Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, July 28, 2016

ဈေးဝယ်သူဆိုတာ။

ဈေးဝယ်သူဆိုတာ။

မြို့တစ်မြို့ရဲ့ လမ်းတစ်လမ်းမှာ အပ်ချုပ်ဆိုင် ၃ ခု ရှိကြတယ်။ သူတို့ဟာ တစ်ဆိုင်နဲ့ တစ်ဆိုင် အပြိုအဆိုင် ရှိကြတယ်။

တနေ့မှာ ပထမဆုံးအပ်ချုပ်ဆိုင်က သူ့ဆိုင်ရှေ့မျက်နှာစာမှာ ဆိုင်းဘုတ်တစ်ခု တင်လိုက်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက "ဒီမြို့မှာ အကောင်းဆုံး အပ်ချုပ်ဆိုင်"တဲ့။

ဒုတိယအပ်ချုပ်ဆိုင်က လူက စဉ်းစားတယ်။ သူ့ထက် သာတဲ့ဆိုင်းဘုတ်တစ်ခုနဲ့ ကြော်ငြာမယ်ဆိုပြီး နောက်တနေ့မှာ ပိုပြီးကြီးတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကို တင်လိုက်ပြန်တယ်။ ဆိုင်းဘုတ်မှာ ရေးထားတာက " တနိုင်ငံလုံးမှာ အကောင်းဆုံး အပ်ချုပ်ဆိုင်"တဲ့။

ကိုယ်ပိုင်လုပ်ငန်းမစတင်ခင် သင့်ကိုယ်သင်မေးရမယ့် မေးခွန်း(9)ချက်

ကိုယ်ပိုင်လုပ်ငန်းမစတင်ခင် သင့်ကိုယ်သင်မေးရမယ့် မေးခွန်း(9)ချက်
-------------------------------------------------------------------------

သင့်ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ ဘဏ္ဍရေး၊ တရားဥပဒေနဲ့ စီးပွားရေး လုပ်ငန်းပိုင်ဆိုင်ရာ အစရှိတဲ့ မေးခွန်းများစွာ သင်ကိုယ်သင်မေးဖို့ လိုပါတယ်။ “ရင်းနှီးငွေရအောင် ဘယ်လို လုပ်မလဲ၊ ဘယ်သူတွေက ငါရဲ့ ပြိုင်ဘက်တွေလဲ၊ ဈေးကွက်မှာ ကိုယ့်ကုန်စည်နဲ့တူတဲ့ ပစ္စည်းတွေရော ရှိလား စသည်တို့ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုမေးခွန်းတွေအပေါ် အဓိကထား ရေးသားတင်ပြမှာမဟုတ်ပါဘူး။ အဲ့အစား မမြင်ရတဲ့ သိမ်မွေ့တဲ့ အရာများကိုသာ အဓိကထား သုံးသပ်သွားပါမယ်။ အောက်ပါ မေးခွန်းကိုးခုဟာ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ သင့်ရဲ့ စွမ်းဆောင်ရည်နှင့် ကိုယ်ရွေးကိုယ်သွေးအပေါ် သင့်ကိုယ်သင် မေးဖို့ လိုအပ်တဲ့ မေးခွန်းများ ဖြစ်ပါတယ်။

နှောင်ကြိုးလေးတစ်မျှင်-Live Show


Monday, July 25, 2016

ကြွက်ပုံပြင်

ကြွက်ပုံပြင်
*******
ပြည်ပမှာ လစာ ဒေါ်လာ နှစ်ထောင်ကျော်နဲ့  အလုပ်လုပ်နေတဲ့ ငယ်သူငယ်ချင်းက ဝန်ထမ်း မလုပ်ချင်တော့ကြောင်း၊ ပြန်လာပြီး စီးပွားရေး လုပ်ချင်တဲ့ အကြောင်း၊ သူ့ မှာ အလုပ်အတွက် အိုင်ဒီယာ ရှိကြောင်း၊ လုပ်နိုင်တဲ့ အရည်အချင်း လည်း ရှိကြောင်း ပြောပြတယ်။

ကိုယ်လည်း သူကို အိုင်ဒီယာ ရှိရင် လာလုပ်သင့်တယ်၊ တိုင်းပြည် စီးပွားရေး အတက်မှာ ရောပါသွားနိုင်တယ်၊ ပြည်ပ အတွေ့ အကြုံနဲ့  အမြင်ရှိသူ တွေဆို ပိုပြီး အခွင့်အလမ်း ရှိတယ်လို့  ပြောပြတယ်။ ခက်တာက သူမှာ အကြောက်တရား ရှိနေတယ်။

"However အသုံးလေးတွေ မှတ်သားထားကြရအောင် ……"

 Saya U Thike Htoon to အင်္ဂလိပ်စာစိတ်ဝင်စားသူများ
"However အသုံးလေးတွေ မှတ်သားထားကြရအောင် ……"
*************************************
1. However you insult me
မင်း ငါ့ကို ဘယ်လိုပဲ စော်ကားစော်ကား
2. However you check me
မင်း ငါ့ကို ဘယ်လိုပဲ စစ်ဆေးစစ်ဆေး
3. However you blames.
မင်း ငါ့ကို ဘယ်လိုပဲ အပြစ်တင်တင်
4. However you neglect me
မင်း ငါ့ကို ဘယ်လိုပဲ ဥပေက္ခာပြုပြု
5. However you love me
မင်း ငါ့ကို ဘယ်လိုပဲ ချစ်ချစ်

