Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 8, 2016

ငြိမ်းချမ်းရေးရမှ အနုပညာအလုပ်တွေ ဆက်လုပ်မယ်ဆိုတဲ့ ရမ်ဘိုဇာတ်ကားထဲက မြန်မာစစ်ဗိုလ်

ငြိမ်းချမ်းရေးရမှ အနုပညာအလုပ်တွေ ဆက်လုပ်မယ်ဆိုတဲ့ ရမ်ဘိုဇာတ်ကားထဲက မြန်မာစစ်ဗိုလ်
|| စိုင်းထွန်းအောင်လွင် ||
လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်က မြန်မာပြည် ပြည်တွင်းစစ်နဲ့ ဆက်စပ်ရိုက်ကူးထားတဲ့ ရမ်ဘိုဇာတ်ကားအကြောင်း မှတ်မိကြဦးမယ် ထင်ပါတယ်။ အဲဒီ ဇာတ်လမ်းက စစ်အစိုးရလက်ထက်မှာ ဖြစ်တဲ့အတွက် တရားဝင်ပြသခွင့် မရခဲ့ပေမယ့် ရွှေဝါရောင်အရေးတော်ပုံပြီးစကာလမှာ ရုပ်ရှင်က နိုင်ငံတကာမှာ ပြသခဲ့တာတစ်ကြောင်း လူထုအကြား နိုင်ငံရေးနိုးကြားမှု မြင့်တက်နေချိန်ဖြစ်တာက တစ်ကြောင်းကြောင့် တရားမ၀င် ဈေးကွက်ကနေတစ်ဆင့် ၀ယ်သူကြည့်ရှုသူ များပြားခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ မြန်မာစစ်တပ်က တပ်ရင်းမှူးအဖြစ် သရုပ်ဆောင်ခဲ့သူကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ ကြမ်းတမ်းရက်စက်လွန်းလှတဲ့ သရုပ်သကန်ကို သရုပ်ဆောင်နိုင်ခဲ့သူအဖြစ် အဲဒီတုန်းက ရမ်ဘိုဇာတ်လမ်းကို ကြည့်ရှုခဲ့တဲ့ မြန်မာပြည်က ပရိသတ်တွေ မှတ်ချက်ပေးခြင်းလည်း ခံခဲ့ရပါတယ်။

ပြန်နွေးစားရင် အန္တရာယ်များသည့် အစာများ

ပြန်နွေးစားရင် အန္တရာယ်များသည့် အစာများ

၁။ ဟင်းနုနွယ်ရွက် (Spinach)

ချက်ပြီးသား ဟင်းနုနွယ်ရွက်ကို ပြန်နွှေးပြီးမစားသင့်ပါဘူး။ ဘာလို့လဲဆိုတော့ ဟင်းနုနွယ်ရွက်ထဲမှာပါတဲ့ နိုက်ထရိတ်(nitrates) ဓာတ်ဆားကြောင့်ဖြစ်ပါတယ်။ ချက်ထားတဲ့ ဟင်းနုနွယ်ရွက်ကို နွှေးလိုက်တဲ့အခါမှာ နိုက်ထရိတ်ဓာတ်ဆားကနေ
နိုင်ထရစ်အက်စစ် အဖြစ်ပြောင်းလဲသွားပြီး အဲ့ဒီပြောင်းလဲသွားတဲ့ နိုင်ထရစ်အက်စစ်ဟာ ကင်ဆာရောဂါ ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

"၈.၈.၈၈ ဒေါင်းအလိုက်နဲ့ ကတဲ့တေး"

"၈.၈.၈၈ ဒေါင်းအလိုက်နဲ့ ကတဲ့တေး"
=============================

သူတို့မှာ တူညီဝတ်စုံမရှိဘူး
သူတို့မှာ မိုဘိုင်းလ်ဖုန်းနဲ့ ဆိုရှယ်လ်နက်ဝက်မရှိဘူး
သူတို့မှာ လက်နက်ခဲယမ်းမရှိဘူး
သူတို့မှာ ဖောက်ခွဲရေးပစ္စည်းမရှိဘူး
သူတို့မှာ အာဏာသိမ်းဖို့ ရည်မှန်းချက်မရှိဘူး
သူတို့မှာ ဆူပူသောင်းကျန်းမှုနဲ့ အဓိကရုဏ်းဆန္ဒမရှိဘူး
သူတို့မှာ သမ္မတလုပ်ဖို့နဲ့ မဲဆွယ်စည်းရုံးဖို့မရှိဘူး

အရွယ်နဲ့မမျှတဲ့လောကဓံနဲ့
မဟုတ်မခံနှလုံးသားနုနုလေးတွေကလွဲရင်
သူတို့မှာ ကျည်ကာအကျီလည်း မရှိခဲ့ကြပါဘူး

ကျောင်းဖွင့်ချိန်

၈.၈.၈၈
(၂၈ ) နှစ်ပြည့်မှာ
ဆရာရွှေဘုန်းလူ ( တာရာမင်းဝေ)ရဲ့ အရမ်းကောင်းတဲ့ ကဗျာလေး
ဖတ်ကြည့်စေချင်ပါတယ်…
" ကိုယ့်ကိုယ်ကိုယ် တခါတည်း အသုဘချရင်း …
တိုက်ပွဲဝင်ခဲ့ကြရတဲ့ ငါတို့ရဲ့တော်လှန်ရေး …
ဘယ်တော့မှ အရှုံးမပေးဘူးဟေ့ …
သေနပ်သံတချက်ဖောက်ရင် ရာဇပုလ္လင်မီးဟုန်းဟုန်းတောက်စေရမယ် …
နောက်ဆုံးနေ့ထိ …"
ကျောင်းဖွင့်ချိန်
---------------
(၁)
ငါတို့ကျောင်းတော်ကြီးရဲ့
မော်ကွန်းထိန်းသိမ်းရေးအခန်းမှာ
ဟစ်တလာရုပ်ထုကို
လူတစုထုဆစ်နေကြတယ်။

