Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, January 4, 2017

လွတ်လပ်ခြင်းအက်ဆေး (မင်းလူ)

လွတ်လပ်ခြင်းအက်ဆေး (မင်းလူ)
----------------------------------

ကျွန်တော်တို့သည် လွတ်လပ်ရေးနေ့ပေါင်းများစွာကို အမှတ်တမဲ့ပင်ကျော်ဖြတ်ခဲ့ကြသည်။ ထိုနေ့တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပျော်ကြသည်။ ကလေးတွေက ကျောင်းပိတ်လို့ပျော်သည်။ လူကြီးတွေက ရုံးပိတ်လို့၊ အလုပ်ပိတ်လို့ပျော်သည်။ လွတ်လပ်ရေးနေ့နှင့်တနင်္ဂနွေတိုက်ဆိုင်သွားသည့်နှစ်ဆိုလျှင် "ဒီနှစ် ပိတ်ရက်တစ်ရက် နစ်နာ သွားတယ်"ဆိုပြီး မချင့်မရဲတောင်ဖြစ်ကြသေးသည်။ လွတ်လပ်ရေးနေ့မှာ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြသည်။ လွတ်လပ်သည့်အရသာကို အပြည့်အဝခံစားသောအားဖြင့် လမ်းတွေကိုပိတ်ပြီးအားကစားပွဲတွေလုပ်ကြသည်။

လမ်းဘေးဈေးသည် မီလျံနာကြီး


မှတ်စုကြမ်း added 3 new photos.

လမ်းဘေးဈေးသည် မီလျံနာကြီး
--------------------
နယူးယောက်မြို့က မိုးမျှော်တိုက်ကြီးတွေရဲ့ ထိပ်ကို နေလုံးဟာ တရွေ့ရွေ့တက်လာချိန်မှာ ဒေါ်လာ ထောင်ကျော်တန် ကုတ်အင်္ကျီဝတ်ထားတဲ့ ပျံကျဈေးသည်ကြီးဟာ လမ်းဘေးဆိုင်လေးကို စတင် ခင်းကျင်းလို့ နေပါပြီ။ သူရူးတစ်ယောက်လိုပဲ သူဟာ အာဘောင်အာရင်း သန်စွာနဲ့ တစ်ယောက်ထဲ စကားတွေပြောလိုက်၊ မရှိတဲ့ပရိသတ် ဘက်ကိုလှည့်လို့ အာလူးတွေ နွှာပြလိုက် မုန်လာဥတွေ လှီးပြလိုက်နဲ့ ပြုံးပျော်လို့ နေပါတယ်။

Tuesday, January 3, 2017

ကလေးတွေကို ကလေးဖြစ်ခွင့် ပေးလိုက်ကြပါလားမိဘတို့ရယ်. . . . . .

မြိတ်မှာ လပတ်စာမေးပွဲကျလို့
အမေဆူမှာကြောက်ပြီး ကြိုးဆွဲချ သက်သေတဲ့
ဆယ်နှစ်ကျော်အရွယ် ကလေးတစ်ယောက်ရဲ့ သတင်းဖတ်ပြီး အတော်ရင်နင့်မိတယ်။

အဲ့ကိစ္စရေးရမှာက အတော်တော့ ရှော့ရှိတယ်။

မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ ရိုက်သွင်းခံထားရတဲ့ကိစ္စကို ပုန်ကန်ရေးရမှာ အန္တရာယ်တော့ကြီးတယ်။

မိဘမေတ္တာနဲ့ ပက်သက်ရင် ဘာသာရေး လူမှုရေး အတွေးအခေါ်အားလုံးက ကျကျနနဘောင်ခတ်ခံရပြီးသား ဖြစ်နေတာကိုး။

သူတို့ မသိလို့ပါ

ကျမကို ဖေဖေက
၂ နှစ်သမီးမှာ ကျည် ၁၃ တောင့်နဲ့
နူက်ဆက်သွားတယ်။

မေမေက လူမှန်ဖြစ်အောင်
လမ်းမှန်မှာ ချပေးခဲ့တယ်။

ကျမ အိမ်ရှင်မကောင်း မဖြစ်ပေမယ့်
ရှင်တို့က အိမ်ထောင်စုမိခင်လို့ ဆိုကြတယ်။

ကျမ ဖေဖေကို မီဖို့ ကြိုးစားရင်း
ရှင်တို့ တင်တဲ့ စံထဲ ဝင်နေတာပါ။

ဆိုင်တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင် အပိုင်း1


ကို မိုး မြင့်

မူရင်းတင်သူကိုခွက်ဒစ်ပေးပါတယ်
ဆိုင်တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင်
အပိုင်း1
ဆိုင်(အိမ်ဆောက်ပစ္စည်း)တစ်ဆိုင် ဖွင့်တော့မည်ဆိုလျှင် အခြေခံအားဖြင့် သိသင့်တာလေးတွေကို ဗပာုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ နားလည်သလောက်လေး ရေးပြတာဖြစ်လို့ အမှားမျာပါပါက ခွင့်လွတ်ပေးကြပါရန်။
ဆိုင်ဖွင့်တော့မည်ဆိုလျှင် အကြမ်းအားဖြင့် အပိုင်းငါးပိုင်း ခွဲခြားနိုင်သည်။
၁။အရင်းအနှီး
၂။တည်နေရာ
၃။ပစ္စည်းမှာယူရောင်းချခြင်း
၎။ဆိုင်အနေအထားကို ပြန်လည် သုံးသပ်ခြင်း
၅။ရှေ့ဆက်ရမည့်လမ်းကြောင်းနှင့် အနာဂတ်အလားအလာ
တို့ဖြစ်သည်။

စာမဖတ်ကြတော့ဘူးလား . . .

 
 
စာမဖတ်ကြတော့ဘူးလား . . .

