Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 18, 2016

ဤစာကို မျက်မှန်မတပ်ခင် ဖတ်ဖြစ်အောင်ဖတ်ပါ။

ဤစာကို မျက်မှန်မတပ်ခင် ဖတ်ဖြစ်အောင်ဖတ်ပါ။
--------------------

တစ်ပြားမှ မရှိချိန်မှာ သည်းခံနိုင်တဲ့လူကို ကျွန်တော် သတိပြုမိတတ်သလို အကုန်ရှိနေခ်ျိန်မှာ မောက်မာတဲ့သူကိုလည်း ကျွန်တော့် အနေနဲ့ သတိပြုမိတတ်တယ်။ ငွေရှိတိုင်း ကျွန်တော် အထင် မကြီး တတ်ပါဘူး။ ရှိတဲ့ငွေကို လိုအပ်မှထုတ်သုံးပြီး နှိမ့်ချစွာ နေထိုင်နိုင်သူ ကိုတော့ ကျွန်တော် အထင်ကြီးတယ်။ ဒီလိုပဲ ရာထူးကြီးမားနေတဲ့လူတစ်ယောက်ကို ရိုကျိုးစရာလို့ မမြင်ခဲ့ဖူးဘူး။ သို့သော် သဘောထားကြီးတဲ့ လူသားတိုင်းကို ကျွန်တော်ရိုကျိုးမိတယ်။ ပညာမတတ်ပေမယ့် ရိုးသားတဲ့ လူတစ်ယောက်ကို ပညာတတ်ပြီး ကောက်ကျစ်တဲ့ လူတစ်ယောက် ထက် ပို မြတ်နိုးတတ်တယ်။

ဒေါ် အောင် ဆန်း စု ကြည် ဘာလဲ ဘယ်လဲ ဟု တရုတ် က မေးပြီ



Zaw Win Naing

ဒေါ် အောင် ဆန်း စု ကြည် ဘာလဲ ဘယ်လဲ ဟု တရုတ် က မေးပြီ
==================================
ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ် ခရီးစဉ် နဲ့ ပါတ်သက်ပြီး မြန်မာ့ မီဒီယာတွေမှာ ထူးထူးခြားခြား ရေးသားတာ မရှိပေမယ့် တရုတ် အစိုးရ အာဘော် သတင်းစာ တွေကတော့ အမျိုးမျိုး ချီးကြူး ဝေဖန်နေကြတာ နေ့စဉ်လို ဖြစ်နေပါတယ်။ ဒါ ကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွေကျသော တွေးခေါ်မြှော်မြင်မှု ကို တရုတ် တို့ မြင်တွေ့ လိုက်ရပြီးနောက် အနောက်အုပ်စု ထဲ လုံးလုံး ရောက်မသွားစေရေး ရအောင် ဆွဲ တော့မယ့် သဘော တွေ့ နေရပါပြီ။ အနည်းဆုံး ယခု လို ဘိုနေမြဲ ကျားနေမြဲ အနေအထား ရှိနေရင်ပင် ကျေနပ်နေမယ့် လက္ခဏတွေ ပြလာနေပါတယ်။

Tuesday, August 16, 2016

ဒေါ်နယ်ထရမ့်ထက် ချမ်းသာတဲ့ လမ်းဘေးသူတောင်းစား။

ဒေါ်နယ်ထရမ့်ထက် ချမ်းသာတဲ့ လမ်းဘေးသူတောင်းစား။

ဒေါ်နယ်ထရမ့်ဆိုတာ အခုလာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အသက် ၇၀ အရွယ် ဘီလျံနာသူဋ္ဌေးကြီးဆိုတာ လူအတော်များများ သိကြပါတယ်။

ဘယ့်နှယ်သူတောင်းစားက သူ့ထက်ချမ်းသာတယ်ဆိုတော့ ဗန်းမော်သိန်းဖေတစ်ယောက် ဘာပေါက်ကရတွေများ ရေးလိုက်တာလဲလို့ ထင်သွားကြမှာပါ။ ပေါက်ကရမဟုတ် အမှန်တကယ်ပါ။

အဲဒီစကားကို သူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်ကိုယ်တိုင်က ပြောခဲ့တာပါ။ သူ ဘယ်လိုပြောခဲ့သလဲဆိုတာကို အောက်မှာ ဖတ်ကြည့်လိုက်ပါ။

အောင်မြင်သူတွေ ငယ်ငယ်က ဘာတွေလုပ်ခဲ့ကြသလဲ



သီဟ

Bill Gates ဟာ ဆယ်ကျော်သက်အရွယ်တုန်းက ကွန်ပျူတာဆိုင်ရာကုတ်တွေကို လေ့လာခဲ့ပါတယ်။ Warren Buffett ကတော့ ငယ်ငယ်တုန်းကအလုပ်ပေါင်းများစွာ လုပ်ခဲ့ပြီးတော့ အသက် ၁၆ နှစ်အရွယ်
မှာ ဒေါ်လာ ၅၃,၀၀၀ လောက်ရှာဖွေပြီးဖြစ်ပါတယ်။

တခြားအောင်မြင်ကျော်ကြားတဲ့လူတွေ ဆယ်ကျော်သက်အရွယ်တုန်းကဘာတွေလုပ်ခဲ့သလဲဆိုတာကို ကြည့်ကြည့်ရအောင်ပါ။

Monday, August 15, 2016

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ဝန်ကြီးဌာနများ၏ Website လိပ်စာများ

 
 
🌹🌹ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ ဝန်ကြီးဌာနများ၏ Website လိပ်စာများ🌹🌹