The Myth တို့ရဲ့ အဆိုတော် Ja Som နဲ့အင်တာဗျူး

The Myth တို့ရဲ့ အဆိုတော် Ja Som နဲ့အင်တာဗျူး
---------------------------

ပြောရရင် ဇာတ်လမ်းက အတော်ရှည်တာ။ Ja Som ကိုအင်တာဗျူးချင်တာ အတော်ကြာပြီ။ အတိအကျပြောရရင် ၂၀၁၅ တုန်းကတည်းကပဲ။ သူမဟာ အမျိုးသမီးတေးရေးရှားပါးလွန်းတဲ့ မြန်မာပြည်မှာ တေးရေးရုံတင်မကဘူး၊ ဘေ့စ်ဂစ်တာကိုပါတီးသေးတာ။ The Myth တီးဝိုင်းမှာ အဆိုတာဝန်လဲ ထမ်းဆောင်ရသေးတယ်။ တကယ်တော့ အဲဒီ တာဝန်၃ ခုစလုံးကိုထမ်းဖို့ဆိုတာ တော်ရုံစိတ်နဲ့မဖြစ်ဘူး။ အင်တာဗျူးဖို့စိတ်ဝင်စားတဲ့ နောက်ထပ်အကြောင်းရင်းကတော့ သူမ ယူဆောင်လာတဲ့ ဂီတဟာ မြန်မာပြည်အတွက် အတော်လေးသစ်ဆန်းတယ်။ အတိအကျပြောရရင် မြန်မာအမျိုးသမီးတွေဆိုလေ့သိပ်မရှိတဲ့ အမျိုးအစားဖြစ်တယ်။ အဲဒီလောက်ရဲရင့်ပြတ်သားပြီး ကြိုးစားတဲ့သူတယောက်ကို အင်တာဗျူးဖို့ဖြစ်လာတယ်။

သမီးတော်တို့အကြောင်း

 
 
သမီးတော်တို့အကြောင်း

နိုင်ငံအကြီးအကဲ သမ္မတတွေရဲ့ သားသမီးတွေအကြောင်း ကျွန်တော် စိတ်ဝင်စားပါတယ်။ စာအုပ်တစ်အုပ် လည်းရေးနေတယ်။ သားသမီးတွေအထဲက ကောင်းတဲ့သူတွေ အကြောင်းတော့ မဟုတ်ပါဘူး။ ဆိုးတဲ့သူတွေ အကြောင်းပါ။

နိုင်ငံသမ္မတတွေအထဲမှာ ခုတစ်လော အိုဘားမားရဲ့ သမီးငယ်လေးအကြောင်းကတော့ လူကြိုက်အများဆုံး ခေါင်းစဉ်ဖြစ်နေတယ်။ သမီးငယ်လေးကို သာမန်ဘဝထဲမှာ ကျင်လည်စေချင်လို့ စားပွဲထိုးသွားလုပ်ခိုင်းနေတာ တွေ ခုတစ်လော ဖတ်နေရတယ်။ နိုင်ငံအကြီးအကဲတစ်ယောက်ရဲ့ သမီးတွေဟာ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူးဆိုတာ အိုဘားမားက စံပြဖော်ဆောင်ပေးထားလို့ ကြည်နူးမိပါတယ်။

"စာဖတ်ခြင်းဖြင့်ရင့်ကျက်အောင်နေပါ"

"စာဖတ်ခြင်းဖြင့်ရင့်ကျက်အောင်နေပါ"
============================

အရင်တုန်းက တစ်ခုခု ဒေါသထွက်ရင် ချက်ချင်း
မစဉ်းစားပဲ ပြန်ပြော၊ ပြန်လုပ်တတ်ပေမယ့် အခု
တော့ နှုတ်ဝရောက်နေတဲ့ စကားလုံးအချို့နဲ့
ပေါက်ထွက်တော့မယ့် ဒေါသတွေကိုအချိန်မီ
ပြန်မျိုချတတ်လာတယ်။

အရင်တုန်းက သူများဝေဖန်ရင် အိပ်ရေးပျက်တဲ့
အထိခံစားတတ်ပေမယ့် အခုတော့ တစ်ဖက်နား
ကဝင်ပြီး အခြားတစ်ဖက်က ထွက်သွားတယ်။

ထူးဆန်း ကြောက်မက်ဖွယ်ရာ..ယခုတိုင်မဖြေရှင်းနိုင်သေးသော ပဟေဠိများနှင့်ပြည့်နှက်နေသော Bermuda Triangle ( ဘာမြူဒါ တြိဂံ)


ခွန် ရာဇာ added 3 new photos.

ထူးဆန်း ကြောက်မက်ဖွယ်ရာ..ယခုတိုင်မဖြေရှင်းနိုင်သေးသော ပဟေဠိများနှင့်ပြည့်နှက်နေသော
Bermuda Triangle ( ဘာမြူဒါ တြိဂံ)

Bermuda Triangle တည်နေရာ
1 ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်း မှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေ နဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။
လူအများစု ကတော့ ဒီထူးဆန်းစွာ ပျောက်ပျက် သွားမူကို ထူးခြားတဲ့ ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။

ငှက်ပျောသီး၏ ထိပ်တန်းကျန်းမာရေးအကျိုး ၁၀ မျိုး

ငှက်ပျောသီး၏ ထိပ်တန်းကျန်းမာရေးအကျိုး ၁၀ မျိုး

-------------------------------------------------------------------------- #ဒေါက်တာခင်မိုးမိုး

ငှက်ပျောသီးဟာ စိတ်ကျဝေဒနာကို ပျောက်ကင်းနိုင်တာ၊ အရက်နာကျတာ၊ ကိုယ်ဝန်ဆောင် ပျို့အန်တာတွေကို သက်သာစေနိုင်ရုံသာမက ကျောက်ကပ်ကင်ဆာ၊ ဆီးချိုရောဂါ၊ အရိုးပါးရောဂါနဲ့ အမြင်အာရုံ ဆုံးရှုံးတဲ့ဝေဒနာတွေကိုပါ ကာ ကွယ်နိုင်ပါတယ်။ ဒါ့အပြင် ခြင်ကိုက်တာကြောင့် ယားယံတာကိုပါ ပျောက်ကင်းနိုင်ပြီး သင့်ဖိနပ်တွေ တောက်ပြောင်နေစေတဲ့ စွမ်းပကားတွေလည်း ရှိပါတယ်။ အောက်ပါတို့ဟာ ငှက်ပျောသီးရဲ့ ထိပ်တန်းကျန်းမာရေးအကျိုး ၁၀ မျိုးဖြစ်ပါတယ်။