===================
===================

စာမဖတ်ကြတော့ဘူးလား၊ ဒီမေးခွန်းလေးကို စိတ်ထဲမှာ မေးနေမိတာအခါခါ၊ အသိမိတ်ဆွေ အပေါင်းအသင်းတွေကို မေးကြည့်တော့လည်း သူတို့က ဖတ်စရာမလိုတော့ အင်တာနက်၊ Facebook ပေါ်မှာတင် ဖတ်လို့ရနေပြီလို့ ဆိုတယ် (သူတို့ Facebook ကိုယူကြည့်တော့ အိမ်ကမိန်းမနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလှလားတို့၊ ညအရက်ဝိုင်းတို့၊ မင်းကိုငါမုန်းတယ် စတာတွေ တင်ထားတာပဲ တွေ့ရတယ်။)

Great Attitude ဆိုတဲ့ ပုံပြင်လေးကို မှီငြမ်းပါသည်။



The Melting Pot 4 U

တခါတုန်းက ငှက်တစ်ကောင်က ပျားတစ်ကောင်ကို မေးတယ်။ မင်းဘယ်လိုပဲ ကြိုးစားကြိုးစားပြီး ပျားအိမ်တွေဆောက် ပျားရည်တွေရအောင်လုပ်ပေမဲ့ လူတွေက မင်းလုပ်ထားတဲ့ ပျားရည်ကို ခိုးယူသွားကြတယ်။ ဒါကို မင်းစိတ်မပျက် ဝမ်းမနည်းဘူးလားလို့ မေးလိုက်တယ်။
ပျားက ငှက်ကို ပြန်ပြောတယ် လူတွေက ငါ့ရဲ့ ပျားရည်ကိုပဲ ခိုးယူလို့ရတာပါ။ ငါ့ရဲ့ ပျားရည်လုပ်တဲ့ အတတ်ပညာတော့ ခိုးယူလို့ မရပါဘူး ပြန်ပြောလိုက်တယ်တဲ့။

ကိုနိုဗယ့် အကြောင်းတစေ့တစောင်း


Written By ကိုရုပ်ဆိုး(Min Thu)

ကျွန်တော်တို့ အတော်များများဟာအကျိုးမြင်ဝါဒီသမားတွေများကြပါတယ် ။ ဘာကြောင့်လဲဆိုတော့ အကြောင်း ကိစ္စ တစ်ခုခု ကို တွေ့ပြီဆိုရင် ရလာကြတဲ့ ရလာဒ် ကိုပဲ ကောင်းလား ၊ မကောင်းလား ၊ ကြီးလား ၊ ငယ်လား သုံးသပ်တတ်ကြတယ် ။ ဒါပေမဲ့ အဒီအကျိုးတွေရဲ့ မူလဘူတ အကြောင်းတရားကိုတော့ စိတ်ဝင်စားသူဟာ အလွန်တရာကို နည်းကြပါတယ် ။ ဥပမာ တစ်ခုပေါ့ ဗလကြီးတွေ ဟက်နေတဲ့ ကာယဗလမောင်တစ်ယောက် ရဲ့ ပုံကိုတွေ့ပြီဆိုပါတော့ ။
“ မိုက်တယ်ကွာ ..ဗလကြီးတွေကို ဟက်နေတာပဲ” .. “ လူဘီလူးကြီးနဲ့တူတယ် ” ..

Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု


Facebook မစွဲလမ်းတော့လျှင် ရရှိလာမည့်ကောင်းကျိုး (၁၀)ခု

Social Network တွေဖြစ်တဲ့ Facebookတို့ Twitterတို့ဆိုတာ လူတွေနဲ့ဆက်ဆံရာမှာ၊ မိတ်ဆွေအသစ်တွေရှာဖွေရာမှာ အသုံးဝင် ကောင်းဝင်ပါလိမ့်မယ်။ ဒါပေမဲ့လူတိုင်းတော့ အဲ့လိုအကျိုးရှိရှိ အသုံးချမနေကြပါဘူး။ လူတော်တော်များများအတွက် Facebook ကို Checkတာဟာ အလုပ်တစ်ခုလိုတောင်ဖြစ်လာနေပါပြီ။ တစ်ချို့ သောလူတွေက Likesရဖို့အတွက် Postတွေတင်ကြတယ်။ အခြား သူတွေဘာလုပ်နေမလဲ Facebookပေါ်မှာကြည့်မယ်။ ဘယ်နေရာ မှာဘာဖြစ်နေလဲကြည့်မယ်။ ဂိမ်းဆော့မယ်။ အစရှိသဖြင့် Facebook ကိုအသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာကလည်း အင်တာနက်ဆိုတာကို Gtalk, Facebook, Viberနဲ့စသိပြီး သုံးကြ တာများပါတယ်။

Monday, January 2, 2017

ထောင်ကျသွားတဲ့ဦးနှောက်များ

ထောင်ကျသွားတဲ့ဦးနှောက်များ
==================

ငယ်ငယ်တုန်းက အဖြစ်အပျက်လေး တစ်ခုကို အခု
ထက်ထိ သတိရနေမိသေးတယ်။ ၇တန်းလား၊၈တန်း
လားတော့ သေချာမသိ။ စာသင်ချိန်တစ်ခုမှာ ဆရာမ
က မေးခွန်းတစ်ခုမေးတယ်။ ကျွန်တော်အသေးစိတ်
တော့ အရမ်းမမှတ်မိတော့ပါဘူး။ ဒါပေမယ့် ဆရာမ
ရှင်းပြတာက လူ(၄)မျိုးအကြောင်းပါ။

၁) မကြိုးစားပဲ ချမ်းသာချင်သူ
၂) ကြိုးစားခြင်းလည်းမရှိ ချမ်းလည်းမချမ်းသာချင်သူ
၃) ကြိုးစားပြီး ချမ်းသာချင်သူ
၎) ကြိုးစားသော်လည်း မချမ်းသာချင်သူ

ပတ်စပို့ စာအုပ် တွေက ဘာကြောင့် အရောင်မတူရတာလဲ ..