၁။နိုင်ငံခြားရေးဝန်ကြီးဌာန

www.mofa.gov.mm

၂။သမ္မတရုံးဝန်ကြီးဌာန

www.president-office.gov.mm

၃။ပြည်ထဲရေးဝန်ကြီးဌာန

အထွေထွေအုပ်ချပ်ရေးဦးစီးဌာန http://www.gad.gov.mm/

မြန်မာနိုင်ငံရဲတပ်ဖွဲ့ www.myanmarpoliceforce.org

မီးသတ်ဦးစီးဌာန www.fsd.gov.mm

၎။ ကာကွယ်ရေးဝန်ကြီးဌာန

အသားဖြူဆေး ထိုးခြင်း

အသားဖြူဆေး ထိုးခြင်း

===================
===================

အသားဖြူဆေးဆိုတာ မိန်းကလေးတွေ အထူးစိတ်ဝင်စားတဲ့ဆေးတမျိုးဖြစ်တယ်။ အထူးသဖြင့် ဖိလစ်ပိုင်မှာ နာမည်ကြီးတော်တော်များများ အသားဖြူဆေးသုံးကြသတဲ့။ စစ်တမ်းတွေအရ ဖိလစ်ပိုင်သူတွေဟာ အရှေ့တောင်အာရှမှာ အသားဖြူဆေးအသုံးများဆုံးလူမျိုးဖြစ်ပါတယ်။ ဆယ်ကျော်သက်ကနေ နာမည်ကြီးတွေထိ ထိုးကြတယ်။ ထိုင်းမှာလည်း ခေတ်စားပါတယ်။ အခုတော့ မြန်မာပြည်မှာ ရောက်လာပြီ။ အမှန်တော့ လွန်ခဲ့တဲ့သုံး၊လေး နှစ်ကတည်းက ဒီဆေးတွေ ခေတ်စားခဲ့တာပါ။ ခေတ်စားတဲ့ဆေးမို့ သိချင်သူလည်း များတယ်။ အထူးသဖြင့် မိန်းကလေးတွေပါ။အွန်လိုင်းမှာလည်း အမေးများလို့ အသားဖြူဆေးအကြောင်း ဖော်ပြလိုက်ပါတယ်။

သင့်ဇနီးနှင့်ပတ်သက်သည့်အချက် (၅၀)

 
သင့်ဇနီးနှင့်ပတ်သက်သည့်အချက် (၅၀)

၁။ သင့်ဇနီးသည်ဟာ ပြည့်စုံသူမဟုတ်လို့ သူ့ကိုခွင့်လွှတ်ပါ။

၂။ သင့်ဇနီးဟာ သင့်အရိုးထဲကအရိုးဖြစ်လို့ သူ့ကိုမရိုက်ချိုးပါနဲ့။

၃။ သင့်ဇနီးဟာ လက်ဆောင်ဖြစ်တယ်၊ တန်ဖိုးထားပါ။

၎။ သင့်ဇနီးဟာ ရှားပါးတဲ့ကျောက်မျက်အရိုင်းလေးဖြစ်တယ်၊ သူ့ရဲ့မနာလိုစိတ်လေးတွေကို လမ်းမှန်တည့်ပေးပါ။

မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးကို စားပွဲထိုးခိုင်းတဲ့ သမီးတော် (သမီးတော်ရာဇ၀င် (၁၃)) – လက်စောင်းထက်

 
မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးကြီးကို စားပွဲထိုးခိုင်းတဲ့ သမီးတော် (သမီးတော်ရာဇ၀င် (၁၃)) – လက်စောင်းထက်

သယံဇာတ ပေါများကြွယ်ဝပြီး ရာသီဥတု ကောင်းမွန်တဲ့ တိုင်းပြည်ကို အဆင်းရဲဆုံး နွံထဲရောက်အောင် စီမံခန့်ခွဲခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အကြောင်းကတော့ တစ်ထောင့်တစ်ည ပုံပြင်တွေလို ရေးစရာ တောင်ပုံရာပုံရှိပါတယ်။ ဒါပေမဲ့ Tomorrowမှာ တစ်ပတ်တစ်လေလောက် သမီးတော် ရာဇ၀င် မပါရင်ဘဲ စာဖတ်သူတွေက ဆူဆူပူပူ၊ ကြော်ငြာရှင်တွေက ဆူဆူပူပူ လုပ်ကြတယ်လို့ ဆရာမာဂျေက ဖုန်းဆက်ပြောကြား လာပါတယ်။ ကျွန်တော်ကလည်း တပ်က အနားယူပြီးတဲ့နောက် ဘ၀မှာ အေးအေးဆေးဆေးပဲ စာလေးပေလေး ရေးရင်း နေသွားချင်ပါတယ်။ ငွေကြေး အတွက်လည်း မပူပင်သလို မတော်လောဘစိတ်လည်း မရှိတော့ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ မတင့်တယ်တဲ့၊ လူကြားမကောင်းတဲ့ အဖြစ်အပျက်တွေကို နိုင်ငံသား တစ်ယောက် အနေနဲ့ မှတ်တမ်းတင်ထားခဲ့ချင်ပါတယ်

"သူခိုးတွေ မုန်းတဲ့ ဒီအစိုးရ"

 
 
"သူခိုးတွေ မုန်းတဲ့ ဒီအစိုးရ"
=====================

လ.သား ရှိသေးတဲ့ NLD အစိုးရ မကောင်းကြောင်းကို ပြောနေရမှ ထမင်းစားဝင်တဲ့ ပါးစပ်ပေါက်တွေ...
မင်းတို့ယုံကြည်အားကိုးနေတဲ့ အဘတွေ ရဲ့ကောင်းကွက်လေးတွေ ပြကြည့်စမ်းပါအုံး..မင်းတို့ပြောသလို အဘတွေနဲ့ NLD ကွာခြားသတဲ့...
ဟုတ်တာပေါ့ ကွာခြားလိုက်သမှ နံ့သာဆီ နဲ့ အီးလိုပဲ..NLD အစိုးရက လဘ် စားတာမကြားရသေးဘူး တောင်တွေဖြိုတာ မကြားရသေးဘူး တောတွေရောင်းတာမကြားရသေး ဘူး ကြီးနိုင်ငယ်ညှင်းလုပ်တာမကြားရသေးဘူး..ဓာတ်ငွေ့တွေရောင်းတယ်လို့ မကြားရသေးဘူး
မငိးတို့အဘ တွေရှုပ်ခဲ့သမျှ ကိစ္စအဝဝ ကိုလိုက်ရှင်းပေးနေရတာပဲ ရှိသေးတယ် တောင်သူတွေဆီက မတော်မတရား လယ်မြေတွေ သိမ်းတယ်လို့ မကြားမိသေးဘူး
ပြည်သူကို ပါးရိုက်မယ်တွေ ထမင်းတစ်နပ်လျှော့စားဆိုတာတွေ ခပ်ပေါပေါ အမိန့်အာဏာရူး တွေလုပ်ရပ်မျိုး NLD ရက်တစ်ရာအတွင်းလုပ်မသွားသေးဘူး အဲတာတွေက မင်းတို့ ဦးခိုက်ပူဇော်နေတဲ့ အဘတွေနဲ့NLD ကွာခြားခြင်းပဲ..

