Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 5, 2016

ဆွန်ဇူး၏ သေနင်္ဂဗျူဟာ

ဆွန်ဇူး၏ သေနင်္ဂဗျူဟာ

ကမ္ဘာတ၀ှမ်းတွင် ဆွန်ဇု ဟု ကျော်ကြားထင်ရှားသော စွန်းဝူ ကို ခရစ်တော် မပေါ်မီ နှစ် ၅၀၀ ခန့်က မွေးဖွားခဲ့သည်။ တရုတ်နိုင်ငံ ကွီ ပြည်နယ်သားဖြစ်သည်။ ဆွန်ဇုသည် “သေနင်္ဂဗျူဟာ စစ်အတတ်ပညာကျမ်း” ကို ရေးသားခဲ့သည်။

ဘီစီ ၄၇၆-၂၁၁ အတွင်း ပြည်နယ်အချင်းချင်း စစ်ခင်းနေကြသော ခေတ်တွင် သူသည် ဝူ ပြည်နယ်တွင် မင်းမှုထမ်းခဲ့သည်။ အခန်း ၁၃ ခု ပါသော သူ၏ စစ်ပညာကျမ်းသည် နာမည်ကြီးသည်။ ထိုကျမ်းကို ဝူပြည်နယ် ၏ မင်းသား ဝူဟေလူ က ဖတ်ရှုပြီး လွန်စွာ သဘောကျသဖြင့် ဆွန်ဇုအား နန်းတော်သို့ ဖိတ်ခေါ်တွေ့ဆုံသည်။

အိုင်ဒီယာကို သဘောကျလို့ပါ

အိုင်ဒီယာကို သဘောကျလို့ပါ
-----------

အင်္ဂလိပ် အက္ခရာ ABCD . . . Z အထိဆိုရင် ၂၆ လုံး ရှိပါတယ်။
အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ ထိုးပြီး စီကြည့်ရအောင် . . .
A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20U=21, V=22, W=23, X=24, Y=25, Z=26
အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ ရှိသွားပါပြီ။
ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့ ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။
၁။ အလုပ်ကြိုးစားခြင်း (Hard Work)
H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ ၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။
၂။ ဗဟုသုတ (Knowledge)
K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့ ၉၆ % အောင်မြင်နိုင်ပါတယ်။
၃။ ချစ်ခြင်းတရား (Love)
L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့ ၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

In God we trust ( ဆာလံ ၃၁:၆)