ပတ်စပို့ တွေဟာ နိုင်ငံအလိုက် အရောင်မတူကြပါဘူး။ အရင်တုန်းကတော့ အဲဒီ ပတ်စပို့်စာအုပ် တွေဟာ နိုင်ငံရဲ့ အလံပေါ်မှာ ရှိတဲ့ အရောင်တွေဟာ ကိုယ်ကြိုက်တဲ့ အရောင်တွေ ယူထားတာလို့ ထင်ခဲ့ကြဖူးမှာပါ။
အမှန်တကယ်တော့ ပတ်စပို့စာအုပ် တွေဟာ နိုင်ငံရဲ့ အလံပေါ်မူတည် ပြီး ကွဲပြားခြားနားသွားတာ ဖြစ်ပါတယ်။ ဥပမာဆိုရင် မြန်မာ့ပတ်စပို့ စာအုပ် ဆိုရင် ကြက်သွေးရောင် အဖျော့ ရှိပြီး အဲဒါဟာ အရင်တုန်းက အရွယ်တူကြယ်ဆယ့်လေးလုံး နဲ့ အလံ ကို အရောင် ကို ရည်ညွန်းခဲ့တာဖြစ်ပြီး ဆော်ဒီအာရေဗျ ရဲ့ ပတ်စပို့ အရောင် ဟာ အစိမ်းရောင် ဖြစ်ပြီး သူတို့နိုင်ငံရဲ့ အလံကတော့ အစိမ်းရောင်ပါ။ ကမ္ဘာပေါ်မှာ ဆွစ်ဇာလန်ကို လူသိများစေတာက ကြက်ခြေနီ နဲ့ ဟင်နရီဒူးနန့် ကြောင့်ဖြစ်ပြီး ကမ္ဘာ့ ကြက်ခြေနီရုံးချုပ် ကလည်း အဲဒီမှာ ရုံးစိုက်ပါတယ်။

အဖြူရောင်----မို့ပါ

အဖြူရောင်----မို့ပါ

ပုံပြင်တွေ----သိပ်မပြောပါနဲ့
ငါက----အယုံလွယ်တတ်လို့ပါ။

ကတိတွေ----သိပ်မပေးပါနဲ့
ငါက----မျှော်နေတတ်လို့ပါ။

အပြုံးတွေ----သိပ်မပေးပါနဲ့
ငါက----အိပ်မပျော်တတ်လို့ပါ။

စကားအလှတွေ-----အရမ်းမသုံးပါနဲ့
ငါက----မမေ့တတ်လို့ပါ။

ဂရုစိုက်မှုတွေ----အရမ်းမပေးပါနဲ့
ငါက----ပျော့ညံ့တတ်လို့ပါ။

အချစ်တွေ-----အရမ်းမပေးပါနဲ့
ငါက----အဖြူရောင်မို့ပါ။

စနိုးဖြူ

အာနိုး၏အကြံပြုချက်များ


Muscleprofessor added 4 new photos.

အာနိုး၏အကြံပြုချက်များ
မောင်အိုလံပီယာ(၇)ထပ်ကွမ်းအာနိုးကိုတော့ လူတိုင်းသိပြီးသားမို့အထူးတလည် ပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေ့မယ့် သူ ကာယဗလချန်ပီယံ တစ်ယောက်ဖြစ်လာအောင် ကြိုးစားအားထုတ်ခဲ့တာတွေကတော့ လေးစားအားကျဖွယ်ကောင်းပါတယ်။နာမည်ကျော် မောင်တစ်ယောက်မဖြစ်လာခင် ပတိဝန်းကျင်ရဲ့ ကဲ့ရဲ့ အပြစ်မြင်မှု မိသားစုရဲ့ စိတ်ပျက်ဖွယ် ပြောဆိုမှုတွေကြားက အောင်မြင်မှုရရှိအောင်ကြိုးပမ်းခဲ့ပုံတွေက အတုယူ ဖွယ်ပါ။

ဒေါသ မထွက်အောင် ထိန်းနည်း (၁၀) မျိုး


 စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေထဲမှာ ဖိစီးမှုနဲ့ ဒေါသထွက်ခြင်းတွေ ပါဝင်ပါတယ်။
ဒေါသထွက်ခြင်းက မကောင်းဘူးဆိုတ အားလုံးသိကြတဲ့ အရာပါ။ စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေထဲမှာ ဖိစီးမှုနဲ့ ဒေါသထွက်ခြင်းတွေ ပါဝင်ပါတယ်။ ဒေါသလွယ်သူတွေ အတွက်တော့ နေ့တိုင်းဟာ ဒေါသထွက်ချင်စရာတွေချည်းပါပဲ။
ကားပိတ်လို့၊ အလုပ်အဆင်မပြေလို့၊ အိမ်မှာ အဆင်မပြေလို့ စသဖြင့် အကြောင်းအရာကတော့ မျိုးစုံပါ။ ဒေါသထွက်လွယ်သူတွေအတွက် မပင်ပန်းပဲ လေ့ကျင့်ယူလို့ရတဲ့ ဒေါသထိန်းနည်း (၁၀) မျိုးကိုဖော်ပြပေးထားပါတယ်။

" ပြိတ္တာဖြစ် ဈေးရောင်းနည်း "

" ပြိတ္တာဖြစ် ဈေးရောင်းနည်း "
=================

မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ ဈေးသည်အမျိုးသမီး လေးယောက် ရှိပါတယ် ။

သူတို့ရဲ့ဈေးရောင်းမှုဟာ မှန်ကန်မှု မရှိပါဘူး ။ အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့ နည်းတွေနဲ့ ရောင်းတော့ စီးပွားရေးတွေက ခဏလေးနဲ့ တိုးတက်သွားပြီး ခြံကြီး ၊ အိမ်ကြီးတွေနဲ့ ဖြစ်ကုန်ကြတယ် ။

အဲဒီအမျိုးသမီးလေးယောက်ဟာ စီးပွားရေးတွေ အဆင်ပြေဆဲ ကာလမှာပဲ အကြောင်း မယ်မယ်ရရ မရှိပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ကုန်ကြတယ် ၊