ခရိုနီထက် ကြောက်စရာကောင်းတဲ့ စူပါခရိုနီများ



ခရိုနီ တိုးနိုင်မန်း၏ အရှုပ်တော်ပုံများ added 5 new photos.

ခရိုနီထက် ကြောက်စရာကောင်းတဲ့ စူပါခရိုနီများ
====================================
ဒါတွေဟာ ဦးအောင်သက်မန်း၊ ဦးတိုးနိုင်မန်းတို့ မိသားစုရဲ့ စီးပွားတွေဘဲဖြစ်တယ်။ သူတို့က ဦးရွှေမန်းရဲ့ သားတွေဖြစ်ပါတယ်။ ဦးတိုးနိုင်မန်းဆိုရင် ဦးခင်ရွှေရဲ့ သားမက်လည်းဖြစ်ပါတယ်။ ဦးရွှေမန်းရဲ့ ပိုင်ဆိုင်မှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေကတော့ ဦးတေဇ၊ ဦးထွန်းမြင့်နိုင်တို့ နီးပါးလောက်ကို ရှိပါလိမ့်မယ်။ ခမည်း၊ ခမက်လည်း တော်ကြတော့ ဦးရွှေမန်း ပိုင်တဲ့ဟာတွေကလည်း ဦးခင်ရွှေပိုင်သလိုပဲဖြစ်မှာပေါ့။ ပိုင်ဆိုင်မှုတွေက ဘယ်လောက် တောင်ချမ်းသာပြီး ဘယ်ကနေရ လာသလဲဆိုတာကိုတော့ စဉ်းစားကြည့်ဖို့ လိုပါမယ်။ ဦးရွှေမန်းဟာ လူရိုးလူဖြောင့် တစ်ယောက်ဖြစ်တယ်ဆိုရင် ရတဲ့လစာ နဲ့ပိုင်ဆိုင်မှုတွေကို ချိန်ဆကြည့်ရင် သိနိုင်လောက်မယ် ထင်ပါတယ်။

ပြင်သစ်ရဲ့ အမာရွတ်

 Tour De Myanmar Travels & Tour Co. Ltd. added 5 new photos.

ပြင်သစ်ရဲ့ အမာရွတ်
တချို့ကလည်း ပြင်သစ်ရဲ့ အမာရွတ်လို့ ပြောကြပြန်တယ်။ တစ်ချို့ကလည်း အံ့သြဖွယ် ဂျီသြမေတြီပညာရဲ့ ပေါင်းစပ်မှုလို့ဆိုကြပြန်တယ်။ ရှေးဟောင်းပြတိုက်ဖြစ်တဲ့ The Lurve လို့ခေါ်တဲ့ လုဗ်အနုပညာ ပြတိုက်ကြီးရဲ့ ရှေ့တည့်တည့်မှာ တည်ဆောက်ထားတဲ့ ခေတ်သစ်ဗိသုကာ လက်ရာ မှန်ကူကွက်တြိဂံကြီးပဲဖြစ်ပါတယ်။ တရုတ်-အမေရိကန် နိုင်ငံသား ကမ္ဘာကျော် ဗိသုကာရှင် Ioeh Ming Pei ဆွဲထားတာဖြစ်ပြီး ၁၉၈၉ ခုနှစ်ကမှ ရင်ပြင်မှာ ထပ်ပြီးဖြည့်စွက် ဆောက်ထားတဲ့ ပိရမစ်ပဲဖြစ်ပါတယ်။
ခေတ်သစ်လက်၇ာနဲ့ ရှေးဟောင်းပြတိုက်ဟာ ဘယ်လိုမှ မလိုက်ဖက်လို့ ပဲရစ်ရဲ့ အမာရွတ်လို့ တင်စားကြပြီး
တစ်ချို့ကြတော့လည်း မတူညီတဲ့ အသွင်နှစ်ခုကို ယှဉ်လျက်ကပ်ဆောက်ထားတဲ့အတွက် ခေတ်ဟောင်းနဲ့ ခေတ်သစ် ဗိသုကာကို အောင်မြင်စွာ ပေါင်းစပ်နိုင်လို့ ကြိုက်နှစ်သက်ကြပါသတဲ့။ အလှဆိုတာ ကြည့်သူရဲ့ မျက်လုံးထဲမှာရှိတာမို့ ကြိုက်နှစ်သက်သလို ယူဆနိုင်ပါတယ်။

ဒါကြောင့် ပြောင်းလဲပစ်သင့်ပါသည်…


Maung Shin added 3 new photos — with ဂျပန်ရောက်မြန်မာ များ.

ဒါကြောင့် ပြောင်းလဲပစ်သင့်ပါသည်…
ဂျပန် လ ၀ က ထိန်းသိမ်းရေးစခန်းထဲမှာ အဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသူ/သားတွေ ရာကျော်သွားပါပြီ..။
ဒီအကြောင်းကိုလည်း DVB သတင်းမှာလည်း ထုတ်လွှင့်သွားတာကို ကြားမိ နားထောင်မိကြမယ်ထင်ပါတယ်..။
တရားဝင် အလုပ်လုပ်ခွင့်မရှိသေးပဲ အလုပ်လုပ်တာကို စစ်ဆေးတွေ့ရှိလို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံထားရသူများ..
ဒုက္ခသည်အဖြစ် ငြင်းပယ်ခံရလို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများ..
ဗီဇာသက်တမ်းကုန်ဆုံးနေသဖြင့်(အိုဗာစတေး) ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူများ..
စသည် စသည့်ဖြင့်.. စိတ်မကောင်းစရာ စိတ်မချမ်းမြေ့စရာ သတင်းတွေပါ..။
တကယ်ကို ရာနဲ့ချီပြီး ရှိနေပါပြီ..။
ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ မိဘ ဆွေမျိုးညီအကို မောင်နှမများကလည်း သူတို့ သား/သမီးတွေ ဘယ်လိုဖြစ်မလဲဆိုတာ သိချင်လို့ မောင်ရှင့်ကို မေးကြ မြန်းကြပါတယ်။

ထမင်းပေါင်း အမြန်လုပ်နည်း

 
 