In God we trust ( ဆာလံ ၃၁:၆)
~~~~~~~~~~~~~~~~~~~~~~~~~
အမေရိကန်ရဲ့ dollar ပေါ် မှာ In God we trust ဘယ် လို ဖြစ်ပေါ်လာသလဲ ဆိုတာ ကို ခွန်အားယူကြရအောင်။
အင်္ဂလန် နိုင်ငံ ၌ ၁၆၀၀ခုနှစ် တွင် ယုံကြည် သူ နိုးထမှု အကြီးအကျယ် ပေါ် ပေါက်ခဲ့ပါတယ်။

ထိုအခါ ဘာသာရေး ခေါင်းဆောင်များ သည် လုးံဝ လက်မခံသည့် အပြင်ဘာသာတရားကို ဖျက်ဆီးခြင်းအဖြစ်
ရှုမြင်ကြပါတယ်။ အလွန်တရားမုန်းတီးခဲ့ကြပါတယ်။
၁၆၂၀ နှစ် ရောက် သောအခါ နိုးထမှု ကို ဦးဆောင်သူ များနှုင့်
နောက်လိုက်အားလုးံကို ဖမ်းဆီးကြပြီး " မေဖလားဝါး" ခေါ်
ရွယ်သဘောင်္ တစ် စီးပေါ်တွင် ရိက္ခာ အပြည့် အစုံ နှုင့် တင်ကြ၍
သွားလိုရာ သွားနိုင်ကြသည် ဟူ ဆို ကာ အင်္ဂလန် နိုင်ငံ မှ
နှင် ထုတ် လိုက်ကြပါတယ်။

"ပေါတောတောနေတတ်တိုင်း ငပေါမဟုတ်ပါ။"

"ပေါတောတောနေတတ်တိုင်း ငပေါမဟုတ်ပါ။"

ပျော်ရွှင်မှုဆိုတာရယူဖို့လွယ်ကူတာမဟုတ်သလို ကိုယ်တိုင်လုပ်ယူလို့မလွယ်လှပါဘူး။ ဒါပေမယ့် လူတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်ပြီး ပြန်ရလာတဲ့ကျေနပ်မှုနဲ့ပျော်ရွှင်မှုကိုတော့ ဘယ်ပျော်ရွှင်မှုနဲ့မှနှိုင်းလို့ရပါဘူး။

လူတစ်ယောက်က ဟာသစကားပေါက်ကရလေးဆယ်နှောပြီး သင့်ကိုရယ်မောစေနိုင်တယ်ဆို ငပေါ၊ ငပေါမ လို့အမည်မတပ်သင့်ဘူး။ ပေါတတ်တဲ့လူတိုင်းက အများအားဖြင့် သင်ထင်သလိုအချိန်တိုင်းပျော်ရွှင်နေတာမဟုတ်ပါဘူး။ သာမန်အားဖြင့်အထီးကျန်ခံစားနေရပြီး အခြားလူတွေထက်ပျော်ရွှင်မှုလစ်ဟင်းတဲ့အတွက် သူတစ်ပါးကိုပျော်ရွှင်စေ၊ရယ်မောစေပြီး ကျေနပ်မှုတွေရယူသူပါ။

ယုန်နှင့်လိပ်# တကယ်ပြိုင်ခဲ့သော်

ယုန်နှင့်လိပ်# တကယ်ပြိုင်ခဲ့သော်
--------------------

ယုန်နဲ့ လိပ် အပြေးပြိုင်ပွဲ ထဲက ကြွားဝါတတ်တဲ့ ယုန်ကလေး အကြောင်း ကြားဖူးကြမှာပါ။ ယုန်ဆိုတာ အပြေးမြန်တယ်။ လိပ် ဆိုတာ အသွားနှေးတယ်။ ဒီတော့ ပုံပြောသူဟာ အပြေးပြိုင်ပွဲမှာ လိပ်ရှုံး လိမ့်မယ် လို့ ယေဘူယျ အမြင်ရှိတာကို ရိုက်ချိုးပြီး လိပ်ကို အနိုင်ပေးလိုက်တယ်။

ဒီမှာ သင်ခန်းစာက ယုန်ဟာ မြန်ပေမယ့်လည်း အပျင်းကြီးတဲ့ အတွက် လိပ်ကို ရှုံးရပါတယ် ဆိုတာကို ကမ္ဘာကျော် အီစွတ်ပုံပြင် လေးက ကျွန်တော်တို့ကို သင်ခန်းစာ ပေးခဲ့တယ်။

ဒါပေမယ့်... တကယ့်တကယ်တမ်းသာ ယုန်နဲ့လိပ်ဟာ အပြင်လောက မှာ အပြေးပြိုင်ခဲ့မယ်ဆိုရင် ဘယ်သူနိုင်လိမ့်မလဲ။ လိပ်ဟာ တကယ်ပဲ ယုန်ကို နိုင်ပါ့မလား။

#ဒေါ်အောင်ဆန်းစုကြည်ပြောဆိုချက်တွေဟာစိတ်ဝင်စားစရာအင်မတန်ကောင်းပါတယ်။အစအအဆုံးဖတ်သင့်ပါတယ်။