အနောက်တိုင်းသားတွေ သားသမီးကို ဘယ်လိုဆုံးမပါသလဲ

 
 
အနောက်တိုင်းသားတွေ သားသမီးကို ဘယ်လိုဆုံးမပါသလဲ
+++++++++++++++++++++++++++++++++++

အနောက်တိုင်းနဲ့ အရှေ့တိုင်းသားတို့ဟာ ယဉ်ကျေးမူချင်း၊ အယူအဆချင်း ကွာခြားတာကြောင့် သားသမီးအပေါ် ပြုစုပျိုးထောင်ပုံချင်း ကွာခြားပါတယ်။မိဘများ လေ့လာမှီညမ်းနိင်ဖို့ တင်ပေးလိုက်ပါတယ်။ သူတို့က သားသမီးတွေကို ဒီလို ဆုံးမကြပါတယ်။

၁။ သူများကို တွေ့ရင် ( ခင်ခင်မခင်ခင် ) နူတ်ဆက်ရတယ်။ အကူညီခံရရင် ကျေးဇူးချက်ချင်းတင်ရမယ်။ သူများကို အနောက်အယှက်တစ်ခုခု ပြုမိရင်လည်း တောင်းပန်ရမယ်။ အနည်းဆုံး ဆောရီး တော့ပြောရပါမယ်။

"ဘိုးဘိုးပြောတဲ့ လူ့ကမ္ဘာ "

"ဘိုးဘိုးပြောတဲ့ လူ့ကမ္ဘာ "
@@@@@@@@@@@@

ကျွန်ုပ်တို့လူသားတွေရဲ့ ဦးနှောက်မှာ ငယ်စဉ်ကလေးဘဝကတည်းက စဉ်းစားတွေးခေါ်နိုင်တဲ့ အရည်အချင်းတွေရှိပါတယ်
ကလေးငယ်တွေဆိုရင် သူတို့မသိတာတွေကို နှိုက်နှိုက်ချွတ်ချွတ်ပြန်မေးတတ်ကြတယ်မဟုတ်လား
ဘယ်သတ္တဝါမျိုးမှာမှ ကျွန်ုပ်တို့ လူသားများကဲ့သို့ တွေးတောကြံဆတတ်တဲ့ အရည်အသွေးတွေ မရှိကြပါဘူး
ကျွန်ုပ်တို့လူသားများဟာ အကြောင်းတစ်ခုဖြစ်လာပြီဆိုရင် အသိအလင်း ထင်ထင်ရှားရှားမသိကြသည့်အတွက်
ဘာ့ကြောင့် ဘယ်လိုကြောင့် ဘယ်အတွက်ကြောင့်ဆိုတဲ့ မေးခွန်းများနဲ့ အကျိုးအကြောင်းကို သိချင်လိုကြပါတယ်
သိချင်တာကို သိအောင်လည်း ကြိုးစားနိုင်ကြပါတယ်

Sunday, August 7, 2016

အောင်မြင်သူတွေ ညမအိပ်ခင် ဘာတွေလုပ်ကြလဲ

အောင်မြင်သူတွေ ညမအိပ်ခင် ဘာတွေလုပ်ကြလဲ
-------------------------------------------------------
ညအိပ်ရာမ၀င်ခင် နောက်ဆုံးဘာတွေလုပ်ခဲ့သလဲဆိုတာနဲ့ ညကဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သလဲဆိုတာက နောက်တစ်နေ့မှာ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။ အောင်မြင်သူတွေက သူတို့နေ့ရက်တွေရဲ့ အစနဲ့အဆုံးမှာ စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာရှိဖို့ အရေးကြီးမှန်း သဘောပေါက်ထားကြပါတယ်။

ဒီတော့ နေ့တစ်နေ့ရဲ့အဆုံးသတ်နဲ့ နောက်နေ့ရဲ့အစအတွက် အောင်မြင်သူတွေ ညမအိပ်ခင်ဘာတွေလုပ်ကြလဲဆိုတာ ကြည့်ကြရအောင်။

လောကမှာ ဝေဖန်ခံရခြင်းနဲ့ ကင်းတဲ့သူ မရှိပါဘူး....

လောကမှာ ဝေဖန်ခံရခြင်းနဲ့
ကင်းတဲ့သူ မရှိပါဘူး....
စကားတစ်ခုကလဲ "အဝေဖန်ခံနိုင်မှ ပညာရှိ"
လို့ ဆိုထားပါသေးတယ်....
ဒါပေမယ့် ကိုယ့်မကောင်းကြောင်း
ကိုယ့်အားနည်းချက်ကို ဝေဖန်ခံရတာကို
အေးအေးဆေးဆေးလက်ခံနိုင်ဖို့ဆိုတာ
တော်ရုံ စကေးနဲ့ မရတာ သေချာတယ်....
တစ်ခု သတိထားဖို့ကောင်းတာက ဝေဖန်ခံ
ရတယ်ဆိုတာ ကိုယ်ကစိတ်ဝင်စားစရာကောင်းလို့
အဝေဖန်ခံရတာပါ....ဘယ်သူမှ "ခွေးသေကို
ခြေထောက်နဲ့ မကန်ဘူး" ဆိုတာ သိစေချင်တယ်......