ကိုယ့်ကိုယ်ကို တည်ဆောက်ခြင်း

ကိုယ့်ကိုယ်ကို တည်ဆောက်ခြင်း
=====================

ဘဝဆိုတာ တိုက်ပွဲတစ်ခုလို့ သတ်မှတ်ကြမယ်ဆိုရင် ဒီဘဝထဲမှာ အခက်အခဲတွေရှိမယ်၊ ပင်ပန်းဆင်းရဲမှုနဲ့ ကြမ်းတမ်းမှုတွေရှိမယ်။ ဒါ့အပြင် ကိုယ့်ကို တိုက်ခိုက်ကြမယ် အတိုက်အခံဆိုတာတွေရှိမယ်။ ဒါဟာ ထုံးစံတစ်ခုရယ်ပါ..
.
ဒီဘဝထဲမှာ သင့်ကို ချစ်တဲ့သူတွေရှိမယ်၊ သင့်ကို နွေးထွေးစေမယ့်သူတွေရှိမယ်၊ လဲပြိုကျရင် ကမ်းကြိုမယ့် လက်တွေရှိမယ်။ ဒါတွေပဲလားဆိုတော့..
သင့်ကို မုန်းတဲ့သူတွေ၊ နာကျင်စေမယ့်သူတွေ၊ ခြေထိုးခံမယ့်သူတွေလည်း ရှိပါသေးတယ်။ အဖြူရှိရင် အမဲရှိသလို၊ ချစ်သူရှိရင်လည်း မုန်းသူရှိနေနိုင်တယ်ဆိုတာ
ထုံးစံပါ။

ရင့်ကျက်သွားတဲ့အခါ...

ရင့်ကျက်သွားတဲ့အခါ...
=============
အရင်တုန်းက တစ်ခုခု ဒေါသထွက်ရင် ချက်ချင်း
မစဉ်းစားပဲ ပြန်ပြော၊ ပြန်လုပ်တတ်ပေမယ့် အခု
တော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကိုအချိန်မီ
ပြန်မျိုချတတ်လာတယ်။

အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့
အထိခံစားတတ်ပေမယ့် အခုတော့ တစ်ဖက်နား
ကဝင်ပြီး အခြားတစ်ဖက်က ထွက်သွားတယ်။

သမီးလေးထံသို့

သမီးလေးထံသို့
================

သမီး….လွတ်လွတ်လပ်လပ် တွေးခေါ်ပါ။
မိန်းမဆိုတာ...မေတ္တာအရရော၊ ငွေရေးကြေးရေးအရပါ
သူတစ်ပါးကို နည်းနည်းပါးပါး အားကိုးလို့ ရရင်ရမယ်။
ဒါပေမဲ့....အကောင်းဆုံးကတော့
ကိုယ့်ကိုယ်ကို အားကိုးခြင်းပါပဲ။

သမီး…စာများများဖတ်ပါ။ များများလေ့လာပါ။
ပန်းအိုးဆိုတာ ကျကွဲလွယ်လွန်းတတ်သလို
လှပခြင်းဆိုတာလည်း ရင့်ရော်လွယ်လွန်းလှပါတယ်။
သမီးရဲ့ ရင်တွင်းအလှ နဲ့ ပင်ကိုယ်အရည်အသွေးများသာ
သမီးကို အမြဲ အဖေါ် ပြုသွားမှာပါ။

သမီး…အထီးကျန်ခြင်းနဲ့ ရင်းနီးကျွမ်းဝင်နေပါစေ။

ဗိုလ်ပြုတ်ခင်ညွန့်

 
 
ဗိုလ်ပြုတ်ခင်ညွန့် ခေတ်ကောင်းစဉ်အချိန်က အရမ်းဥာဏ်ပြေးခဲ့တယ်။ကောင်းတဲ့ဥာဏ်တော့မဟုတ်ဘူး
ကလိမ်ကကျစ်ဥာဏ် မိန်းမလိုမိန်းမရဥာဏ်ပြေးတာ။ သူပါဝါရှိစဉ် နိုင်ငံရေးသမားနဲ့ကျောင်းသားတော်
တော်များများကိုမတရားဖမ်းဆီးထောင်ချခဲ့တယ်။
ပြည်ပကဝင်လာတဲ့အကြမ်းဖက်သမား တော်တော်
များများကိုလည်း နယ်စပ်မှာတင် ဖမ်းမိတာများတယ်။ သူမဖော်နိုင်တဲ့အမှု သိပ်မရှိဘူး။မဖော်ချင်လို့ ထားရစ်တာပဲရှိတယ်။ ဒီပဲယင်းလုပ်ကြံမှုကိုသ
ူမဖော်ရဲတာသူ့ဆရာခိုင်းထားလို့ ငါးလောင်းပြိုင်
လူသတ်မှုနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာဗုံးပေါက်တာ
တွေကတော့ သူမရှိတော့တဲ့နောက်ပိုင်းမှဖြစ်တာ
အဲလိုလူတစ်ယောက်က သူ့ကိုလူအများပြုံးစေ့စေ့
ကြည့်ပြီး ရူးသွားပြီလားအထင်ရောက်အောင်လုပ်
ပြနေတာ ဘာ့ကြောင့်လဲဆိုတဲ့ ဖြစ်နိုင်ခြေကိုနိုင်ငံ
ရေးသမားတိုင်းတွက်ဆလို့ရတယ်

စီးကရက်


စီးကရက်

စီးကရက်သည် လူတို့တီထွင်ထားသော ဖွာရှိုက်၊ အကြံထုတ်၊ စတိုင်ထုတ်စရာ အရာဝတ္တုပစ္စည်း တစ်ခုပင်ဖြစ်သည်။ အဓိကအားဖြင့်စိတ်ဖိစီးမှုမှ ထွက်ပေါက်တခုအဖြစ် သောက်သုံးကြခြင်းပင် ဖြစ်သည်။ စီးကရက်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ စီးကရက်(သို့) ဆေးလိပ်ဆိုသောအရာသည် မကောင်းမှန်း သိပေမဲ့ ဖြတ်ရအတော်ခက်တတ် ကြပါသည်။