ထမင်းပေါင်း အမြန်လုပ်နည်း

ထမင်းပေါင်းက လုပ်ရတာ လွယ်ကူ လျင်မြန်ပါတယ်။ ထမင်းပေါင်းကြိုက်သူများအတွက် အလွယ်ဆုံး ထမင်းပေါင်းနည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ထမင်းပေါင်းရန်အတွက် လိုအပ်သော ပစ္စည်းများ
၁။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုး (ကြက်၊ ဝက်၊ ပုစွန်)

၂။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ

ဘဝ အတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ

ဘဝ အတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ

မပျင်းနဲ့
ပျင်းရိနေရင် ကိုယ်လိုချင် တဲ့ ပန်းတို င်တစ်ခုကို တော်တော် နဲ့ မရောက်ဘူး။ ပြောတုန်း ကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလား ကဲလားနဲ့ တကယ်လည်း လုပ်မယ် ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇက်ကျော တက် တယ်၊ ခေါင်းကိုက် တယ်၊ ဖျားတယ် နဲ့ ဆို တော်တော် နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်း ဖို့လိုပါတယ်။

မတွေဝေနဲ့
လောကီလူသားပေပဲ။ တစ်ခါခါ ကြိုးစားနေရင်း နဲ့ စိတ်ဓာတ် ကျတဲ့ အခါ ကြုံတတ်မယ်။ ငါ ဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူး လာမှာလဲ။ အဲဒီ ထက် ဆိုးတာက တစ်ခုခုကို ရည် ရွယ်ပြီး လုပ်နေရင်း တန်းလန်း ရည်ရွယ်ချက်ပျောက်သွား တာမျိုးပေါ့။

အရင်ကကျား အခုတော့.....

၃၀.၇ ၁၅ နေ့ တစ်နိုင်ငံလုံးနီးပါး ၀မ်းနည်းဒေါသဖြစ်တဲ့နေ့ အုပ်ချုပ်သူ
အစိုးရ အရှက်သိက္ခာကျတဲ့နေ့ဆို မှားမယ်မထင်ပါ။ ပြည်သူအားလုံးနီးပါး
တောက်တခေါက်ခေါက်နဲ့ လုပ်ရက်လေခြင်းဆိုပြီး အစိုးရအပေါ်
ဒေါသထွက်ကုန်ကြပါတယ်။ ဇူလိုင် ၂၂ ရက်တွင် သစ်ခိုးထုတ်မှု၊ မူးယစ်ဆေးမှု ၊ လ၀က ပုဒ်မတို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံထားရသော တရုတ်နိုင်ငံသား ၁၅၅ ဦးအား ပြစ်ဒဏ်ချမှတ်လို့ ၈ ရက်မြောက်တဲ့နေ့မှာပဲ အစိုးရမှာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ်ပေးခဲ့တယ်။
တစ်နိုင်ငံလုံးအံ့အားသင့် ဒေါသထွက် ဆူညံကုန်ကြပါတယ်။

"ဆရာ့ကျေးဇူးစွမ်းရည်ထူး"

"ဆရာ့ကျေးဇူးစွမ်းရည်ထူး"

လူဆိုတာ မသင်ဘဲ ဘာမှမတတ်ဘူး။ ဆရာမပြဘဲ ဘာမှ နည်းမှန် လမ်းမှန် မတတ်မြောက်နိုင်ပါဘူး။ အသင်၊အမြင်၊အကြား မပါဘဲ ဘယ်ပုထုဇဉ်မှ အသိဉာဏ် မတိုးတက်နိုင်ဘူး။ ဘဝတန်ဖိုးနိမ့်ကျနေမယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့ရဲ့ နည်းညွှန်လမ်းပြရရှိမှ အသိမှန် ဉာဏ်ဖွံ့ဖြိုးလို့ လူ့စွမ်းအားတိုးတက်ပြီး လူ့တန်ဖိုးမြင့်မားနိုင်ပါတယ်။ တန်ဖိုးမဲ့အဆင့်ကနေပြီး တန်ဖိုးမြင့်အဆင့်ရောက်အောင် မြငှ့်တင်ပေးတဲ့ ဆရာများရဲ့ ကျေးဇူးဟာ အထူးကြီးမား များပြားလှပါတယ်။

မင်းပေးတဲ့ ကမ္ဘာ


သူ့ခေတ် ကိုယ့်ခေတ်


CITY FM - 6th Anniversary


Credit...Photo...Shwemyanmar.net

Sunday, August 14, 2016

မိန်းမဟူသမျှ ဖန်တန်တန်ပါပဲ ပုဏ္ဏားကြီးရယ်

မိန်းမဟူသမျှ ဖန်တန်တန်ပါပဲ ပုဏ္ဏားကြီးရယ်
---------------------------------------------------
တစ်ခါက ပုဏ္ဏားကြီးက နန်းတော်ထဲ အခစားဝင်ရင်း ရှင်ဘုရင်နဲ့ အလွန်တရာ ရင်းနှီးသူဖြစ်တာကြောင့် အတွင်းဆောင်ထဲကို ရှင်ဘုရင်နဲ့ တွေ့ဖို့ဝင်လာခဲ့တယ်
ရှင်ဘုရင်နဲ့ မတွေ့ပဲ ရှင်ဘုရင်ရဲ့ မိဖုရား စက်တော်ခေါ် နေတာ တွေ့လိုက်ရတယ် လုံချည်က လျှော့တော့တော့နဲ့ ဆိုတော့တပ်မက် ဖွယ် အာရုံကို မြင်တွေ့သွားတယ်
ပုဏ္ဏားကြီးလည်း ဆက်နေလို့ မသင့်တော်တာနဲ့ ပြန်ထွက် သွားခဲ့တယ် မိဖုရားကြီးကလည်း ခြေသံကြားလို့ လန့်နိုးလာပြီး တံခါးပေါက်ကို လှမ်းကြည့်လိုက်တော့ ပုဏ္ဏားကြီးရဲ့ ကျောပြင်ကို တွေ့လိုက်ရတယ် အဝတ်အစားကို ပြန်ပြင်ဝတ်ရင်း စိတ်ထဲမလုံ မလဲ ဖြစ်ရင်း မိဖုရားကြီး ကျန်နေခဲ့တယ်ပေါ့

သင့်အတွက် အချိန်ဘယ်လောက်ရမလဲ?