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့ ကျုံးမြို့ရဲ့ အပြင်ဘက်နားမှာ ဗြိတ္တာမတွေ သွားဖြစ်ပါသတဲ့ ။

ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ သူရ ဦးရွှေမန်းသို့ မေးမြန်းသည့် မေးခွန်း (၄) ခု

ဝါရင့် သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်၏ သူရ ဦးရွှေမန်းသို့ မေးမြန်းသည့် မေးခွန်း (၄) ခု

နိရဉ္စရာ
BurmaDemocracy, 2 January 2017

မြန်မာသတင်း မီဒီယာ ကောင်စီအဖွဲ့ဝင် အသက် (၈၈) နှစ် ရှိပြီ ဖြစ်တဲ့ ၀ါရင့် သတင်းစာ ဆရာကြီး ဦးအုန်းကြိုင်မှ ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း၊ လက်ရှိ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို နေပြည်တော် လွှတ်တော်မှာ တွေ့ဆုံခိုက် သီးသန့် မေးမြန်းခွင့် ရခဲ့ပါတယ်။ ဦးအုန်းကြိုင်က မေးခွန်း (၄) ခုကို မေးမြန်းခဲ့ပြီး သူရ ဦးရွှေမန်းက အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

မေးခွန်း (၁)

' ဘီယာ,အအေးဘူးလက်ကိုင်ကွင်းလေး တွေအကြောင်း '....


Gcc Preschool added 14 new photos.

' ဘီယာ,အအေးဘူးလက်ကိုင်ကွင်းလေး တွေအကြောင်း '....
ကျွန်မက သိချင်တဲ့အကြောင်းအရာကို တိတိကျကျသိရမှကျေနပ်သူပါ။ အရင်ကကြား ဖူးပေမယ့်..fbမှာ မူကြိုကအစ်မတစ်ယောက် လက်ကိုင်ကွင်း လေးတွေအလှူခံပြီးစုထားတဲ့ အကြောင်းတွေ့လို့မေးလိုက်မိပါတယ်။ ခြေတု လက်တုအတွက်ပါတဲ့။ ပရဟိတဆို..၀ါသနာပါသူ မို့ လှူလို့ရတဲ့နေရာကိုစုံစမ်းပြီး...ကျွန်မလည်းအ လှူခံခဲ့ပါတယ်။မနေ့ က ကလေး လေးတွေရသမျှစုပြီး ဦးကျော်သူကို လာလှူတဲ့ မြင်ကွင်းလေးမြင်လိုက်ရတော့..ကြည်နူးမိပါတယ်။သူ့ရဲ့အသုံးဝင်ပုံ,အသုံးပြုပုံ တွေကိုလူတွေ.. တိတိကျကျသိရရင်ပိုလို့..တက်ကြွစိတ်ဝင်စား လာကြမှာပဲလို့တွေးမိပြီး..ရသမျှရှာခဲ့ပါတယ်။ web တစ်ခုမှာ..ဒီ..pull-ring လို့ခေါ်တဲ့ကွင်းလေး တွေကိုခြေတုလက်တု လုပ်လို့မရတာသေချာ ကြောင်း, စီးပွားရေးသမားတွေက..recycled လုပ်ဖို့ ပြန်ဝယ်တာကြောင့်..ကောလဟာလတွေ လွှင့်တာဖြစ်ကြောင်း,ဒါနဲ့ပတ်သက်လို့..အကြီးစားcharity တစ်ခု( Mac Donal )ရဲ့လုပ်ငန်းစဉ် ဟာလည်းအလကားဖြစ်ကြောင်း..ရေးသားထား တာတွေ့ရတော့..ဇဝေဇ၀ါဖြစ်သွားပါတယ်။

ဗာရာဏသီ(Varanasi)


Mi Mi Tun added 12 new photos — with Mi Mi Tun.

ဓာတ်ပုံအားလုံးကြည့်ချင်ရင် အပေါ်က 12 new photos ဆိုတာနှိပ်လိုက်ပါ မူးရင်းဆိုဒ်ရောက်ပြီး ပုံအားလုံးကြည့်လို့ရမယ်နော်........
#ဗာရာဏသီ(Varanasi)
ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ် လို့ ဆိုကြတဲ့ ဗာရာဏသီ ဆိုတဲ့ နာမည်ကိုတော့ စာတွေထဲမှာ မကြာခဏ မြင်ဖူးကြမှာပါ ။
အိန္ဒိယ မြောက်ပိုင်း ဂင်္ဂါမြစ်ကမ်းပေါ်က ရှေးဟောင်းမြို့ဖြစ်ပါတယ်။
ဘီစီ ၁၁ရာစုလောက်တည်းက ရှိခဲ့
ပြီး ကမ္ဘာ့ရှေးအကျဆုံးမြို့တွေထဲက တစ်မြို့လို့လည်း ဆိုနိုင်ပါတယ်။ ဗုဒ္ဓဘုရားရှင်နဲ့ ဆိုင်တဲ့နေရာ တော်တ်ာများများရှိတဲ့မြို့ဆိုလည်း မမှားပါဘူး။

တစ်ချိန်ကတော့ လက်မှုသိပ္ပံအတတ် ၊ ကုန်ရောင်းကုန်ဝယ် အတတ်၊ နှုတ်မှုအတတ် ၊ ၀ိဇ္ဇာအတတ် စတဲ့အတတ်တွေရဲ့ ဗဟိုဌာနကြီးဖြစ်ခဲ့ဖူးပါတယ်။ စာတွေထဲမှာတော့ ကာသိတိုင်းရဲ့ မြို့တော်လို့ ပါလေ့ရှိပါတယ်။

ပိုက်ဆံက ကိုယ့်ဆီလာအောင် ဘယ်လိုလုပ်မလဲ။

 
 