စီးကရက်သောက်ခြင်း

Yahoo ကျဆုံးခန်းကရတဲ့ အမြတ်

Yahoo ကျဆုံးခန်းကရတဲ့ အမြတ်

အရင်က search engine ဘုရင်ကြီးဖြစ်တဲ့ Yahooကို telecom giant Verizon က ၀ယ်လိုက်ပါပြီ။ ဒေါ်လာ ၁၂၅ ဘီလီယံလောက်တန်ခဲ့တဲ့ Yahoo ဟာ အခု Google နဲ့ Facebook ရနေတဲ့နေရာမျိုးကို အစောကြီးရခဲ့ပေမယ့် အောင်မြင်မှုကို မထိန်းနိုင်ပဲ ခုလိုမျိုး ဒေါ်လာ ၄.၈ဘီလီယံနဲ့ ထိုးရောင်းလိုက်ရတာပါ။

နည်းပညာလောကဟာ ဘီလူးသတ်လောက giant slayer လို့ ပြောရလောက်အောင် အကောင်ကြီးတွေ အကျအဆုံးများပါတယ်။ လူတိုင်းလက်ထဲမှာ ရှိခဲ့တဲ့ Nokia ဖုန်း လူမသိသူမသိနဲ့ ပျောက်သွားပါတယ်၊ Blackberry မကိုင်ရင် မဖြစ်အောင် တစ်ခေတ်ထလိုက်ပြီး ပြန်ပြုတ်သွားတယ်၊

အလက်ဇန္ဒားဘုရင်ကြီးရဲ့ နောက်ဆုံးဆန္ဒ ၃ ခု။

အလက်ဇန္ဒားဘုရင်ကြီးရဲ့ နောက်ဆုံးဆန္ဒ ၃ ခု။

ကမ္ဘာ့သမိုင်းကို သင်ဖူး လေ့လာဖူးသူတိုင်း ဂရိနိုင်ငံက အလက်ဇန္ဒားဘုရင်ကြီးအကြောင်းကို သိကြမှာပါ။ သူဟာ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီး စစ်ရေးဗျူဟာ ကျွမ်းကျင်တာကြောင့် အီဂျစ်၊ ပါရှား၊ အိန္ဒိယအပါအဝင် ကမ္ဘာ့တိုက်ကြီး ၃ တိုက်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။

ဘုရင်ကြီးဟာ နိုင်ငံများစွာကို စစ်နိုင်သိမ်းပိုက်ပြီးတာနဲ့ သူ့နေရပ် ဂရိနိုင်ငံကို ပြန်လာခဲ့တယ်။ လမ်းမှာ အဖျားရောဂါ စွဲကပ်ပြီး အိပ်ယာပေါ်လဲသွားတယ်။ ရောဂါက ပြင်းလွန်းတာကြောင့် သူ့ရဲ့ဆေးဆရာတွေက ကုသမရတော့ပဲ လက်လျှော့လိုက်ကြတယ်။

နိုင်ငံတနိုင်ငံအတွက် အလိုအပ်ဆုံးအရာ "နိုင်ငံ့ချစ်စိတ်"။

နိုင်ငံတနိုင်ငံအတွက် အလိုအပ်ဆုံးအရာ "နိုင်ငံ့ချစ်စိတ်"။

တနေ့မှာ တရုတ်ပညာရှင်ကြီး ကွန်ဖြူးရှပ်စ်ကို သူ့တပည့်ရင်း ဇီဂေါင်းက "နိုင်ငံတစ်နိုင်ငံဟာ သူ့ဖါသာ သူ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်နိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ"လို့ မေးလိုက်တယ်။

ကွန်ဖြူးရှပ်စ်က ခုလို ပြန်ဖြေတယ်။

"နံပါတ် (၁) - နိုင်ငံတော်ကို အင်အားတောင့်တင်းတဲ့ စစ်တပ်ဆိုတာ ရှိရမယ်"

"နံပါတ် (၂) - စားရေရိက္ခာပေါများ ဖူလုံရမယ်"

"နံပါတ် (၃) - ပြည်သူလူထုမှာ နိုင်ငံ့ချစ်စိတ်ရှိရမယ်"

သူသိချင်တာကို အမြဲကတ်သီးကတ်သတ်မေးလေ့ ရှိတဲ့ဇီဂေါင်းက ခုလိုမေးခွန်းထပ်မေးလိုက်ပြန်တယ်။

ရှုံးနိမ့်တာ ဘယ်သူ့ကြောင့်လဲ။

ရှုံးနိမ့်တာ ဘယ်သူ့ကြောင့်လဲ။

လူ့ဘဝမှာ အလုပ်လုပ်ရင်း ရှုံးနိမ့်မှုဆိုတာ ကြုံတွေ့ရမှာ ဓမ္မတာပါ။ အရှုံးနဲ့ မကြုံတွေ့တဲ့သူဟာ ဘာမှမလုပ်တဲ့လူပဲ ဖြစ်ပါလိမ့်မယ်။

လူအများစုဟာ အရှုံးနဲ့ ကြုံတွေ့တဲ့အခါ ဘယ်လိုပြောကြသလဲ။
- "ကံမကောင်းလွန်းလို့ ဒီလိုဖြစ်ရတာပါ"
- "ငါ့မှာ လုပ်ဖေါ်ကိုင်ဖက်ကောင်း မရှိလို့ပါ"
- "ငါ့လက်ထဲမှာ ငွေအလုံအလောက် မရှိလို့ပေါ့ကွာ"
- "ငါ့ဘော့စ်က ငါပြောတာမှ နားမထောင်တာကိုး"
- "ငါ့ကို အလုပ်တွေ အများကြီးခိုင်းထားတော့ ဒါကိုအာရုံမစိုက်နိုင်ဘူး"
- "အစိုးရက လုပ်သင့်တာကို မလုပ်ဘူးလေ"
- "ငါ့ဖေါက်သယ်တွေက ဘက်လိုက်ပြီး တခြားဆိုင်တွေမှာ အားပေးကြတာကိုး"

အမေရိကားက ဆူရှီသူဌေး ကိုဖိလစ်မောင်ရဲ့ ဟောပြောချက် ၉ ချက်

အမေရိကားက ဆူရှီသူဌေး ကိုဖိလစ်မောင်ရဲ့ ဟောပြောချက် ၉ ချက်
---------------------------------------------------------------------------