သင့်အတွက် အချိန်ဘယ်လောက်ရမလဲ?

=====================

သင်ဟာ အသက် (၇၈) နှစ်အထိ အသက်ရှည်မယ်ဆိုပါစို့..

သင့်ဘဝရဲ့ သုံးပုံတစ်ပုံ (28.3) နှစ်ကို အိပ်စက်ခြင်းဖြင့် ကုန်ဆုံးပါသတဲ့..
(10.5) နှစ်တာကာလကို အလုပ်လုပ်ရင်း အချိန်ကုန်ပါသတဲ့..
(9) နှစ်တာကာလကို တီဗွီကြည့်ခြင်း၊ ဂိမ်းကစားခြင်း၊ Social Network တွေမှာ အချိန်ဖြုန်းခြင်းဖြင့် ကုန်ဆုံးပါသတဲ့..
(6) နှစ်တာကာလကို ကြမ်းတိုက်ခြင်း၊ တံမြက်လှည်း၊ သန့်ရှင်းရေးလုပ်ခြင်း စတဲ့အလုပ်တွေနဲ့ အချိန်ကုန်ပါသတဲ့..
(4) နှစ်တာကာလကို စားရင်းသောက်ရင်း ကုန်ပါသတဲ့..
(3.5) နှစ်တာကာလကို တစ်ခုခုကို သင်ကြားရင်း ကုန်ပါသတဲ့..
(2.5) နှစ်တာကာလကို ရေချိုးခန်း၊ အိမ်သာထဲမှာ ကုန်ဆုံးပါသတဲ့..
နောက်ထပ် (2.5) နှစ်တာကာလကို ဈေးဝယ်ခြင်းဖြင့် ကုန်ပြန်ပါသတဲ့..
(1.5) နှစ်တာကာလကို သင့်ကလေးအတွက် ကုန်ပါသတဲ့..
(1.3) နှစ်ကိုတော့ တစ်နေရာမှတစ်နေရာ သွားရင်းလာရင်း ကုန်ပါသတဲ့..

ဒါဆိုရင် သင့်အတွက် (9) နှစ် ကျန်ပါသေးတယ်..

သဘောထားထင်မြင်ချက်တွေ မေးချင် ပြောချင်တဲ့အခါ

သဘောထားထင်မြင်ချက်တွေ မေးချင် ပြောချင်တဲ့အခါ
...........................................................
Asking for Opinions
ထင်မြင်ချက်များ မေးမြန်းခြင်း
............................
(1) What do you think?
ခင်ဗျား ဘယ်လိုထင်ပါသလဲ
.
(2) What's your opinion?
ခင်ဗျားရဲ့ ထင်မြင်ချက်က ဘာပါလဲ
.
(3) What are your ideas?
ခင်ဗျားရဲ့ စိတ်ကူး အကြံညာဏ်တွေက ဘာတွေပါလဲ

"သာရင် ကူးပါ"

"သာရင် ကူးပါ"
@@@@@@@@

" ကုမ္ပဏီတွေမှာ လုပ်နေကြတဲ့ လူငယ်တွေကို ပြောချင်တာက
မိမိ အခုလက်ရှိအလုပ်ထက် Company ထက် အခြားအလုပ် အခြား Company က ပို၍သာရင် ကူးနော် ။
ကျွန်တော်ကတော့ ကျွန်မကတော့ ဒီ Company မှာ
ချစ်လို့  မေတ္တာရှိလို့  သစ္စာတွေဘာတွေ
လုပ်မနေနဲ့ နော် သာရင်ကူးရမှာပဲ။
ဘာလို့လဲဆိုတော့ ခြေထောက်တွေဆိုတာ ရပ်တန့်ဖို့ မဟုတ်သလို ဆက်သွားဖို့လည်း အားထုတ်နေရမယ်၊
ရပ်တန့်သင့်ပြီဆိုရင်လည်း Smart ကျကျ ရပ်တန့်နေဖို့ လိုတယ် "

Facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။

Facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။

ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်သူငယ်ချင်းတို့အကောင့် တွေဟာလုံခြုံမှု ရှိလာမှာဖြစ်သလို မသိနားနိုးနဲ့  ထိတ်လန့် ကြောက်ရွံ့ နေစရာမလိုတော့ ပါဘူး။
တချို့သူငယ်ချင်းတွေဆို Like မရတာတို့...Security Code တောင်းပြီး FB သုံးမရတော့တာတွေရယ်..Account Hack ခံရတာတွေမကြုံရအောင် ကိုယ့်ရဲ့ Facebook Setting ထဲဝင်ပြီးလုံခြုံရေးစနစ်တွေတိုးမြင့်ထားလို့ရတယ်...
သိပြီးသားသူငယ်ချင်းတွေလည်းရှိမှာပါ။ဒါပေမယ့် အခြေခံကနေစပြီးလေ့ လာနိုင်အောင်တင်ပေးလိုက်တာပါ။

လူမှုကွန်ယက် FBပေါ်မှာရန်ကုန်မြို့တော်ဝန် ရေးလိုက်တဲ့ပို့စ်ပါ

ယနေ့အကြိုက်ဆုံးပိုစ့်
==================
လူမှုကွန်ယက် FBပေါ်မှာရန်ကုန်မြို့တော်ဝန် ရေးလိုက်တဲ့ပို့စ်ပါ
=======================================
ဒီနေ့အချိန်လေးရတုန်း
မြို့ထဲလမ်းလျှောက်ရင်း အရင်ကလို
လွတ်လွတ်လပ်လပ်လေး။
ရှပ်အင်္ကျီ လက်တိုနဲ့ လျှောက်သွား၊ လျှောက်စားပေါ့။
PSO ကတော့ မနီးမနားကတော့ လိုက်လာပါတယ်။
ဆိုင်တစ်ဆိုင်မှာ ကြိုက်တာလည်းဝယ်။
ချက်ခြင်းလည်းမရနိုင်တဲ့ အမဲအူသုပ်တို့၊ ဘာတို့ဝယ်ရင်း၊
ဆိုင်ရှင်နဲ့စကား စမြီပြောတယ်။ လိုချင်တဲ့ အင်ဖေါ်မေးရှင်းလေးတွေပေါ့။

ဒီလမ်းဘေးဆိုင်ထွက်တာ ပိုက်ဆံမပေးရဘူးလားဆိုတော့
ဘာမှမပေးရဘူးတဲ့၊ ဒါပေမဲ့ ဆိုင်ရှင်ကိုတော့
တစ်လတစ်ခါ တစ်သိန်းပေးရတယ်တဲ့
ဆိုင်ရှင်ဆိုတာ ဘယ်သူလည်းဆိုတော့
သူတို့လည်းမသိဘူးတဲ့ လူတစ်ယောက်တဲ့
သူ့ဆီက ဆိုင်ခမ်းငှါးဖွင့်တာတဲ့
နှစ်ဆိုင်၊ သုံးဆိုင်လောက်မေးတယ်။

အနာဂတ်ကာလနဲ့မေးမြန်းပုံလေးကို လေ့လာကြည့်ကြရအောင်....."