ကလေးသူငယ်များရဲ့ သိမ်ငယ်စိတ်

ကလေးသူငယ်များရဲ့ သိမ်ငယ်စိတ်

ယေဘူယျအားဖြင့် ကလေးသူငယ်တွေဟာ မိစုံဖစုံမရှိတဲ့ အခြေအနေမျိုးမှာ ၊ မိဘမဲ့ဖြစ်ရတဲ့ အခြေအနေမျိုးမှာ ၊ အတန်းဖော် အရွယ်တူတွေလို ဝတ်စားနေထိုင် ပညာသင်ကြားခွင့်မရတဲ့ အခြေအနေမျိုးတွေမှာ သိမ်ငယ်စိတ်ဝင်လာတတ်ပါတယ်။

ဒီလိုဆို မိစုံဖစုံရှိပြီး အရာရာပြည့်စုံစွာ ထားနိုင် ၊ နေနိုင်တဲ့ ကလေးတွေမှာ သိမ်ငယ်စိတ်မဝင်တတ်ဘူးလို့ ထင်စရာရှိပါတယ်။ မိစုံဖစုံရှိပေမယ့် မိဘက မိမိခံစားချက်တွေ ၊ ဆန္ဒတွေ လျစ်လျူရှုထားတယ်လို့ ခံစားရတဲ့အခြေအနေတွေမှာ သိမ်ငယ်စိတ် ဝင်လာတတ်ပါတယ်။

သင့်ကိုယ်သင် ပြန်ကြည့်ပါ

 
သင့်ကိုယ်သင် ပြန်ကြည့်ပါ

1. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

2. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

3. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

#‎မြန်မာလူမျို‬းတွေစာဖတ်ဖို့ပြောင်းလဲချိန်တန်ပြီ#

‪#‎မြန်မာလူမျို‬းတွေစာဖတ်ဖို့ပြောင်းလဲချိန်တန်ပြီ#
================================
‪#‎အရက်ဆိုင်တွေမှာ‬ ထိုင်ဖို့ မသင့်တော့ပြီ
စာဖတ်ဖို့ အချိန်တန်ပြီ။
‪#‎Night‬ Club တွေတက်တာတွေလျှော့ကြ
စာဖတ်ဖို့ နောက်ကျ နေပြီ။
‪#‎တစ်ပါးသူကို‬ လက်ညိုးထိုးတာ လျှော့ကြ
စာဖတ်ကြဖို့ လိုပြီ။
‪#‎အပိုငွေတွေ‬ မလိုအပ်ဘဲ သုံးတာ ဆင်ခြင်
အားနေရင် ဖုန်းပဲနှိုက်မနေနဲ့ စာဖတ်ကြ။

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် (၅၂) ခု # လှေကားထစ် (၁၀)။ စိတ်အားထက်သန်မှု (Enthusiasm)

# ကြီးပွားအောင်မြင်ဖို့ တက်လှမ်းရမယ့် လှေကားထစ် (၅၂) ခု #

လှေကားထစ် (၁၀)။ စိတ်အားထက်သန်မှု (Enthusiasm)

၁၉ ရာစုနှစ်က အမေရိကန်လူနေမှုစံနစ်ကို ပြောင်းလဲသွားစေခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာကြီး Ralph Waldo Emerson က မှတ်မှတ်သားသား စကားတစ်ခွန်းကို ပြောခဲ့တယ်။ “ကြီးကျယ်တဲ့ အရေးအရာ၊ ကိစ္စမှန်သမျှကို လုပ်တဲ့နေရာမှာ စိတ်အားထက်သန်မှုမရှိရင် ဘယ်လိုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး”တဲ့။ သူ့စကားကို တနည်း ပြန်ပြောရရင် စိတ်အားထက်သန်မှု ရှိရင် ဘယ်လိုကိစ္စမျိုးကိုမဆို အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါတဲ့။ အဲဒီစကားမှန် မမှန်သိရအောင် ဆက်ဖတ်ကြည့်လိုက်ပါ။

အရက်သမားသမီး

အရက်သမားသမီး
---------------------
"ရုပ်ပျိုတစ်လုံးလောက်"
.
အသံကြောင့် စာဖတ်နေရာက သူခေါင်းမော့ကြည့်လိုက်တယ်။ အဝတ်အစား ညစ်နွမ်းနွမ်းနဲ့ ပိန်လှီလှီလူတစ်ယောက် ဆိုင်လှေကားထစ်မှာ ခပ်ယို့ယို့ ရပ်နေတာကို သူတွေ့လိုက်တယ်။ ရုပ်ပျိုအရက်တစ်လုံးကို ကမ်းပေးခိုက် သူ့ဆီက ခပ်စူးစူးအနံ့တစ်ခု သူရလိုက်တယ်။ ပြန်အမ်းငွေကိုပေးရင်း သူ့ကို သူတစ်ချက်ကြည့်လိုက်မိတယ်။ နီကျင်ကျင် ရီဝေဝေ မျက်လုံးတစ်စုံနဲ့ မျက်နှာပေါ်မှာ နေလောင်ကွက်မှန်း၊ ပင်ပန်းတဲ့လက္ခဏာမှန်းမသိတဲ့ အမည်းကွက်နှစ်ကွက်က သူ့ဘယ်ညာပါးနှစ်ဖက်မှာ နေရာယူထားခဲ့တယ်။ အရက်ပုလင်းကို တယုတယကိုင်ပြီး ယိုင်တိုင်တိုင် ခြေလှမ်းနဲ့ လှည့်ထွက်သွားတဲ့ သူ့နောက်ကျောကို သူငေးကြည့်နေခဲ့မိတယ်။

ငမိုးရိပ်နှင့် ရေကင်းသူ မရွှေပွင့် ရာဇဝင်သမိုင်း

ငမိုးရိပ်နှင့် ရေကင်းသူ မရွှေပွင့် ရာဇဝင်သမိုင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
{အစအဆုံး}

ဥက္ကလာပပြည်ကြီးကို အထောက်အကူပြုထားသည့် ကုန်းပေါင်း၉၉ကုန်းတို့တွင် ကုန်း၏အရှင်များ ဖြစ်ကြသည့် ဝိဇ္ဇာ ဇော်ဂျီ တပဿီနှင့် လောကီဈာန်ရကြကုန်သော ရသေ့များစွာတို့သည် ထိုကုန်းတို့၏ အညွန့်အထိပ်ဖြစ်သော သိင်္ဂုတ္တရကုန်းနှင့်တကွ အသီးသီးသော ကုန်းတို့တွင် ပျော်မွေ့ကြည်ရွှင်စွာဖြင့် နေထိုင်လျက် ရှိကြကုန်သည်။