ပိုက်ဆံက ကိုယ့်ဆီလာအောင် ဘယ်လိုလုပ်မလဲ။

ကြိုးစားနေသောသူထံ ကောင်းသတင်း၊ အကျိုးရှိမည့်သတင်းတွေက စုလာတတ်သလို။

ကိုယ့်ရဲ့စွမ်းဆောင်မူအပေါ်မူတည်ပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲအောင်လုပ်ယူလို့ရပါတယ်။ ပိုက်ဆံလည်း ဒီလိုပါပဲ။ ပိုက်ဆံအပေါ်မှာ အကောင်းမြင်သောသူထံမှာ ပိုက်ဆံကမရှားပါ။

အလှမ်းဝေးသွားသည့် မြန်မာ့ပညာရေး

 
အလှမ်းဝေးသွားသည့် မြန်မာ့ပညာရေး

မန်မာနိုင်ငံ၏ ပညာရေးစနစ်သည် စစ်အစိုးရ ခေတ်တစ်လျှောက်လုံး နိမ့်ကျ ဆိုးရွားခဲ့သည်မှာ အထူးပြောစရာပင်လိုမည် မထင်ပေ။ မြန်မာနိုင်ငံ၏ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ် (ရန်ကုန်) နှင့် ဆေးတက္ကသိုလ်တို့သည် အရှေ့တောင်အာရှတွင် တစ်ချိန်က ဂုဏ်သတင်းကြီးခဲ့သည်ကို ပြန်ပြောင်း အမှတ်ရမိသည်။ ၁၉၅၀ ဝန်းကျင်ခန့်က အမေရိကန်နှင့် ဥရောပတိုက်ရှိ ပညာရှင်များသည် မြန်မာပညာရှင်များနှင့် ပူးပေါင်းပြီး မြန်မာတက္ကသိုလ်များတွင် သုတေသန လုပ်ငန်းများ လုပ်ဆောင်ခွင့် ရခဲ့ကြသဖြင့် အရှေ့တောင်အာရှ နိုင်ငံများထဲတွင် မြန်မာသည် ဂုဏ်ယူဝင့်ကြွားနိုင်သော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ခဲ့ဖူးပါသည်။

သင် အသက်( 20 - 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ

 
 
သင် အသက်( 20 - 28 ) ဆိုလျှင် ဒါကိုမဖြစ်မနေဖတ်ပါ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

အလွတ်ရသလောက်နီးပါးဖြစ်အောင် ဖတ်ထားလိုက်ပါ အကျိုးရှိပါတယ်..

အသက် (၂၀)ကျော်အရွယ်ဟာ ဘ၀မှာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာအပြောင်းအလဲတွေဖြစ်လာသလို မိဘတွေကလည်း အရွယ်ရောက်လာသူတစ်ယောက်အနေနဲ့ ဆက်ဆံလာချိန်ဖြစ်ပါတယ်။ ပြီးတော့ ဒီအရွယ်မှာ ငွေရှာဖို့အတွက်ကိုလည်း အရမ်းကိုစိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ဒီအရွယ်မှာ သင့်အနေနဲ့ ဘွဲ့တစ်ခုခုရပြီးသည်ဖြစ်စေ မရသေးဘူးဖြစ်စေ၊ (၂၀)ကျော်အရွယ်နဲ့ နောက်ပိုင်းမှာ အောင်မြင်ဖို့အတွက် စတင်ပြင်ဆင်တတ်ဖို့အရေးကြီးပါတယ်။

ရေတွင်း ပြန်တူးကြည့်ပါ

ရေတွင်း ပြန်တူးကြည့်ပါ

တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။

ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။

ဘင်္ဂလီတွေ ရဲစခန်းဝင်စီးတဲ့ကိစ္စတောင် သံသယဖြစ်လာပြီ

ဘင်္ဂလီတွေ ရဲစခန်းဝင်စီးတဲ့ကိစ္စတောင် သံသယဖြစ်လာပြီ

ဘင်္ဂလီတွေကို စည်းရုံး

ကိုယ့်ရဲတွေကိုယ်ပြန်သတ်ခိုင်း

အဲဒါကိုအကြောင်းပြ နယ်မြေရှင်းလင်း

လူကွယ်ရာမှာမဟုတ်တာလုပ် ဗွီဒီယိုမှတ်တမ်းလုပ်

ဒေါ်စုက ရှေ့ကဖာ

သူတို့က နောက်ကွယ်က နေ

သားနှင့် သမီးတို့ ဖတ်ဖို့။

သားနှင့် သမီးတို့ ဖတ်ဖို့။
###############

သင်၏ သားသမီးများကိုလည်း ပေးဖတ်ပါ။
ဤစာကို ဟောင်ကောင် နံမည်ကြီး တီဗွီ ချယ်နယ် တွင် အသံလွှင့်သူ လည်းဖြစ် ခလေး စိတ်ပညာဆိုင်ရာ ပါရဂူ တစ်ယောက်လည်း ဖြစ်သော ဖခင်တစ်ယောက်မှ သူ၏ သမီး ဖြစ်သူထံသို့ ရေးသားခဲ့ပါသည်။

အဆိုပါ စာပါ အကြောင်းအရာများသည် အသက်ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ သားသမီးဖြစ်စေ မိဘဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် အကြုံးဝင်ပါသည်။
မိဘများမှ သားသမီးများကို ဆုံးမသည့် အခါ အဆိုပါ အကြောင်းအရာများကို ပြောဆိုသင်ကြားပေးသင့်ပါသည်။

အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကိုအလေးထားပါ ။ ။

အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်ဖို့
ဒီအချက်တွေကိုအလေးထားပါ ။ ။
==========================

(၁ ) ပိုက်ဆံကို ဘယ်လို ရှာရမလဲဆိုတာ စဉ်းစားပါ။
စနသ်တကျသုံးတတ်အောင်လေ့ကျင့်ပါ။
ကပ်စေးနဲတာနဲ့ ချွေတာတာ ကွဲပြားစွာ
သိအောင်ကြိုးစားပါ။