၁၃ဒေါ်လာနဲ့ အမေရိကားရောက်သွားပြီး ဆူရှီဆိုင်ပေါင်း ၃၀၀ကျော်ပိုင်တဲ့၊ သမ္မတကတော် မီရှဲလ်က ခေါ်တွေ့ရတဲ့ မြန်မာလူမျိုး ကိုဖိလစ်မောင်ရဲ့ ဇူလိုင်၂၀ရက်နေ့မှာလုပ်တဲ့ အတွေ့အကြုံပညာဝေမျှပွဲက အဓိကပြောချက်တွေပါ။

၁) မိဘကဆင်းရဲတယ်၊ မိဘရဲ့လုပ်ငန်းကို ညဥ့်နက်သန်းခေါင်ထိ ၀ိုင်းလုပ်ခဲ့တဲ့အတွေ့အကြုံက အမေရိကားရောက်တဲ့အခါ အကျိုးပြုတယ်။

၂) အရင်းအနှီးမရှိဘဲ စလုပ်ခဲ့ရတယ်။ အရင်းအနှီးရှာဖို့ ဘဏ်ကို ပထမခြောက်လမှာ နေ့တိုင်းလောက်ရောက်တယ်။ ဘဏ်က ဘယ်သူကမှ စကားမပြောချင်။

A (သို့) B အစား ဘာ့ကြောင့် C ဟာ ကွန်ပျူတာရဲ့ Default Drive ဖြစ်နေရသလဲ

A (သို့) B အစား ဘာ့ကြောင့် C ဟာ ကွန်ပျူတာရဲ့ Default Drive ဖြစ်နေရသလဲ
-----------
ကျွန်ုပ်တို့ နေ့စဉ်အသက်ရှင်နေထိုင်ရင်း အရေးကြီးတဲ့အရာတွေ အမှတ်မထင် တွေ့ကောင်းတွေ့နိုင်ပါတယ်။ အများအားဖြင့် ထူးဆန်းတဲ့အရာကို ကျွန်ုပ်တို့ သတိမမူမိကြပါဘူး။ နည်းပညာတိုးတက်မှုနဲ့အတူ ကွန်ပျူတာသုံးစွဲမှုက လိုအပ်ချက် ဖြစ်လာခဲ့ပါတယ်။ နည်းပညာလောကရဲ့ လက်ရှိအနေအထားမှာ ကွန်ပျူတာက လူသားတွေရဲ့မရှိမဖြစ်အစိတ်အပိုင်းတစ်ခုလို့ ပြောရင် အံ့သြစရာမရှိပါဘူး။ နှစ်ပေါင်းများစွာ ကွန်ပျူတာအသုံးပြုလာခဲ့ကြသည့်တိုင် ကျွန်ုပ်တို့မသိသေးတဲ့အရာများစွာ ရှိနိုင်ပါတယ်။

ယောက်ျားတစ်ယောက်က ပြောတယ်......

ယောက်ျားတစ်ယောက်က ပြောတယ်......

(၁) မိန်းကလေးတစ်ယောက်ဟာ သိပ်ချောသိပ်လှစရာမလိုဘူး။
လူကြားသူကြားထဲခေါ်ထွက်လို့ရပြီး အိမ်အပြန်ခေါ်ပြန်လာလို့ရရင် ရပြီ။

(၂) ဖြစ်ခဲ့ဖူးတဲ့အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။

(၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာလုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ
အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့အား ငါ့မှာရှိတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် သဘာဝကုထုံးများ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းအတွက် သဘာဝကုထုံးများ

-------------------------------------------------------------------------------------------------- #ဒေါက်တာခင်မိုးမိုး

ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ နာကျင်တာလိုမျိုး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါအတွက် အောက်ပါ သဘာဝနည်းလမ်းတွေကို ပြုလုပ်ကြည့်ပါ။

#ရေများများသောက်ပါ

ရေသောက်လိုက်တာကြောင့် ဆီးထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်အလေးချိန် (အောင်စ)ရဲ့ တစ်ဝက်ခန့်ရှိတဲ့ ရေပမာဏကို နေ့စဉ် သောက်ရမှာဖြစ်ပါတယ်။

အောင်မြင် ချမ်းသာတဲ့သူ အများစုကျင့်သုံးလေ့ရှိတဲ့ နေ့စဉ်အမူအကျင့်များ

အောင်မြင် ချမ်းသာတဲ့သူ အများစုကျင့်သုံးလေ့ရှိတဲ့
နေ့စဉ်အမူအကျင့်များ
======================================
အောင်မြင်တိုးတက်ပြီး ချမ်းသာအောင် လုပ်ဖို့ဆိုတာ အပြောလွယ် သလောက် အလုပ်အင်မတန် ခက်ပါတယ်။ ငွေကြေးချမ်းသာပြီး
အောင်မြင်နိုင် မယ့်နည်းလမ်းတွေအကြောင်းရေးသားထားတဲ့ စာ
အုပ်မျိုးစုံ၊ သင်တန်းမျိုးစုံရှိနေပေမဲ့ လက်တွေ့အောင်မြင်တဲ့ သူက ၁ ရာခိုင်နှုန်းလောက်တောင်မရှိပါဘူး။

သူတို့ ဘာလို့အောင်မြင်လာကြတာလဲ။သေချာတာကတော့ သူတို့မှာ စိတ်တန်ခိုးတွေရှိနေလို့မဟုတ်ပါဘူး။သူတို့က ချမ်းသာစေမယ့် အမူ အကျင့်တွေကို တန်ဖိုးထားကျင့်သုံးကြလို့ပဲ ဖြစ်ပါတယ်။ သူတို့ကျင့်သုံးတဲ့ အမူအကျင့်တွေကတော့-