အနာဂတ်ကာလနဲ့မေးမြန်းပုံလေးကို
လေ့လာကြည့်ကြရအောင်....."
@@@@@@@@@@@@@@@@@@@@@

1. Will you help me?
မင်း ငါ့ကို ကူညီမှာလား။

2. Will you take turn?
ခင်ဗျား အလှည့်ကျ ဆောင်ရွက်မှာလား။

3. Will you take pity on them?
ခင်ဗျား သူတို့ကို သနားမှာလား။

4. Will you take into account us?
ခင်ဗျား ကျွန်တော်တို့ကို ထည့်စဉ်းစားမှာလား။

5. Will you take a look at her?
မင်း သူမကို ကြည့်မှာလား။

ကမ္ဘာကျော် ‘Nike’ ကုမ္ပဏီကြီးရဲ့ဆောင်ပုဒ် တစ်ခုပါ။

" There is no finish line "

ကမ္ဘာကျော် ‘Nike’ ကုမ္ပဏီကြီးရဲ့ဆောင်ပုဒ် တစ်ခုပါ။
ဟုတ်ပါတယ်။ လူတိုင်းလူတိုင်းမှာ အကန့်အသတ်မဲ့ချဲ့ထွင်ဖြစ်တည်နိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်နိုင်ခွင့်ရှိပါတယ်။ အဲ့ဒီထဲမှာ သင်လည်း တစ်ယောက် အပါအ၀င်ဖြစ်ပါတယ်။ စာရေးသူရဲ့ အတွေ့ အကြုံအရ ကုမ္ပဏီတွေမှာ သင်တန်းတွေပို့ချ ပေးတဲ့အခါ တွေ့ရတာ က စာရေးသူတို့ မြန်မာ ၀န်ထမ်းတွေ တော်တော်များများရဲ့ ပြဿနာက ကြောက် ကြတဲ့ ရောဂါပဲ။

သည်လိုနှင့်သူ့မှာ'ငှက်'ဆိုသည့် အမည်တစ်ခု တိုးလာခဲ့သည်။

ထူးအိမ်သင်က အိပ်လျှင် မျက်မှန်ချွတ်ထားသောအခါ သူ၏ နှာတံမြင့်မြင့်က ငှက်တစ်ကောင်နှင့် အလားသဏ္ဍန်တူနေသည်။

ညီညီသွင်က သတိပြုမိ၍ သူ့ကို ငှက်ကြီးဟု ချစ်စနိုး စခေါ်သည်။

သထုံ စတိတ်ရှိုးမှာ လူရွှင်တော် ကြယ်တစ်လုံး က အခမ်းအနားမှူး လုပ်၍ ထူးအိမ်သင် အလှည့်တွင် 'ငှက်ကြီးဝံပိုလိုလို လူတစ်ယောက်က သီချင်းဆိုပါလိမ့်မယ်'ဟု ကြေညာ ပေးခဲ့သည်။အငယ်တွေကလည်း သူ့ကို ကိုငှက်ဟုပင် ခေါ်ကြသည်။

သည်လိုနှင့်သူ့မှာ'ငှက်'ဆိုသည့် အမည်တစ်ခု တိုးလာခဲ့သည်။ု

ထူးအိမ်သင် နဲ့ စကားလုံးများလဲလှယ်ခြင်း

ထူးအိမ်သင် နဲ့ စကားလုံးများလဲလှယ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~
သူနှင့်ကျွန်တော် စကားပြောဖြစ်ဖို့ စီစဉ်ထားသည်မှာကြာပြီ။
သို့သော် အခြေအနေ အမျိုးမျိုးကြားထဲ လွဲသွားရတာပဲ
အဖတ်တင်သည်။

ယခု ပြောဖြစ်ကျတော့လည်း အတောမသတ်။
ကျွန်တော်က အမေးစကားလုံးတွေ သူ့ဆီ ထိုးအပ်လိုက်၏။
သူက အဖြေစကားလုံးများ ကျွန်တော့်ဆီ ပြန်ပို့ပေးသည်။
သူနှင့်ကျွန်တော်၏ “စကားလုံးများ လဲလှည်ခြင်း” အစီအစဉ်ဟု
အမည်တပ်ရတော့မည်။

ထူးအိမ်သင်နှင့် စကားလုံးများလဲလှယ်ခြင်း (ဇာတ်သိမ်း)

ထူးအိမ်သင်နှင့် စကားလုံးများလဲလှယ်ခြင်း
(ဇာတ်သိမ်း)
====================================

=====================================
Q - ဒီတော့ ခင်ဗျားသီချင်းတွေ(ကိုယ်ပိုင်သံစဉ်) ဖွဲ့စည်းတဲ့အခါ
ဘာကို အရင်ဖွဲ့စည်းသလဲ၊ တေးစာသားလား။
=====================================
A - မဟုတ်ဘူး၊ အရင်တုန်းကတော့ အဲဒီနည်းကို သုံးဖူးတယ်။
စာသားတွေ ရေးချပြီးမှာ ဂစ်တာတစ်လက်နဲ့ အသံတွေ လိုက်ထည့်တာမျိုး
သုံးဖူးတယ်။ အဲဒီနည်းနဲ့လည်း ဒီသီချင်းတော်တော်များများ ရေးဖူးတယ်။
ဒါပေမယ့် နောက်ပိုင်း ဘာသွားတွေ့ရသလဲဆိုတော့၊ အဲဒီနည်းကို..
သုံးခြင်းအားဖြင့် ကိုယ်လိုချင်တဲ့ Music အနေအထားကို မရောက်ဘူး
ဆိုတာ သိလာရတဲ့အပြင် စာသားပေါ်မှာ အလေးသွားထည့်တော့
စာသားရဲ့ ထိန်းချုပ်မှုကို Music က ခံနေရတယ်။ စကားလုံးတွေရဲ့ 
ခေါ်တဲ့နောက်ကို Music က ပါသွားရော။ ဘာပဲပြောပြော...
စကားလုံးမှာ အသံရှိတယ်။ အဲဒီတော့ စကားလုံးတွေမှာရှိတဲ့
အသံတွေခေါ်တဲ့နောက်ကို Music က လိုက်သွားနေရတယ်။
ဒီတော့ Music နဲ့ စကားလုံးတွေ မမျှတော့ဘူး ဖြစ်သွားတယ်။