(၂) ဒေါသထွက်တဲ့အခါ အသက်ကို ပုံမှန်ရှုသွင်းပြီး (၁) ကနေ (၃၀) အထိ စိတ်ထဲကရေတွက်ပါ။
ပြီးမှ စကားဆက်ပြောပါ။

Sunday, January 1, 2017

သူလိုလူ"သို့မဟုတ်"ဒီမိုကရေစီ ခရီးကြမ်း

သူလိုလူ"သို့မဟုတ်"ဒီမိုကရေစီ ခရီးကြမ်း
--------------------------------------------------------

(ဒေါ်အောင်ဆန်းစုကြည်ဆိုတာ လွယ်လွယ်နဲ့ဖြစ်
လာတယ်လို့ မထင်လိုက်ကြပါနဲ့။အခုရေးပြထား
တာတွေဟာ တစ်စိတ်တစ်ပိုင်းလေးပဲ ရှိပါသေး
တယ်)

အမေစုဟာဘယ်လိုခက်ခဲကြမ်းတမ်းတဲ့လမ်းကို
လျှောက်ခဲ့ရသလဲဆိုတာမသိမမှီလိုက်ရတဲ့သူတွေ
လည်းသိရအောင်သိပြီးသူများလည်းပြန်အမှတ်ရ
အောင်(remind)ပေါ့။

ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ


Ye Min added 2 new photos.Follow

သိပ္ပံပညာရှင်တွေ ရဲ့လေ့လာချက်အရ ပိတုန်းဟာ လေပေါ်ပျံတက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ပိတုန်းရဲ့ အတောင်ပံဟာ အရမ်းသေးငယ်ပြီး ခန္ဓာကိုယ်ကပိုကြီးတဲ့ အတွက်ဖြစ်ပါတယ်တဲ့။ သူ့တောင်ပံက သူခန္ဓာကိုယ်ကို သယ်ပြီးပျံသန်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူးတဲ့။ ဒါပေမယ့် ပိတုန်းက ဘာလို့လေပေါ်ပျံနိုင်လဲ။ စိတ်ဝင်စားစရာပါ။
ပိတုန်းက သူ မပျံနိုင်တာကို မသိပဲနဲ့ ကြိုးစားပျံသန်းရင်းနဲ့ ပျံလို့ရသွားတာပါတဲ့။ သဘောက ကိုယ့်ကိုသဘာဝတရားအရ ကန့်သတ်ထားတာကို မသိပဲ ကြိုးစားပြုလုပ်ရင်းက လုပ်လို့ရသွားတာပါ။

“ညီမတို့ကို ကယ်ပါ”


မေ မေ added 2 new photos.

နှစ်သစ်မှာ တာဝန်ရှိသူတွေ ကောင်းမှုကုသိုလ် လုပ်တဲ့အနေနဲ့ ညီမငယ်တွေကို လူမျိုးခြားတွေရဲ့ ကျွန်ပြုခံရခြင်းက အမြန်ဆုံး ကယ်တင်ပါ ...
“ညီမတို့ကို ကယ်ပါ”
သူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံပြီး လူဝင်ဆံ့သည့် အသိုက်အဝန်း တစ်ခုမှ လာသည်ဟု ယူဆသော ဖောက်သည်အချို့ကို သူမတို့က ထိုသို့ တိုးတိုးလေး ကပ်၍ ပြောတတ်သည်။
တာမွေမြို့နယ်၊ အသောက မှတ်တိုင်အနီးရှိ နာမည်ကျော် အိုအေစစ် အနှိပ်ခန်းကြီးတွင် သူမတို့ စုစုပေါင်း ၈၁ ယောက် ရှိကြသည်ဟု သူမတို့ထဲမှ ဘွဲ့ရ ပညာတတ် တစ်ဦးဖြစ်သူ အသက် ၂၁ အရွယ် ဖြူစင်က ပြောပြသည်။

မောင်ကောင်းဆိုတာ_ဘယ်သူလဲ ..


သိန်း မြင့် added 3 new photos.

#မောင်ကောင်းဆိုတာ_ဘယ်သူလဲ ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျွန်တော် တို့ ငယ်ငယ်ကတည်းကနေ အခုအချိန်အထိ ပြောဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။.
အဲဒါက တခြားစကားတော့ မဟုတ်ပါဘူး ..။
“ ငွေ က တန်ဖိုး မရှိတော့ဘူး” ..
စသဖြင့် ပြောဖူးပါတယ်။
ပြန်လည်း ပြောခဲ့ကြဖူးပါတယ်။
“ စံလင်း၊ မောင်ကောင်း ခေတ်ကလို မဟုတ် မှ မဟုတ်ဘဲ ဘယ်လို တန်ဖိုးရှိမှာလဲ ..”
ဆိုပြီး … စသဖြင့် ပေါ့ ..။
အမှန်တကယ် က သမိုင်းမှာဆိုတာထက် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် ၁၉၅၀ ပတ်ဝန်းကျင် ခေတ်က မြန်မာ့ငွေကြေး ဟာ တော်တော်တန်ဖိုးရှိခဲ့ဖူးပါတယ်။..။

ကွန်ဖြူးရှပ်၏ မှတ်သားဖွယ် စကားတစ်ခွန်း

ကွန်ဖြူးရှပ်၏ မှတ်သားဖွယ် စကားတစ်ခွန်း

တစ်နေ့မှာ တရုတ်အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ဟာ လမ်းသွားနေရင်း လူတစ်ယောက်နဲ့ တွေ့တယ်။ အဲဒီလူက မေးတယ်။

" ခင်ဗျားက ကွန်ဖြူးရှပ်ကြီးမဟုတ်လားဗျ။ ၀မ်းသာလိုက်တာဗျာ။ ကျနော်က ဒီလိုပညာရှိကြီးကို တွေ့ချင်တာ ကြာပြီ။ ခင်ဗျားရဲ့ တန်ဖိုးကြီးလှတဲ့ အတွေးအခေါ် အမြော်အမြင်တွေက ကမ္ဘာကြီးကိုတောင် ပြောင်းလဲစေခဲ့ပြီလေ။ ကျွန်ုပ်ကဖြင့် ခင်ဗျားလောက် တော်တဲ့သူ၊ တတ်တဲ့သူ ဒီကမ္ဘာကြီးမှာ မတွေ့ဖူးသေးဘူးဗျ။ လေးစားတယ်ဗျာ။ "