Sunday, July 24, 2016

အကယ်၍..တစ်စုံတစ်ယောက်က သင့်ကို သေးသိမ်တဲ့လုပ်ရပ်တွေနဲ့ တိုက်ခိုက်လာခဲ့ရင်


ပုညခင်

အကယ်၍..တစ်စုံတစ်ယောက်က သင့်ကို သေးသိမ်တဲ့လုပ်ရပ်တွေနဲ့ တိုက်ခိုက်လာခဲ့ရင် အလျင်စလို မမုန်းလိုက်ပါနဲ့ဦး..။
သင်က သူ့ကို မုန်းရမှာမဟုတ်ပါဘူး ။
သင်က သူ့ကို သနားရမှာပါ ။
၁။ သူဟာ သင့်လိုဖြစ်ချင်ပေမယ့် သင့်လိုမဖြစ်ရတဲ့အတွက် သူ့ရဲ့အားငယ်တဲ့စိတ်ကို ရန်လိုတဲ့အသွင်အဖြစ် ပြောင်းလဲလိုက်တာလည်း ဖြစ်နိုင်ပါတယ် ။
၂။ သူ့ဘဝဟာ မပြေလည်မှုတွေများခဲ့လို့ စိတ်ချဉ်ပေါက်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။
၃။ သူက အများရဲ့အသိအမှတ်ပြုမှုကို လိုချင်ပေမယ့် မရခဲ့လို့ အများက အသိအမှတ်ပြုတဲ့သူကို တိုက်ခိုက်ခြင်းနဲ့ စိတ်ဖြေတာလည်း ဖြစ်နိုင်ပါတယ် ။

သင့်ရဲ့အထက်အရာရှိ ၊ ဘော့စ် သဘောကျသွားမယ့် အရည်းအချင်း (၁၀) မျိုး

သင့်ရဲ့အထက်အရာရှိ ၊ ဘော့စ် သဘောကျသွားမယ့် အရည်းအချင်း (၁၀) မျိုး
----------------------------------------------------------------------------------------

အလုပ်တိုင်းမှာ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ဒါပေမယ့် အလုပ်ရှင်သူဌေးအားလုံးကတော့ သူတို့ဝန်ထမ်းတွေကို တူညီတဲ့အခြေခံလိုအပ်ချက်တွေနဲ့ ရှာဖွေခန့်ထားလေ့သာရှိပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကိုယ့်အထက်အရာရှိတွေ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ ပိုသက်သာသွားစေမယ်၊ သူတို့တွေ အလုပ်နဲ့ပတ်သက်ပြီး ဘယ်လိုမျှော်လင့်ချက်တွေထားတယ်၊ ရည်ရွယ်ချက်တွေရှိတယ်ဆိုတာ နားလည်တယ်၊ သူတို့အောင်မြင်မှု လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုအမြင်ရှိတယ်ဆိုတာ ဝေမျှတတ်မယ်ဆိုရင် သင်ဟာ သင့်အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေ၊ သူဌေးရဲ့ ယုံကြည်ပြီး အားကိုးအားထားပြုရသူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ဒီတော့ လုပ်ဆောင်ရမယ့် အချက်လေးတွေက

လူချမ်းသာများ ဘယ်တော့မှ လုပ်လေ့လုပ်ထမရှိတဲ့ ငွေကြေးသုံးစွဲမှုအမှား (၁၀) ခု

လူချမ်းသာများ ဘယ်တော့မှ လုပ်လေ့လုပ်ထမရှိတဲ့ ငွေကြေးသုံးစွဲမှုအမှား (၁၀) ခု
--------------------------------------------------------------------------------------------------

ပိုက်ဆံဘယ်လိုသုံးရမလဲ ဆိုတဲ့ အကြံပေးမှုမျိုးတွေ ကျွန်ုပ်တို့ မကြခဏကြုံရတယ်ဆိုပေမယ့် အများစုကတော့ စုမိဆောင်းမိမရှိကြပါဘူး။ တခါတရံ ဂွကျကျအကြံမျိုး ဥပမာ၊ နေ့လည်စာကို မစားပါနဲ့၊ ဈေးပေါပေါကော်ဖီကိုသာသောက်ပါ၊ ဆံပင်ကို အကြာကြီးနေမှ တခါညှပ်ပါ စတဲ့ အကြံဥာဏ်တွေလည်း ရတတ်ပါသေးတယ်။ ဒါတွေက မှန်ကန်တဲ့ အကြံမျိုးတွေမဟုတ်ဘဲ ကိုယ့်ကို ပိုတောင် ဆင်းရဲသွားစေနိုင်ပါတယ်။

မြို့တော်ဝန်တစ်ဦး၏ အရှက်တရား

မြို့တော်ဝန်တစ်ဦး၏ အရှက်တရား
+++++++++++++++++++++++++

အမေရိကန်နိုင်ငံတစ်ခုလုံး စီးပွားရေးပျက်ကပ် ကြုံတွေ့နေရတဲ့အချိန်အခါဖြစ်ပါတယ်။
၁၉၃၅ ခုနှစ်၊ အလွန်ချမ်းအေးတဲ့ ဆောင်းရာသီရဲ့ နေ့တစ်နေ့မှာ နယူးယော့မြို့ ရဲ့တရားရုံးတစ်ခုမှာ အမူတစ်ခုကို စစ်ဆေးနေပါတယ်။

လူတွေမှာအားနည်းချက်နှစ်မျိုးရှိပါတယ်

လူတွေမှာအားနည်းချက်နှစ်မျိုးရှိပါတယ်
ပထမအားနည်းချက်က ကိုယ်တော်ကြောင်း
ကိုယ်မသိဘဲ အားငယ်နေတာဖြစ်ပြီး
..................
ဒုတိယအားနည်းချက်ကတော့ ကိုယ်ညံ့တာ ကိုယ်မသိဘဲ ဘ၀င်မြင့်နေတာဖြစ်ပါတယ်. .
................
သာယာတဲ့ ပတ်ဝန်းကျင် ဖန်တီးချင်ရင်တောင်းပန်စကားပြောတာနဲ့ ဂုဏ်ပြုစကားပြောတာကို ပြောသင့်ပြောထိုက်တဲ့နေရာတိုင်း ၊
အချိန်တိုင်းမှာ အံဝင်ခွင်ကျ ပြောတတ်ဖို့လိုပါတယ်.

