင်းများ

အင်္ဂလိပ်စာပေနှင့် သမိုင်းကိုစိတ်မဝင်စားသော ကိုယ်ပိုင်လုပ်ငန်းရှင်လောင်းများ

ဓာတုဗေဒမှာ ဘယ်နှမှတ်ရရ အရေးမကြီးသော ဂီတသမားလောင်းလျာများ

ရူပဗေဒထက် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ဖို့ ပိုလိုအပ်သော အားကစားသမားလောင်းလျာများ ပါနေသည်ကို ကျေးဇူးပြုပြီး သတိရပါ။

သွေးကြောများအတွင်း ပိတ်ဆို့နေသောအဆီများကို ရှင်းထုတ်ခြင်း

သွေးကြောများအတွင်း ပိတ်ဆို့နေသောအဆီများကို ရှင်းထုတ်ခြင်း
------------
ကျော်မသွားနဲ့ ဖတ်ပါ...မိမိ friends များအတွက်ရှယ်ပေးပါ..
အရင်အပတ်က နှလုံးသွေးကြော ပိတ်ဆို့ရတဲ့အကြောင်းရင်းတွေကို ပြောပြခဲ့တယ်။ ဒီအပတ်မှာတော့ အဲဒီ့လိုပိတ်ဆို့နေတာကို အလွယ်တကူရှင်းထုတ်ပစ်နိုင်တဲ့ နည်းကောင်းတစ်ခုကို ပေးပါမယ်။
America မှာ ချမ်းသာတဲ့တရုတ်လူမျိုးတစ်ယောက် ရှိပါတယ်။ ဝက်သား၊ အမဲသား၊ ဘဲသားစတဲ့ ကုန်းသတ္တဝါအသားတွေကို ကြိုက်နှစ်သက်လို့ အမြဲတန်းစားလေ့ရှိသူပေါ့။

ကိုယ့်ထက်သာ မနာလိုစိတ်ဆိုတာ အာဏာရှင်နဲ့ အောက်ဆွဲတွေအတွက် မွေးရာပါ ဗီဇစိတ်ဖြစ်မယ်။ ......

မြန်မာပြည်သမိုင်းမှာ ရှိခဲ့ဘူးတဲ့
ကိုယ့်လူမျိုး ကုလသမဂ္ဂအတွင်းရေးမှူ
ဦးသန့်ကိုတောင် အလေးထားရမှန်း မသိခဲ့တာ...
.
.
လူမျိုးခြား ကိုဖီအာနန်ကို
ရစရာ မရှိအောင်ပြောတာ မဆန်းပါဘူး။
.
.
ကိုယ့်ထက်သာ မနာလိုစိတ်ဆိုတာ
အာဏာရှင်နဲ့ အောက်ဆွဲတွေအတွက်
မွေးရာပါ ဗီဇစိတ်ဖြစ်မယ်။ ......
.
.
Sitt Phyu

Facebook က သင့်ကို Lock ချရသည့်အကြောင်းအရင်းများ

 
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

ကျွန်မချစ်သောယောက်ျား

ကျွန်မချစ်သောယောက်ျား
´´´´´´´´´´´´´´´´´´´´´´´´´´´´´

ကျွန်မကိုတစ်လတစ်ပတ်တစ်ရက်
ဂုဏ်ရာထူးငွေ အလျှံပယ်ပေးစရာမလိုဘူး....
ကျွန်မအပေါ် နွေးထွေးရမယ် ယုယရမယ် ဂရုစိုက်ရမယ် နားလည်ရမယ် ယုံကြည်ရမယ်...
နီးနေနေ ဝေးနေနေ ကျွန်မကို သစ္စာရှိပေးရမယ်...

တစ်ခါတစ်ရံ ကျွန်မကလေးလိုဆိုးမိတယ်...
တစ်ခါတစ်ရံ ကျွန်မမိခင်လိုသူ့ကိုချစ်မိမယ်...

ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း.....

ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း.....

========================

ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။ သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။