Saturday, August 13, 2016

သင့်ရဲ့ကမ္ဘာကြီးကို ပြောင်းလဲဖို့ နယ်လ်ဆင် မင်ဒဲလားရဲ့ အခြေခံစည်းမျဉ်း (၉) ခု

သင့်ရဲ့ကမ္ဘာကြီးကို ပြောင်းလဲဖို့ နယ်လ်ဆင် မင်ဒဲလားရဲ့ အခြေခံစည်းမျဉ်း (၉) ခု

=====================================

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မင်ဒဲလား (Nelson Mandela) ကို အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ သူဟာ တောင်အာဖရိကမှာ မတရားဖိနှိပ်အုပ်ချုပ်မှုတွေကို တွန်းလှန်ခဲ့ရာမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် သူဟာ ထောင်ထဲမှာ နှစ်ပေါင်း ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။ နောက်ဆုံးတော့ .. ၁၉၉၀ ခုနှစ်မှာ သူ ပြန်လည်လွတ်မြောက်လာပြီး တောင်အာဖရိကကို ပြောင်းလဲဖို့နဲ့ ပြန်လည်စုစည်းဖို့ ကူညီပေးခဲ့တဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။

သင်ကိုယ်တိုင်မှာရော၊ သင့်ရဲ့ ကမ္ဘာကြီးကိုပါ အပြောင်းအလဲလုပ်ဖို့ မင်ဒဲလားဆီက ရတဲ့ ကျနော်အကြိုက်ဆုံး အခြေခံစည်းမျဉ်း (၉)ခုကတော့ ဒီမှာပါ။

အိုလံပစ်ရေကူးချန်ပီယံ ဂျိုးဇက်စကူးလင်း

အိုလံပစ်ရေကူးချန်ပီယံ ဂျိုးဇက်စကူးလင်း
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘရာဇီးနိုင်ငံ ရီယိုဒေဂျနေရိုးမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲကြီးမှာ စင်္ကာပူနိုင်ငံက အသက် ၂၁ နှစ်အရွယ် ဂျိုးဇက်စကူးလင်း (Joseph Schooling)က မီတာ ၁၀၀ လိပ်ပြာကူးပြိုင်ပွဲမှာ အိုလံပစ်စံချိန်သစ် ၅၀.၃၉ စက္ကန့်နဲ့ ရွှေတံဆိပ်ရယူနိုင်ခဲ့တယ်ဆိုတာ အတော်များများ သိပြီးနေလောက်ပါပြီ။ ဒီရွှေတံဆိပ်ဟာ စင်္ကာပူနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်ရဖူးတဲ့ အိုလံပစ်ရွှေတံဆိပ်ဆုလည်း ဖြစ်ပါတယ်။
ဒီသတင်းကို ကြားရတဲ့ လူတွေကတော့ ချီးကျူးကြသလို သူကို ကံကောင်းလိုက်တာလို့ ထင်ကြမှာပါ။ မြန်မာပြည်က အားကစားစိတ်ဝင်စားသူတွေကတော့ သူ့ကို သိကြမှာပါ။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွေမှာ ရေကူးနဲ့ ရွှေတံဆိပ်ဆု များစွာ ရခဲ့သူမို့ပါ။
သူ့ကို အိုလံပစ်ချန်ပီယံတစ်ယောက်ဖြစ်စေခဲ့တာက တစ်မိနစ်တောင် မပြည့်တဲ့ "၅၀.၃၉ စက္ကန့်" လေးပါ။ အဲဒီ စက္ကန့် ၅၀ စက္ကန့်ရအောင် သူ ဘယ်လောက် ကြိုးစားခဲ့ရသလဲ။ လေ့ကျင့်ခဲ့သလဲ။ လူငယ်ဘာဝ ပျော်ချင်ပါးချင်တာတွေကို စွန့်ပယ်ခဲ့တာ ဘယ်လောက်ကြာခဲ့သလဲ။ သူ့မိဘတွေ ငွေရေးကြေးရေးကအစ သားနဲ့ ခွဲနေခဲ့ရတဲ့ အနစ်နာခံစွန့်လွှတ်ခဲ့တာ ဘယ်လောက်ကြာခဲ့တယ် ထင်သလဲ။
"၅၀.၃၉ စက္ကန့်လေးအတွက် ၇ နှစ်ကြာခဲ့ပါတယ်"။

#အရမ်းမိုက်တဲ့_အဖိုးအိုသုံးယောက်ပုံပြင်

#အရမ်းမိုက်တဲ့_အဖိုးအိုသုံးယောက်ပုံပြင်
🚩📍 ★ 🚩📍 ★ 🚩📍 ★
.
တနေ့ မှာ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့  အိမ်အပြင်ကို
ထွက်လာတဲ့ အခါမှာ့ အဖိုးအို သုံးယောက် အိမ်ရှေ့ က ခုံတန်းလေးမှာ ထိုင်နေတာကို တွေ့ လိုက်ရတယ်။သူမ သူတို့ ကို တခါမှ မတွေ့ ဖူး မမြင်ဖူးပါဘူး။
ဒါပေမဲ့သူတို့ကို ကြည့်ရတာ ဆာလောင်နေတဲ့ ပုံပေါက်နေတာကို
တော့ သူမ သတိထားမိပါတယ်။
.
ဒါကြောင့် .. “ကျွန်မ အဘိုးတို့ ကို သိတော့မသိပါဘူး။
ဒါပေမဲ့  အဖိုးတို့ ဆာလောင်နေတယ်ဆိုတာကိုေ တာ့ သိပါတယ်။