တကယ်လို့ လင်မယားတိုင်း လင်မယားတိုင်းသာ ပျော်ပျော်ရွှင်ရွှင် အတူဆော့ကစားနိုင်ကြရင်

လင်မယားနှစ်ယောက်မှာ ကိုယ့်ဝါသနာ၊ သူ့ဝါသနာဆိုပြီး မတူတဲ့ဝါသနာကိုယ်စီရှိရင်လည်း ကောင်းတယ်။ ဝါသနာမတူပေမယ့် အပေးအယူမျှတယ်ဆိုရင်ကောင်းတယ်။ တသီးတခြားဆိုပေမယ့် အချင်းချင်းဂရုစိုက်အားပေးဖို့လိုတယ်။
.
ဒါပေမယ့် အချိန်တော်တော်များများမှာ ကိုယ့်ဝါသနာ၊ သူ့ဝါသနာနဲ့ ဆော့ကစားရင်း ဝါသနာဖော်တွေရတတ်သွားကြတယ်။ ယခုခေတ်မှာ တန်ဖိုးအပြောင်းအလဲများတယ်။ ချစ်သူကြားဆက်ဆံနေထိုင်မှု၊ အိမ်ထောင်ရေးတည်ရှိမှုပုံစံက မပြတ်ပြောင်းလဲနေတယ်။ တကယ်လို့ လင်မယားနှစ်ယောက်စလုံး ဝါသနာတူဖြစ်နိုင်ရင် အကောင်းဆုံးပါ။ ဒီလိုမှမဟုတ်ရင် ဝါသနာတူအဖော်တွေ သူတို့ရတတ်သွားပါတယ်။ လူ့ဘဝက ရှည်တယ်လည်းမဟုတ်၊ တိုတယ်လည်းမဟုတ်.. ဆံဖြူသွားကျိုးထိတိုင်ဆိုတာက နေ့နေ့ညညတစ်ရက်ချင်းစီနဲ့ ဖွဲ့စည်းထားတာပဲမဟုတ်လား… နေ့နေ့ညညအတူနေရတဲ့ဝါသနာဆိုတာလေးတောင်မရှိရင် ဘာဆံဖြူသွားကျိုးလို့ဆိုနေဦးမလဲ…

ငွေနည်းနည်းနဲ့ အလုပ်စလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ နည်းလမ်း ၈ ခု

ငွေနည်းနည်းနဲ့ အလုပ်စလုပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ နည်းလမ်း ၈ ခု
---------------------------------------------------------------------------------------

စွန့်ဦးတီထွင်လုပ်ငန်းရှင်များဟာ အောင်မြင်နိုင်လောက်တဲ့ စီးပွားရေးအိုင်ဒီယာများ ရှိတတ်ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြုပ်နှံနိုင်တဲ့ စွမ်းအားမရှိတာကြောင့် ရှေ့မဆက်ကြတော့ပါဘူး။ သူတို့မှာ ရင်းနှီးငွေ မရှိရင်ပဲ ခြေတလှမ်းတောင်မှ ဆက်မလှမ်းနိုင်တော့ဘူးလို့ ယူဆကြပါတယ်။
နေ့စဉ်နေ့တိုင်း လုပ်ငန်းသစ်များဟာ ဒေါ်လာ မီလျံနဲ့ချီပြီးတော့ စွန့်စားရင်းနှီးတဲ့လုပ်ငန်းတွေကနေ ငွေကြေးအရင်းအနှီးတွေ ရနေကြပါတယ်။ ဒါပေမယ့် သင်မကြားလိုက်တာကတော့ လုပ်ငန်းတစ်တော်တော်များများဟာ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ ကျရှုံးသွားပြီးတော့ ရင်းနှီးထားတဲ့ မီလျံချီဒေါ်လာတွေဟာလည်း မီးရှို့လိုက်သလို ဆုံးရှုံးသွားပါတယ်။

လူတိုင်း အောင်မြင်ချင်ကြပြီး လူတိုင်းမအောင်မြင်တဲ့ အချက်က ဘာဖြစ်မလဲဆိုရင် အခက်အခဲကို မကျော်လွှားနိုင်ခြင်းသာ ဖြစ်ပါတယ်။

လူတိုင်း အောင်မြင်ချင်ကြပြီး လူတိုင်းမအောင်မြင်တဲ့ အချက်က ဘာဖြစ်မလဲဆိုရင် အခက်အခဲကို မကျော်လွှားနိုင်ခြင်းသာ ဖြစ်ပါတယ်။

အခက်အခဲနဲ့ တွေ့ကြုံရပြီဆိုရင် ဒါဟာ အခက်အခဲကြီးပါလားလို့ သိမ်ငယ်အားနွဲ့စိတ်နဲ့ ရှုမြင်ကြတာက များပါတယ်။ ဒီလိုရှုမြင် သုံးသတ်ပုံဟာ ဘယ်တော့မှ အခက်အခဲကို ကျော်လွှားနိုင်တော့မှာ မဟုတ်တော့သလို ဘယ်တော့……ဘယ်တော့မှလည်း အောင်မြင်တော့မှာ မဟုတ်ပါဘူး။

ခရီးသွားတိုင်း အိမ်ရှင်နိုင်ငံတွေက

ခရီးသွားတိုင်း အိမ်ရှင်နိုင်ငံတွေက
======================

ကျွန်မတို့အတွက် အကောင်းဆုံး စီစဉ်ပေးတဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ အကောင်းဆုံးဆိုတော့လည်း ခုတင်ဆိုရင် King Size (ဘုရင်ဆိုက်) နှစ်ယောက်အိပ်မျိုးထက်တော့ ဘယ်တော့မှ မသေးပါဘူး။ တစ်ခါတလေ သုံးယောက်လောက်တောင် ဆံ့တာတွေလည်းရှိပါတယ်။

Google ရဲ့ အနှစ်သာရတွေမြန်မာ့အင်တာနက် အသုံးပြုသူတို့ကြားပျောက်ကွယ်တော့မှာလား?