" ကိုယ်တိုင်ဖတ်ဖို့စာ "

 
 
" ကိုယ်တိုင်ဖတ်ဖို့စာ "
~~~~~~~~~~

တင်းကြပ်တဲ့ စည်ကမ်းရဲ့နောက်ကွယ်မှာ
ကြီးကျယ်တဲ့ အောင်မြင်မှုတွေရှိတယ်။

ကြီးမားတဲ့ လောကဓံရဲ့နောက်ကွယ်မှာ
ရင့်ကျက်တဲ့စိတ်ထားတွေရှိတယ်။

များပြားလှသော ပေးဆပ်မှုရဲ့နောက်ကွယ်မှာ
ကြီးမားသောပျော်ရွှင်မှုတွေရှိတယ်။

ခါးသီးသော ကြိုးစားမှုရဲ့နောက်ကွယ်မှာ
လှပသော အနာဂတ်တွေရှိတယ်။

လေဖြတ်ရောဂါအတွက် အစွမ်းထက်တဲ့ အပ်လေးတစ်ချောင်း

လေဖြတ်ရောဂါအတွက် အစွမ်းထက်တဲ့ အပ်လေးတစ်ချောင်း
==========================================

တရုတ်ပညာရှင်တစ်ယောက်က အိမ်တိုင်းမှာ အပ်တစ်ချောင်းလောက်တော့ ဆောင်ထားသင့်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ အပ်လေး တစ်ချောင်းကပဲ လေဖြတ်သွားတဲ့လူနာကို ထူးဆန်းစွာ ကုသပေးနိုင်လို့ပါ။ ရုတ်တရက် လေဖြတ်သွားတဲ့ လူနာကိုတွေ့ရင် ဒီနည်းလေးအတိုင်း ကယ်ဆယ်ပေးလို့ရတာမို့ သေချာဖတ်ရှုပြီး မှတ်သားထားကြပါနော်။

လူတစ်ယောက် ရုတ်တရက်လေဖြတ်သွားပြီဆိုရင် ဦးနှောက်သွေးကြောတွေ တဖြည်းဖြည်းပြန့်ကားသွားတတ်ပြီး အရေးပေါ်ကုသပေးဖို့ လိုအပ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက လူတစ်ယောက်ရဲ့အသက်ကို ကယ်ဆယ် ပေးနိုင်ပါတယ်။

အထူးအဆန်း ဗဟုသုတလေးများ

အထူးအဆန်း ဗဟုသုတလေးများ

====================

၁) ဥကပေါက်တဲ့ တိရိစ္ဆာန်တွေမှာ ချက်မရှိပါဘူး...

၂) လူတစ်ယောက်သေဆုံးတဲ့အခါမှာ ပထမဆုံးပျောက်ဆုံးသွားတဲ့အာရုံက အမြင်အာရုံဖြစ်ပြီး... နောက်ဆုံးပျောက်ဆုံးသွားတာကတော့ အကြားအာရုံဖြစ်ပါတယ်...

၃) လက်ရှိ ဖေ့စ်ဘွတ်အသုံးပြုနေသူအရေအတွက်ဟာ ၁၈၀၄ ခုနှစ်တုန်းက ကမ္ဘာ့လူဦးရေထက် ပိုများပါတယ်...

၎) အရက်ဟာ အမျိုးသားတွေရဲ့ လိင်ဟော်မုန်းတွေကိုလျှော့ကျစေပေမဲ့ အမျိုးသမီးတွေကိုတော့ တိုးမြှင့်စေပါတယ်...

Measles ဝက်သက်ရောဂါ

Measles ဝက်သက်ရောဂါ

သတင်း = နာဂပြည်သူတွေ ဝက်သက်ကြောင့်သေဆုံး

ဝက်သက်ရောဂါကို Measles လို့ခေါ်တယ်။ Rubella ဆိုတာက ဂျာမန်ဝက်သက်။ Morbillivirus ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တယ်။ လူနာရဲ့ နှာခေါင်း-ပါးစပ်က ပိုးပါတဲ့အရည်ဟာ တခြားလူရဲ့ အသက်ရှူလမ်းကနေဝင်ပြီး ကူးစက်တယ်။ ပိုးဝင်ပြီး ၄-၁၂ ရက် အကြာ ရောဂါပေါ်တယ်။ လက္ခဏာတွေ စပေါ်တဲ့ရက်ကနေစပြီး အနီစက်တွေပေါ်ပြီး ၃-၅ ရက်အကြာထိ သူများကို ကူးစက်စေနိုင်တယ်။

ဝက်သက်ကို အလွန်ကူးစက်မြန်ရောဂါလို့သတ်မှတ်ထားတယ်။ ၂ဝ၁၄ ခုနှစ်က တကမ္ဘာလုံးမှာ ဝက်သက်ဖြစ်ခဲ့သူပေါင်း ၁၁၄၉ဝဝ ယောက်နဲ့ နေ့စဉ် သေဆုံးသူပေါင်း ၃၁၄ ယောက် ရှိခဲ့တယ်။ အများဆုံးက ၅ နှစ်အောက်ကလေးတွေဖြစ်တယ်။ ကာကွယ်ဆေးကြောင့် ၂ဝဝ ခုကနေ ၂ဝ၁၄ အတွင်း ဖြစ်နှုန်း ၇၉% ကျဆင်းခဲ့ပါတယ်။

#လူကြိုက်နည်းတဲ့ကောင်

#လူကြိုက်နည်းတဲ့ကောင်
================
ဈေးထဲမှာ ကိုယ်ထည်ပြည့်ပြည့် အရသာရှိရှိ
ရေချိုငါးသလောက်ကြီးက ၁၈ ကျပ်တဲ့ ။
နာမည်လည်းဖျင်း အဆီအသားလည်းဖျင်းတဲ့
ငဖျင်းက ၂၈ ကျပ်ဈေးတဲ့ ။
ဒါနဲ့ ဆိုင်ရှင်ကို မေးကြည့်မိတယ် ။
ဘာဖြစ်လို့များ အရသာလည်းရှိ ကိုယ်ထည်လည်းပြည့်တဲ့
ရေချို ငါးသလောက်က ဈေးနည်းနေရတာလဲလို့ ။
လူကြိုက်နည်းလို့တဲ့ ။
ငါးဖျင်းကတော့ လူကြိုက်များလို့ ဈေးကြီးတယ်တဲ့ ။
ဟုတ်ကဲ့ မောင်ချောနွယ်ဟာ
လူကြိုက်နည်းတဲ့ကောင် ။

Saturday, August 6, 2016

အရောင်ထွက်နေ လျှင်သတိထား