နတ်မောက်... မင်းဘာမှထပ်မလုပ်နဲ့

နတ်မောက်...
မင်းဘာမှထပ်မလုပ်နဲ့
ထိန်လင်းကိုငါတို့ဆီပေးပြီးကတည်းက
ဆယ်ကမ္ဘာစာလောက်တာဝန်ကျေပြီ။

ခင်ကြည်...
ညည်းယောက်ျားကိုသေချာကြည့်ထား
သမီးကလေး ခမည်းပေးဖို့
ရွှေကလေးတစ်ပဲတစ်မူးတောင်
အမေအိုဆီ လက်ဖြန့်တဲ့လူသား။
နိုင်ငံခေါင်းဆောင်ငမွဲကို
ညည်းစိတ်ပျက်ချင်ပျက်
သမိုင်းက စိတ်မပျက်စေနဲ့။

ငွေ စီမံကိန်း အပိုင်း (၁)

ငွေ စီမံကိန်း
---------
အပိုင်း (၁)
သူတို့နှစ်​​ယောက်​က ..
အလုပ်​လုပ်​သက်​လည်း ကြာလာပြီဆို​တော့
ခု​နောက်​ပိုင်း လုပ်​ငန်းပိုကျွမ်းကျင်​ပြီး ၀င်​​ငွေ ပိုကောင်းလာကြတယ်​​။
စားဝတ်​​နေ​ရေးလည်း အ​ဆင်​​ပြေ ၊ ၀င်​​ငွေ​ကောင်းတဲ့အလုပ်​ကိုယ်​စီနဲ့ဆို​တော့ ​မျှော်​လင့်​ချက်​​တွေ ပြည့်​လုပြည့်​ကာနီးပါပဲ။
စိတ်​ကူးယဉ်​ထားသလို ..
မင်္ဂလာ​ဆောင်​ကို အခမ်းနားဆုံးဖြစ်​​အောင်​ စီစဉ်​ကြတယ်​။
တစ်​သက်​မှာတစ်​ခါ​ပဲ ကျင်းပရတဲ့ ပွဲဆို​တော့​လေ ..
.
အိမ်​​ထောင်​ဦးအစမှာ​တော့
တိုက်ခန်းငှားနေပြီး
နှစ်ယောက်ဝင်ငွေထဲကနေ - ငွေများများစုရင်း အိမ်လေးတစ်လုံးဝယ်ဖို့ တိုင်​ပင်​ကြတယ်​။
ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ပြီးရင်​​တော့ သားသမီး​တွေလဲ ရ ၊ အေး​အေးချမ်းချမ်း သာသာယာယာ ပျော်ပျော်ရွှင်ရွှင် နဲ့ မိသားစုဘ၀ ပိုင်​ဆိုင်​ပြီ။
အဲဒါ​ကြောင့်​ လင်​မယားနှစ်​​ယောက်​လုံး အလုပ်ကို ပို ကြိုးကြိုးစားစား လုပ်ကြတယ်​။

ငွေ စီမံကိန်း အပိုင်း (၂)

ငွေ စီမံကိန်း
--------
အပိုင်း (၂)
.
မိတ်​​ဆွေတို့ ကျွန်မတို့ရဲ့
အသုံးအဆောင်​ပစ္စည်း(ဖုန်း၊ အိမ်​၊ ကား၊ ...)စတဲ့ ပိုင်ဆိုင်မှုတွေကို ​ငွေ​ကြေးရှု​ထောင့်​က​နေ စီစစ်ကြည့်​ရ​င်​ -
• ၀င်​ငွေ ​ပေါင်းထည့်​​ပေးတဲ့ ပိုင်ဆိုင်မှု (Asset) နဲ့
• ၀င်​ငွေ နှုတ်​ယူတဲ့ ပိုင်ဆိုင်မှု (Liability) --
ဆိုပြီး (၂) မျိုး ရှိပါတယ်။
ကိုယ့်​မှာရှိတဲ့အိမ်ကို အငှားပေးထားတယ်ဆိုရင် ..
အဲဒီ အိမ်ပိုင်ဆိုင်မှုဟာ ငှားရမ်းခရတဲ့အတွက်​ - ၀င်​ငွေ​ပေါင်းထည့်​​ပေးတဲ့ ပိုင်ဆိုင်မှု (Asset) ပါ။
ဒီလိုမဟုတ်ပဲ အဲဒီအိမ်မှာ ကိုယ်တိုင်နေထိုင်တယ်ဆိုရင်-
လစဉ်​မီတာခ၊ ​မြေခွန်​၊ ရေခွန်၊ အမှိုက်ခွန်၊ အိမ်အသုံးအဆောင်စရိတ် စတဲ့ အသုံးစရိတ်​​ငွေတွေ​ ပေးရတာဖြစ်​တဲ့အတွက်​ ၀င်​ငွေ နှုတ်​ယူတဲ့ ပိုင်ဆိုင်မှု (Liability) ပါ။
ကားဆိုရင်လည်း ဒီလိုပါပဲ။
ကိုယ့်ကိုယ်ပိုင်ကားကို ကိုယ်တိုင်စီးတာလား ၊ အငှားပေးထားတာလား။ အငှားပေးထားတယ်ဆိုရင် ၀င်ငွေပေါင်းထည့်ပေးနေတဲ့(Asset)၊ ကိုယ်တိုင်စီးတာဆိုရင် နှုတ်ယူနေတဲ့(Liability) ပေါ့။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏
၂၀၁၇ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကား
===================================
နိုင်ငံသူ နိုင်ငံသားများခင်ဗျား-
နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင် နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ဘဝကို အရှုံးမပေးသူ (သို့) လက်တွေမရှိတဲ့ စားဖိုမှူး