 
 
Google ရဲ့ အနှစ်သာရတွေမြန်မာ့အင်တာနက် အသုံးပြုသူတို့ကြားပျောက်ကွယ်တော့မှာလား? (Zawgyi Version)

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုမှု မြင့်တက်လာတာနဲ့အမျှ အင်တာနက် အသုံးပြုမှုကလည်း မြှင့်တက်လာခဲ့ပါတယ်။ အင်တာနက်အသုံးပြုနှုန်းလို့ ဆိုတဲ့နေရာမှာ တကယ်ပဲ အင်တာနက်ကို အကျိုးရှိရှိအသုံပြုလာခဲ့ကြတာလား? အဖြေကတော့ No ပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ငါးနှစ်ကထက် အင်တာနက်အသုံးပြုသူများလာပေမဲ့ တကယ်တမ်း အင်တာနက်ကို အကျိုးရှိရှိ အသုံးပြုသူ အရမ်းနည်းပါလာခဲ့ပြီး Social Application တွေကိုသာ အသုံးပြုလာခဲ့ကြတာပါ။ ကျွန်တော်နယ်ဘက်ကို ဟောပြောပွဲတစ်ခုအတွက် သွားတော့ နယ်ဘက်က လူတစ်ချို့ကို အင်တာနက်ဆိုတာဘာလဲ ဆိုပြီးမေးကြည့်ဖူးတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ အဖြေက အင်တာနက်ဆိုတာ Facebook နဲ့ Viber လို့ ဖြေကြပါတယ်။ တကယ်ပဲ အင်တာနက်ဆိုတာ Facebook နဲ့ Viber ပဲဖြစ်နေကြပြီလား?

"ငါတို့ လက်ထပ်ပြီးရင်.., "

"ငါတို့ လက်ထပ်ပြီးရင်.., " 💑
👰 ပူမနေနဲ့ ... ငါ အိမ်ထောင်ရှင်မကောင်း လုပ်ဖို့ ဆုံးဖြတ်ပြီးသား ။ ဘယ် ဖိတ်စာမှာမှ ငါ့နာမည် ရှေ့ကတပ်ပြီး မလာစေရဘူး.. ။ နင်သာ ဖိတ်တဲ့ပွဲတိုင်း ငါ့လက်တွဲပြီး တတ်ပေး...

👰 နင်အဟာရပြည့်ဝပြီး စားကောင်းအောင် ငါချက်တတ်တယ်။ နင်ကြိုက်တတ်တာတွေလည်း ကြိုးစားပြီး ချက်ပေးမယ်။ ညစာ အိမ်မှန်မှန် ပြန်စားပါ့မယ် လို့ ကတိပေး..,

👰 အလှပျက်သွားမှာစိုးလား .. ဝေးသေး။ အပျိုဘဝကထက် အနေအထိုင် အစားအသောက် ဆင်ခြင်မယ် ။ gym မှန်မှန်ဆော့မယ်။ ပိုမဝပဲ ပိုလှလာစေရမယ်။ လေ့လာသင့်တာ လေ့လာမယ်။ နင်သာ ငါ့အလှအပတွေကို ဂရုစိုက်မိပါစေ..

အတွေးအမြင် သဘောထား ကြီးရင့်မှု

 
အတွေးအမြင် သဘောထား ကြီးရင့်မှု
--------------------------------------
“သင် ၏ ရန်သူ ကို သတိပြုပါ။ သူသည် သင် ၏ ချို့တဲ့ချက် ကို ပထမဆုံး မြင်သူဖြစ်သည်။” ဟူသော စကား ရှိပါသည်။ အတိုက်အခံ ဖြစ်နေသူက ထောက်ပြလိုက်သော မိမိပျော့ကွက်ကို မြင်လိုက်လျှင် မိမိကိုယ်မိမိ အချိန်မှီ ပြင်ဆင်နိုင်သည့်အတွက် အကျိုးကျေးဇူး ကြီးမားကြောင်း ပြဆိုသော စကား ဖြစ်ပါသည်။
လူလိမ္မာ တို့သည် သူတစ်ပါး ၏ အမှားမှ သင်ခန်းစာ ရယူနိုင်ကြ၏။
လူမိုက် တို့ကား မိမိကိုယ်တိုင် မှားမှ သင်ခန်းစာ ရယူနိုင်ကြ၏။
ပို၍ မိုက်မဲသော သူတို့သည်ကား မိမိကိုယ်တိုင် မှားပါလျက် သင်ခန်းစာ မယူတတ်ကြကုန်။

လူငယ့်ဇွဲ နှင့် ကျွန်ပညာ

စိတ်ဒဏ်ရာ မှ စိတ်စေရာ

 သိမ်းထားချင်တဲ့ စာစုလေးများ

~~ စိတ်ဒဏ်ရာ မှ စိတ်စေရာ ~~
ငါ့ရဲ့ပျော့ညံ့တဲ့စိတ်ကို ခေါင်းမာမှုနဲ့အစားထိုးထားတယ်
ငါ့ရဲ့ပူပင်တဲ့ဘဝကို တင်းမာစွာနဲ့ အံတုထားတယ်
ငါ့ရဲ့လိုချင်မှုကို ဟန်ဆောင်မှုနဲ့ ငြင်းပယ်ထားတယ်
ငါ့ရဲ့မုန်းတီးမှုကို အဖက်မလုပ်ပဲပစ်ပယ်ထားတယ်
ငါ့ရဲ့စိုးရိမ်မှုကို အေးဆေးတည်ငြိမ်မှုနဲ့ နေပြထားတယ်
ငါ့ရဲ့ခံစားချက်ကို မီးစာအဖြစ်သိုလှောင်ထားတယ်
ငါ့ရဲ့အားနည်းမှုကို လျို့ဝှက်မှုနဲ့ မေ့ထားခဲ့တယ်
ငါ့ရဲ့ဆန္ဒတွေကို မျိုသိပ်မှုနဲ့ သိမ်းဆည်းထားတယ်
ငါ့ရဲ့ပင်ပန်းမှုတွေကို နာကျည်းမှုနဲ့ ရှေ့ဆက်ထားတယ်
ငါ့ရဲ့ဆုံးဖြတ်မှုကို အမှန်တရားနဲ့ သုံးသပ်ထားတယ်