အရောင်ထွက်နေ လျှင်သတိထား
+++++++++++++++++++++++
တစ်ခါက---
ကုန်သည်တစ်စု သဲကန္တာရကို ဖြတ်သန်း သွားကြတယ်။
နေ့ခင်းမှာ ပူလွန်းလို့ ရွက်ဖျင်တဲ တွေနဲ့ နားနေကြပြီး ညမှသာခရီးဆက်ကြတယ် ။

ဒီလိုနဲ့ တစ်နေ့ နေဝင်လထွက် ညဘက်ရောက်လို့ ခရီးဆက်ကြဖို့ လူစုကြတာပေါ့။

နောက်ဆုံးမှရောက်လာတဲ့သူက. . .
" အဆွေတို့. .ကျုပ် ဟောဟိုနားမှာ တွင်းကြီးတစ်တွင်းတွေ့ခဲ့တယ် . . အထဲမှာလည်း အရောင်တွေ တဖိတ်ဖိတ်တောက်နေတာပဲ့ မဟုတ်မှလွဲရော ခိုးသားတွေဝှက်ထားတဲ့ ရတနာတွေလား . .
သဘာဝ စိန်တွင်းကြီးလား မသိဘူ့း ကျုပ်တို့တော့ထောပြီ ဟေ့ . . "
လို့ဝမ်းသာအားရ ပြောပါသတဲ့ ။

ပြုတ် ကျော် နိုင်ငံသားများ

ပြုတ် ကျော် နိုင်ငံသားများ
-----------------------------------

fb သုံးကြည့်တော့မှ မြန်မာပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေဟာ
ကြောက်စရာကောင်းလှအောင် ဆုတ်ယုတ်နေကြ
တယ်ဆိုတာ သိရတယ်

ဥပမာလေးနဲ့  ပြောဦးမယ်

ဟိုတုန်းက မိန်းမကို အပြစ်ရှာချင်တဲ့ ယောက်ျား
တယောက်ဟာ မိန်းမကို ဘဲဥ နဲ့ ထမင်းစားချင်
တယ်လို့ ပြောသတဲ့ ဒါနဲ့ မိန်းမက ဘဲဥကိုကြော်ပေးလိုက်တယ် အဲဒီအခါ ယောက်ျားက အပြစ်ရှာချင်နေတာဖြတဲ့အတွက်
ငါက ဘဲဥကို ဟင်းချက်ခိုင်းတာ ကွလို့ ပြောပြီး
အပြစ်ရှာသတဲ့

ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူတိုင်း မြန်မာသံရုံးမှာ ပတ်စပို့(သို့မဟုတ်) CI စာအုပ် လျှောက်နိုင်ထားနိင်ပါပြီ

ပန်းရောင်ကဒ်ကိုင်ဆောင်ထားသူတိုင်း မြန်မာသံရုံးမှာ ပတ်စပို့(သို့မဟုတ်) CI စာအုပ် လျှောက်နိုင်ထားနိင်ပါပြီ
=====================
===========
ပန်းရောင်ဘတ်ကဒ် လက်ရှိကိုင်ဆောင်ထားသူများ
- မြန်မာနိုင်ငံ အိမ်ထောင်စု စာရင်း
- မြန်မာနိုင်ငံ မှတ်ပုံတင် နှင့်
- ပန်းရောင်ဘတ် စသည့် သက်သေခံအချက်အလက်
၃ ခု လက်ဝယ်ရှိပါက ဘန်ကောက်မြန်မာသံရုံးသို့ သွားရောက်ပြီး နိုင်ငံကူးလက်မှတ်(ပတ်စပို့စ်) ပြုလုပ်ရန် သွားရောက်လျှောက်ထားနိင်ပါပြီ။

နွေရာသီ အားလပ်ရက်တွင် အိုဘားမား၏ သမီး စားသောက်ဆိုင် စားပွဲထိုးဝင်လုပ်နေ


အမေရိကန်သမ္မတ အိုဘားမားရဲ့သမီးငယ်ဖြစ်သူ ဆာရှာအိုဘားမားဟာ နွေရာသီအားလပ်ရက်အဖြစ် ပင်လယ်စာ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေကြောင်း သိရပါတယ်။

Poke’mon ဆိုတာ ဘာလဲ???

Poke’mon ဆိုတာ ဘာလဲ???
--------------------------------
(မြန်မာနိုင်ငံမှာ ဆော့လို့ရနေပါပြီ)

နှစ်ယောက်တွဲဆော့ရတဲ့ ဂိမ်းတွေဟာ အတွဲလိုက် role-play ဆော့ရတာဖြစ်ပါတယ်။ players တွေက ကိုယ့်ကိုင်တဲ့ အကောင်ကို မြေပြင်ကမ်းစပ်အနေအထားအနေအထားတွေ ၊ မြို့ တွေ တောအုပ်နဲ့ တောင်တန်း နေရာတွေကို ထောက်လှမ်းစုံစမ်းရာမှာ ထိန်းချုပ်ရပါတယ်။ ကန်တို(Kanto) လို့ ခေါ်တဲ့ တိုင်းပြည်မှာ ထူးဆန်း အံ့ဖွယ် သတ္တဝါဖြစ်တဲ့ Poke’mon တွေ နေထိုင်ပါတယ်။ player က ဒီကောင်လေးတွေကို တန်းစီလေ့ကျင့် တိုက်ခိုက်ဖို့ အတွက် Poke’ball လေးတွေကို ဖမ်းခိုင်းရပါတယ်။ဒီကောင်လေးတွေကို အနီနဲ့ အဖြူဘောလုံးလေး တွေထဲမှာ များသထက်များလာအောင်လုပ်ပြီး ခက်ထန်ပင်ပန်းတဲ့ လေ့ကျင့်မှုတွေနဲ့ လေ့ကျင့်တာကို Poke’mon တွေရဲ့ကမ္ဘာမှာ လျစ်လျှူရှုထားကြပါတယ်။

"လောက" မှာ...

အရမ်းကြိုက်လို့ သူငယ်ချင်း တွေကိုဖတ်စေချင်သည် ။
အရမ်းစိတ်ညစ်ပြီး ဘ၀ကိုအရှူံးပေးချင်နေပြီလား