ဘဝကို အရှုံးမပေးသူ (သို့) လက်တွေမရှိတဲ့ စားဖိုမှူး
=============
ဘာသာပြန်သူ - စည်သူထက် (မအူပင်တက္ကသိုလ်)
ဒီဇာတ်လမ်းလေးကတော့ ထိတ်လန့်စက်ဆုပ်ဖွယ်အကောင်းဆုံး မီးလျှံထဲကို ဖြတ်သန်းခဲ့ရတဲ့ အမျိုးသမီးငယ်လေးတစ်ဦးရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်လမ်းလေးကို ဖတ်ရတဲ့အခါ သင့်ရဲ့ဝဋ်ဆင်းရဲဆိုတာတွေဟာ ဒီမိန်းကလေး ဖြတ်သန်းခဲ့ရတာနဲ့ ယှဉ်မယ်ဆိုရင် ဘာမှ မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်ပါလိမ့်မယ်။
၂၀၀၀ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့က ဖြစ်ပါတယ်။ 'မယ်ရီဆယ်အက်ပတန်' ဟာ ဇမ်ဘိုအမ်ဂါစီရင်စုနယ် (ဖိလစ်ပိုင်) မှာနေတဲ့ ၁၁နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ အဲဒီနေ့မှာ ဒီမိန်းကလေးဟာ ဦးလေးနဲ့အတူ ရေငင်ဖို့သွားခဲ့ပါတယ်။

ဆရာ မင်းလူ ရဲ့ တရားခံ

ဆရာ မင်းလူ ရဲ့ တရားခံ

#တရားခံ#

တကယ်​လို့ သာ
ပန်းသီးတစ်​လုံးဟာ
ကြွေမကျခဲ့ဘူးဆိုရင်
နျူတန်​ကလည်း မမြင်​လိုက်​ဘူး သို့မဟုတ်
အမှုမဲ့အမှတ်​မဲ့ ​နေလိုက်​မယ်​ဆိုရင်
ကမ္ဘာ့ဆွဲငင်​အားလည်းဖြစ်​လာမှာမဟုတ်​။
ကျွန်​​တော်​လည်းသစ်​ပင်​​ပေါ်က
ပြုတ်​ကျမှာမဟုတ်​။

မျက်စိအားကောင်း ချင်သူများအတွက်...


( ကွန်ပျူတာရှေ့မှာ အချိန်ပြည့် ထိုင်ပြီး အလုပ်လုပ်နေတဲ့ သူတွေအတွက် အသုံးဝင်မှာပါ။)
၁) ငါးများများစားပေးပါ။ ငါးများမှာမျက်ခုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။ ငါးမကြိုက်သူများငါကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။

၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက ကလိုရင်းဓါတ်တွေကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို့၊စက်ပြင်ဆရာတို့ဆိုရင်လည်းအကာအကွယ်မျက်မှန်တပ်ဆင်သင့်ပါတယ်။ မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပီး cornea လို့ ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

((( Excellent Tips by Warren Buffett )))

((( Excellent Tips by Warren Buffett )))

ငွေရှာရာတွင် -ဝင်ငွေတစ်ခုတည်းအပေါ်ဘယ်တော့မှမမှီခိုပါနဲ့ ဒုတိယမြောက်အရင်းအမြစ်ကိုဖန်တီးဖို့ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါ

On Earning : Never depend on single income.
Make investment to create a second source.

သုံးစွဲရာတွင်-
မင်းအတွက်မလိုအပ်တဲ့ပစ္စည်းတွေကို
မင်း ဝယ်လိုက်မယ်ဆိုရင် မကြာခင်မှာ မင်းအတွက်လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ရောင်းရလိမ့်မယ်

နိုဘယ်ဆုရှင် ရဲ့ တန်းဖိုးကြီးမားတဲ့ စကား

နိုဘယ်ဆုရှင် ရဲ့ တန်းဖိုးကြီးမားတဲ့ စကား
__________________________
အရင်တုံးကယူအန်မှာ သူမပြောတာလေး

ခုထိ တန်ဖိုးကြီးနေတုံးပါဘဲ

၁၆ နှစ်သမီး အစ္စလာမ်မလေး UN မှာ ပြောသွားတာ ဘယ်လောက် လေးစားစရာကောင်းသလဲ...

အစ်ကိုတို့ အစ်မတို့ရှင့်။

သမီးဟာ ဘယ်သူ့ကိုမှရန်မလိုပါဘူး။

တာလီဘန်တွေကို လက်စားချေလိုတဲ့စိတ်လည်းမရှိပါဘူး။

လွှမ်းမိုးမှု


တစ်ခါတော့ မြက်တောထဲမှာ ကျက်စားနေကြတဲ့ နှံကောင်လေးတွေရှိတယ်။ အဲဒီနှံကောင်တွေဟာ ခုန်တဲ့နေရာမှာ တော်ကြပြီးတော့သူတို့ဟာ ၄ ပေ ၅ ပေ လောက်အထိ ခုန်နိုင်ကြပါတယ်။
တစ်နေ့မှာတော့ လယ်သမား တစ်ယောက်ဟာ လယ်ထဲက ပေါင်းပင်တွေကို ရှင်းပြီးတော့ အိမ်အပြန်မှာ ခြင်းတောင်းတစ်ခုကို မြက်တော့ထဲမှာ မှောက်ပြီး ထားခဲ့ပါတယ်။
ခြင်းတောင်းအောက်မှာတော့ နှံကောင်အုပ်စုက ပိတ်မိနေတာပေါ့။သူတို့ဟာ ကြိုးစားပြီးတော့ ခုန်ကြတယ်။ ၄ ပေ ၅ပေလောက်ရောက်မလားပေါ့။ ဒါပေမယ့် သူတို့ကို ၂ ပေပဲမြင့်တဲ့ တောင်းက အုပ်နေတော့ သူတို့ ဘယ်လောက်ခုန်ခုန် ၂ပေအထိသာရောက်သွားပါတယ်။