ကမ္ဘာကျော်ပေမယ့် မြန်မာ မကျော်တဲ့ မြန်မာ့ သိပ္ပံပညာရှင်

ကမ္ဘာကျော်ပေမယ့် မြန်မာ မကျော်တဲ့ မြန်မာ့ သိပ္ပံပညာရှင်
==========================
ဆရာဦးဘမော်ဟာ မန္တလေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပုံတောင်ဂျီဟားလို့ ခေါ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း၄၀က လူသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးကို စတင်ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုအပါအ၀င် ဆရာ့ရဲ့ အခြားသော ရှာဖွေတွေ့ရှိမှုတွေကလည်း အနောက်တိုင်းသားပညာရှင်များရဲ့ သီအိုရီအချို့မှာ ပြတ်နေတဲ့ ကွင်းဆက်တွေကို ဖြည့်ပေးနိုင်ခဲ့တာကို ရှိသလို အချို့သီအိုရီတွေကိုတော့ ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
ဆရာဦးဘမော် မုံရွာခရိုင်၊ ကြာပိုင်ရွာမှာ ကိုလိုနီ-ဂျပန်ခေတ်များအတွင်း လယ်သမားမိသားစုမှ မွေးဖွားကြီးပြင်းခဲ့ပြီး မုံရွာမြို့မှာ အထက်တန်းပညာသင်ကြားပြီးဆုံးခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတက္ကသိုလ်မှာ နှစ်နှစ်ပညာသင်ပြီးတဲ့နောက် ဘူမိဗေဒပညာရပ်ကို သင်ကြားပေးမယ့်သူ မရှိတာမို့ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ပညာသင်ကြားခဲ့ပါတယ်။

လုပ်ငန်းတည်ထောင်ရာမှာ လက်မတွဲသင့်တဲ့ လူ(၁၀)မျိုး

 
 
လုပ်ငန်းတည်ထောင်ရာမှာ လက်မတွဲသင့်တဲ့ လူ(၁၀)မျိုး
*****************************************************************
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် ဘယ်သူတွေနဲ့ လက်တွဲလုပ်ဆောင်မှာလဲဆိုတာကို အသေအချာစဉ်းစားသုံးသပ်ဖို့ လိုပါတယ်။ သင့်ရဲ့ပတ်ဝန်းကျင်ကို ၀င်ရောက်လာသူတွေက သင့်ဘ၀ပြောင်းလဲတိုးတက်မှုအတွက် အရေးကြီးပါတယ်။ ဘယ်သူတွေကို ရှောင်ပြီး ဘယ်သူတွေကို လက်တွဲမလဲဆိုတာကို ဆုံးဖြတ်ရတာကတော့ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် နည်းနည်းလောက်လေ့လာလိုက်ရုံနဲ့ သင့်လုပ်ငန်းနဲ့ သင့်ရဲ့ဘ၀အတွက် အကျိုးမဖြစ်ထွန်းစေနိုင်သူတွေကို ရှောင်နိုင်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းတစ်ခုစတင်တည်ထောင်တော့မယ်ဆိုရင် ၀န်ထမ်းထဲ
မှာပဲဖြစ်ဖြစ် ဖောက်သည်ရှာရာမှာပဲဖြစ်ဖြစ် ရှောင်ရှားသင့်တဲ့ လူ(၁၀)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်လာ(၇)သန်းမယူဘဲ ဆိတ် ၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ အာဖရိကမော့စ်

ဒေါ်လာ(၇)သန်းမယူဘဲ ဆိတ် ၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ အာဖရိကမော့စ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° °°°°°°°°°°°°°°°°°°

- `` ပီတာက ဆိတ်၇ကောင်ပေးမယ်ဆိုလို့ ကျွန်တော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကို အခုမှကြားဖူးတာဗျ။ ဒီမှာနေအခါ ၃၀ ၀င်တဲ့အထိ နေရမယ်ပြောတယ်။ ပြီးရင် ကျွန်တော် စန်ဆီကို
ဆိတ် ၇ကောင်ယူပြီးပြန်မယ် ´´ ဆိုပြီး Hollywood ရုပ်ရှင်လောကကို ဆိတ်၇ကောင်ရဖို့ ၀င်လာရာကနေ ကမ္ဘာကျော်သွားတဲ့ မင်းသားကတော့ မင်းသား Niaau-Toma ဖြစ်ပါတယ်။

-မင်းသား Niaau-Toma လို့ ပြောရင် မြန်မာပရိတ်သတ်တွေအနေနဲ့ သိတဲ့လူ နည်းကျပေမယ့် အာဖရိကမော့စ်/ ပုလင်းမင်းသား ဆိုရင်တော့ လူသိများကြမယ် ထင်ပါတယ်။

(၁) အာဖရိကမော့စ်၏ ကိုယ်ရေးအကျဉ်း

အိမ်ထောင်ရှိ အမျိုးသမီးများနဲ့ Face Book အန္တရာယ်...


အိမ်ထောင်ရှိ အမျိုးသမီးများနဲ့ Face Book အန္တရာယ်...###

Fb ဟာ တိုးတက်နေတဲ့ ယခုခေတ်
အတွက် မရှိမဖြစ် လူမှုကွန်ယက်တခုပါ။
Fb မသုံးရင်ပဲလူရာမဝင်သလိုလို ခေတ်မမှီ သလိုလို
ပြောနေကြတဲ့ခေတ်ကြီးမှာ Fb ကြောင့် မြေဇာပင်
ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ မိသားစုလေးရဲ့ အဖြစ်မှန်ဇာတ်လမ်းလေးကိုပြောပြချင်ပါတယ်..။
ကျွန်တော်တို့ မိသားစုက ဝန်ထမ်းတွေပါ..
သားလေးတယောက်ရှိပါတယ် အရင်ကအကောင့်
တခု ဖုန်းတလုံးကို နှစ်ယောက်သုံးခဲ့ပေမဲ့
ဖုန်းတွေ ၂ သိန်းကျပ်နဲ့ ချပေးလိုကိတော့ တယောက် တလုံးဖြစ်သွားပါတယ်..အဲ့မှာပဲ
ကျွန်တော်တို့မိသားစု ဘဝလေးထဲကို မုန်တိုင်းစ
တင် ဝင်ရောက်ခဲ့ပါတယ်။