ဒီစာလေးဖတ်လိုက်ပါ ၊ ဖတ်ဖြစ်အောင်ဖတ်နော် ။
******************************************************

Copy ##

"လောက" မှာ...

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
"ကိုယ်ပါပဲ"

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
"ကိုယ်ပါပဲ"

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
"ကိုယ်ပါပဲ"

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
"ကိုယ်ပါပဲ"

အိမ်စာနှင့်ပတ်သက်၍ အကြံပြုချက်


Soe Khaing

အိမ်စာနှင့်ပတ်သက်၍ အကြံပြုချက်
ဒေါက်တာ မြင့်လွင် (စိတ်ပညာ)
ကလေးအိမ်စာလုပ်တာကို မိဘတွေက တက်တက်ကြွကြွနဲ့ စိတ်ဝင်စားမှုပြမယ်ဆိုရင် ကလေးဟာ ကျောင်းစာမှာ ပိုအောင်မြင်ပါလိမ့်မယ်။ ကလေးအိမ်စာလုပ်ရာမှာ မိဘတွေ စိတ်ဝင်စားမှုပြခြင်းဟာ ကလေးတွေကို မိမိတို့လုပ်နေတဲ့ အိမ်စာတွေဟာ အရေးကြီးပါလားဆိုတာ သိအောင်ပြပေးခြင်းပါပဲ။
ကလေးတွေ အိမ်စာလုပ်ရာမှာ မိဘတွေက ကူညီတယ်ဆိုတာ စာကြည့်စားပွဲပေါ်ကနေ ခါးကိုင်းပြီး အချိန်ဖြုန်းနေတာပဲလို့ မဆိုလိုသင့်ပါ။ မိဘတွေအနေနဲ့ စာကြည့်ပုံကြည့်နည်းတွေကို ရှင်းပြခြင်း၊ ခဏအနားယူဖို့ အားပေးခြင်းတွေပြုလုပ်ပြီး ကလေးကို ကူညီပံ့ပိုးပေးနိုင်ပါတယ်။
ဆရာမအကြောင်း သိအောင်လုပ်ပါ။

အိမ်ရှင်မ, များအတွက် သတင်းကောင်း


ပြောချင်လွန်းလို့ added 4 new photos.

အိမ်ရှင်မ, များအတွက် သတင်းကောင်း
_________________________________
ဆန်တွေအထဲမှာ ပေါက်ဖွားနေတဲ့
ပိုးကောင်ရဲ့အမည်ကို"Weevils"လို့ခေါ်ပါတယ်။
ဆန်တွေကို ပိုးမထိုးအောင် ဘယ်လိုလုပ်မလဲ....?
Don't keep for too long.
အကြာကြီး သိမ်းဆည်းမထားပါနဲ့...ဆန်တွေကို နှစ်ရှည်လများစွာ သိမ်းဆည်းစားသုံးခြင်းကလည်း ပိုးထိုးတတ်ပါတယ်..
Don't store the rice in a wooden container.
သစ်သားပုံးတွေထဲမှာ ဆန်များကို ထည့်သွင်း မသိုလှောင်ထားပါနဲ့...သစ်သားပုံးတွေထဲမှာ ဆန်းများထည့်သွင်းထားပါက ပိုးထိုးမြန်စေပါတယ်...

"ကယ်ဆယ်ခံဘဝ"

"ကယ်ဆယ်ခံဘဝ"
************

"အကြိမ်ကြိမ်အခါခါ ကျရှုံးတိုင်း
တပါးသူ ကယ်ဆယ်တာကိုပဲ ခံယူပြီး အမြဲတမ်း ကယ်ဆယ်ရေးကိုပဲ မျှော်နေမယ်ဆိုရင် အဲ့ဒီဘဝဟာ ရှင်သန်လျက်နဲ့ တန်ဖိုးမဲ့ဖြစ်သွားတတ်တယ်
မိမိရဲ့ မွေးရာပါ ပင်ကိုယ်အရည်အသွေးပင် ပျက်သုဉ်းသွားနိုင်ပါတယ်
လဲသွားရင် မတ်မတ်ရပ်နိုင်ဖို့ ပြန်ထပါ
ကျရှုံးရင် သင်ခန်းစာယူပါ
အောင်မြင်မှုရရှိရင် ဆက်လက်ထိန်းထားပါ

#မိမိဘဝကို မိမိသာလျှင် Management စီမံပါ

မှတ်စုရေးတဲ့ ကောင်းကျိုးများ

 
 
မှတ်စုရေးတဲ့ ကောင်းကျိုးများ
+++++++++++++++++

မှတ်စုကို ရေးတတ်တယ်။ မှတ်စုကို အသုံးချတတ်တဲ့သူတော်တော်များများဟာ အောင်မြင်မူနဲ့ ပိုမိုနီးစပ်တယ်လို့ဆိုပါတယ်။ မှတ်စုရေးတဲ့သူများ ဘယ်နေရာမှာ ပိုထူးခြားသလဲ၊ လေ့လာကြည့်ရအောင်..........

၁။ သူတို့ဟာ လေ့လာမှတ်သားတတ်သူများဖြစ်ကြတယ်။ မှတ်သားလေ မှတ်သားဖို့ ပိုမိုလိုအပ်လေဖြစ်လာပြီး အဆက်မပျက် လေ့လာသူများဖြစ်သွားတတ်တယ်။

၂။ သူတို့ဟာ သတင်းအချက်အလက်ရဲ့ အရေးပါမူကို နားလည်ကြသလို လိုအပ်ရင်လိုအပ်သလို စွဲထုတ် အသုံးပြုတတ်သူများဖြစ်ကြတယ်။

မွေးသမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ခြင်း



မောင်(စွယ်စုံကျမ်း) added 5 new photos.

မွေးသမိခင်ကို စော်ကားပြစ်မှား၍ ကျိန်စာသင့်ခြင်း