ကျွန်မရင့်ကျက်လာတာနဲ့အမျှ…

ကျွန်မရင့်ကျက်လာတာနဲ့အမျှ…

၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။

၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ်။

၃။ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီး နားလည်လာတယ်။

၎။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်မကို ထိုက်တန်တဲ့ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။

အားလုံးကိုကျော်ဖြတ်ရမယ်(1+2)

01-အချစ်လေးမူ-ရန်အောင်
02-ငါဘိုဘိုဟန် နင်ဘယ်သူလဲ-ရင်ဂို
03-တစ်ခါတစ်လေတော့လည်း-ကဗျာဘွဲ့မှူး
04-ချစ်သွားပြီ ကလေးရေ-စည်သူလွင်
05-တုန့်ပြန်ဖို့ မလိုဘူးလား-တင့်တင့်ထွန်း
06-ခုနှစ်တွေ မင်းသမီးငိုပွဲ-အံ့မော်ဦး
07-ကဗျာမမီ စာမမီ-မီမီဝင်းဖေ
08-မင်းကိုချစ်လို့-ဒွေး
09-ကိုကိုချစ်-သဲနုဆည်းဆာ
10-စံပယ်ပွင့်လေး-အောင်ရင်
11-အချစ်ဆုတောင်းတဲ့ညများ-စိုင်းစိုင်းခမ်းလှိုင် & သီရိဂျေမောင်မောင်
12-တို့လည်းလိုက်မယ်-မီမီဝင်းဖေ
13-တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်မယ်-စည်သူလွင်
14-ရွှေတောင်ကြား-ဘိုဘို
15-မှားတဲ့ဘက်မှာ-ဇော်ဝင်းထွဋ် နှင့် အဖွဲ့
16-ဧပရယ်-ကိုင်ဇာ
17-တခါတလေတော့လည်း-ခင်ဇာခြည်ကျော်
18-အားလုံးကိုကျော်ဖြတ်ရမယ်-ခိုင်ထူး
19-နေရညတကာ-သီရိကိုကို
20-ကြက်ခြေခတ်-စိုးအောင်
21-အချစ်ညရင်ခုန်သံ-နေထွဏ်းဦး
22-မာနမျက်နှာ-ဂျေညီညီ
23-စတော်ဘယ်ရီ ချစ်သည်းရှင်-ဇော်ဝင်းထွဋ် & ဟေမာနေဝင်း
24-တိတ်တိတ်လေးကြေကွဲ-လေးလေးဝါး

ဂန္တဝင်သုံးဖော်(2)


ဂန္တဝင်သုံးဖော်(3)


ဂန္တဝင်သုံးဖော်(4)


ပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်မလဲ။

ပြောင်းလဲမှုကို ဘယ်လိုတုံ့ပြန်မလဲ။

ဘယ်တော့မှ မပြောင်းလဲသော အမှန်တရားတစ်ခုက ပြောင်းလဲခြင်းပါ။ အရာရာဟာ နေ့စဉ်ပြောင်းလဲ နေတယ်။ တဖြည်းဖြည်းပြောင်းလဲတာနဲ့ ရုတ်တရက် ပြောင်းလဲတာပဲ ကွာခြားပါတယ်။ လူဖြစ်လာရင် ပြောင်းလဲမှုကို အမြဲတမ်း တွေ့ကြုံနေရမှာပါ။ ကျောင်းပြောင်းတက်ရတာ၊ အိမ်ပြောင်းရတာ၊ မိသားစုတယောက်ယောက် ကွယ်လွန်တာ၊ အစိုးရပြောင်းလဲတာ၊ စီးပွားပျက်တာ အများကြီးပါပဲ။ ပြောချင်တာက ပြောင်းလဲမှုဆိုတာ အမြဲဖြစ်နေမှာ ဖြစ်သလို ရှောင်လွဲလို့ ရမှာ မဟုတ်ပါဘူး။

ပြောင်းလဲမှုနဲ့ ကြုံတိုင်း လူတွေရဲ့ တုံ့ပြန်မှု ၂ မျိုး ရှိတယ်။

{အော်တိုဂီယာ-ကို-ဒီလိုမောင်းကြကွယ်}



သိန်း မြင့် added 5 new photos.

{အော်တိုဂီယာ-ကို-ဒီလိုမောင်းကြကွယ်}
မြန်မာနိုင်ငံကားလောကအပြောင်းအလဲကို-၀င်ရောက်လာတာ-ခု-မှ-၂-နှစ်ကျော်-၃-နှစ်အတွင်းလောက်ပဲရှိပါသေးတယ်--
အများဆုံးရောက်လာတဲ့ကားများက-အော်တိုဂီယာ--ကားများပါ---
သူတို့နဲ့ပတ်သက်တဲ့-အခေါ်အဝေါ်လေးများကိုလည်း-တတ်နိုင်သလောက်အတိအကျသိထားစေချင်တယ်--ဂီယာထိုးပုံနည်းစနစ်ကိုလည်း-စနစ်တကျသိထားစေချင်လို့ပါ-

P = Parking position---> [ ကားရပ်နားထားတော့မယ်ဆိုရင်--ဒီနေရာကိုဂီယာတံပြောင်းထားပါ--သို့မှသာ-ကားသော့ကိုဖြုတ်လို့ရပါမယ်--ဒီနေရာမရောက်မချင်း-သော့ချွတ်လို့မရပါ-
စတတ်တာဆိုတဲ့--စက်နိုးလို့ရနိုင်မယ့်နေရာတစ်ခုပါ-ဟန်းဘရိတ်ဆွဲစရာမလိုအောင်-ကားဘီးများကိုလည်းချုပ်ပြီးသားဖြစ်နေပါလိမ့်မယ်]