ဒီအဖြစ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျာ်ကျော်ကဖြစ်ရပ်လို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ဘက်က
Padang ဆိပ်ကမ်းနဲ့သိပ်မဝေးတဲ့နေရာမှာ ခုထိရှိနေဦးမယ့် လေ့လာစရာနေရာတစ်ခုပါ။

ဒီလူနာမည်ကိုတော့ Marlin Kundang လိုသိရပါတယ်။Kundang ကိုဘယ်မှာမွေးဖွားတယ်ဆိုတာတော့အတိအကျမသိပေမယ့်၊ငယ်စဉ်တည်းက မိခင်နဲ့သားအမိ နှစ်ယောက်သာရှိခဲ့ပါတယ်၊ ဖခင်ဆုံးပါးပြီးနောက်မှာ
လူမမယ် kundang ကို မိခင်က ကျွေးမွေးပြုစုစောင့်ရှောက် လာခဲ့ရပါတယ်။
မိခင် က ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းတဲ့အခါ အရပ်တကာလှည့်ရင်း kundang ကို လက်ဆွဲခေါ်သွားရပါတယ်။

ရှဥ့်ကလေးတွေရဲ့ သတ္တိ

ရှဥ့်ကလေးတွေရဲ့ သတ္တိ
===============
လွန်ခဲ့သော ၁၅ နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်တော် စာရေးဆရာ ပေါက်စဘ၀။ ၀င်ငွေ မသေချာ သေးသည့် အချိန်။တစ်နေ့ မှာတော့ လက်ရှိ ဘ၀ပြဿနာကို အလေးအနက် စဉ်းစား အဖြေရှာ တော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။
အမျိုးသမီးနှင့် ကျွန်တော်စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီ ဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့်ဝင်ငွေ ဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သိပ်တောင့်တတာ တစ်ခုရှိသည်။ ပါရီ၊ ရောမ၊ ဗီယင်နာ ၊ လန်ဒန် စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည်နေထိုင်ရင်း စာရေးချင်သော ဆန္ဒ။

ဓာတ်ဆီအင်ဂျင်ကားနှင့် ဒီဇယ်အင်ဂျင်ကား တို့၏ အားသာချက် အားနည်းချက်များ



One Two Nine Auto added 2 new photos.

ဓာတ်ဆီအင်ဂျင်ကားနှင့် ဒီဇယ်အင်ဂျင်ကား တို့၏ အားသာချက် အားနည်းချက်များ
-----------------------------------------------------------------------------------------------
ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်တို့ရဲ့အကျိုးအပြစ် တွေကိုမပြောခင် ဥပမာတခုပြောပါမယ်။
ဓာတ်ဆီအင်ဂျင်နဲ့ ဒီဇယ်အင်ဂျင်ဟာ မြင်း
တကောင်ဖြစ်မယ်ဆိုရင်
ဓာတ်ဆီအင်ဂျင်ဆိုတာ ပြိုင်မြင်းတကောင် (Race horse )လို ကျစ်လစ်တယ် ၊ ပေါ့ပါးတယ် ၊ လျှင်မြန်မယ် ၊ တက်ကြွနေမယ် ။
ဒီဇယ်အင်ဂျင်ဆိုတာ ပစ္စည်းသယ်ယူပို့ဆောင်ရေး အလုပ်ကြမ်းလုပ်တဲ့ ခိုင်းမြင်း(Work Horse)
တကောင်လို နှေးမယ် ၊ သန်မာမယ် ၊ ခံနိုင်ရည်ပိုကောင်းပါမယ် ။ ဒါကအကြမ်းမျဉ်း ယေဘူယျ
သဘောကိုဖွင့်ဆိုပြတာပါ ။
ဓာတ်ဆီအင်ဂျင်ရဲ့ အားသာချက်များ
၁။ ဈေးသက်သာခြင်း

Friday, August 5, 2016

ခေါင်းလှုပ်ဆေးလို့ လူသိများပါတယ်

အရောင်လေးတွေက လှတယ်
အဆိပ်ပြင်းပုံကတော့တရိပ်ရိပ်ပါပဲ
တစ်လုံးကို ခုချိန် ၃သောင်းလောက်ရှိတယ်
Ectarcy လို့ခေါ်တဲ့စိတ်ကြွဆေးတွေပါ

အာနိသင်ကတော့ ခါးသမျှလန်ပြန် အများစုကဝါးစားကြတယ်၊ပြီးရင် M150 လိုဟာမျိုးကို
ရေခဲစိမ်ပြီးသောက်ကြတယ်၊သောက်ပြီး မိနစ်၂၀ လောက်ဆိုရင်တော့ဆေးအာနိသင်ပြပြီ၊
ရင်ကွဲမတတ်ထုနေတဲ့ speaker ကြီးဖက်ထားရင်တောင်ဘာမှ မဖြစ်သလိုပါပဲ၊
ဒါပေမယ့်ဒီဆေးကို သာမန်အချိန်တွေမှာ သွားသောက်ဖို့ ထုတ်ထားတာမဟုတ်ပါဘူး၊သုံးဖို့လည်းထုတ်ထားတာမဟုတ်ဘူး၊ညမှောင်မှောင်မီးရောင်အောက် အေးတဲ့aircon ထဲမှာ မြူးကြွတဲ့သီချင်းသံတွေကြား စည်းချက်ညီညီခေါင်းကိုလှုပ်ရမ်း က ကြဘို့ရည်ရွယ်ထားလို့ ခေါင်းလှုပ်ဆေးလို့ လူသိများပါတယ်၊