#ဒေါ်အောင်ဆန်းစုကြည်ပြောဆိုချက်တွေဟာစိတ်ဝင်စားစရာအင်မတန်ကောင်းပါတယ်။အစအအဆုံးဖတ်သင့်ပါတယ်။
■■■■■■■

UNFC စည်းလုံးညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီခေါင်းဆောင် များအား ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော မှတ်သားဖွယ်ရာ ဆွေးနွေးချက်များ

သျှမ်းသံတော်ဆင့်
သြဂတ်စ်လ ၄ ရက် ၂၀၁၆

အဖွင့်မိန့်ခွန်း

ကျမကိုအခုလိုလာပြီးတွေ့တဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။ဒီလိုတွေ့ဆုံမှုအတွက်လဲကျမတို့မျှော်လင့်ခဲ့တာကြာပါပြီ။တွေ့ဆုံခြင်းအားဖြင့်လဲကျမတို့အားလုံးအတွက်တိုးတက်မှုတွေအကျိုးကောင်းတွေရလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျမတို့ တွေမိသားစုလိုတွေ့တယ်ဆိုတော့ ကျမတခုမေးချင်ပါတယ်။
ဒီအထဲမှာဘယ်သူအသက်အကြီးဆုံးလဲ ? ဦးကျော်တင့်ဆွေအပါအ၀င်ပေါ့။ ဦးကျော်တင့်ဆွေက ကျမထက် ၃ လငယ်တယ်။ကျန်တဲ့ဧည့်သည်တွေကော ကျမထက်ကြီးတဲ့သူပါလား။

ကြိုးစားကြိုးစားပါ.. ဒါပေမယ့်....

ကြိုးစားကြိုးစားပါ.. ဒါပေမယ့်....

=====================

ကလေး တစ်ယောက် ဆင်းရဲတဲ့ ဘဝမှာ နေထိုင်ရတယ်။ သူ ဆင်းရဲတာကို စိတ်နာပြီးတော့ ကြိုးစားတယ်။ အသက်လတ်ပိုင်းမှာ စားဝတ်နေရေး ပြေလည်လာတယ်။ ဒါနဲ့ အိမ်ထောင်ပြုလိုက်တယ်။ စားဝတ်နေရေး နည်းနည်းခက်လာတော့ သူကြိုးစားတယ်။ ရာထူး တိုးသွားပြီး အချိန်ပိုတွေ ဆက်တိုက်ဆင်းပါတယ်။ နယ်ခရီးတွေ ဘာတွေ လည်း သွားတော့ လစာ ပိုရပါတယ်။ သူလုပ်တဲ့ ကုမ္ပဏီက နိုင်ငံတကာနဲ့ ဆက်စပ်တာကြောင့် နိုင်ငံခြားကို ၆ လ၊ တစ်နှစ်လည်း တစ်ခါ တစ်လေ သွားလုပ်ရပါတယ်။ ငွေတွေ သူပိုရှာလာ နိုင်ပါတယ်။ ဒါနဲ့ သူ ဝမ်းသာတယ်။ မိသားစုကိုလည်း လောက်အောင်ထောကက်ပံ့ နိုင်တယ်။ တစ်နှစ်ပြီး တစ်နှစ် ကြိုးစားလိုက်တာ အလုပ်မှာပဲ စိတ်ရော၊ လူပါ နှစ်ခဲ့ ပါတယ်။

#‎Leonardo‬ ( တသက်တာအကောင်းဆုံးသ ရုပ်ဆောင်၁၀၀ထဲကအသက်အငယ်ဆုံးမင်းသား (သို့) လမ်းမပေါ်ကအလေအလွင့်ဆေးသမားတ ယောက်ရဲ့ အတ္ထုပ္ပတ္တိ)

‪#‎Leonardo‬ ( တသက်တာအကောင်းဆုံးသ
ရုပ်ဆောင်၁၀၀ထဲကအသက်အငယ်ဆုံးမင်းသား
(သို့) လမ်းမပေါ်ကအလေအလွင့်ဆေးသမားတ
ယောက်ရဲ့ အတ္ထုပ္ပတ္တိ)
……………………………………………………………
.
.
.
.
.
" လောကမှာလူတယောက်ကို
မွေးလာလို့ မှားတယ်ဆိုတာ
မရှိဘူး။ မွေးဖွားလာပြီးမှသူ
လုပ်တဲ့အရာတွေကြောင့်ပဲ
သေသင့်တဲ့လူတွေဖြစ်လာတာပါ"
၁၉၇၄ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့။
ဆောင်းရာသီအစဖြစ်နေပေမယ့်အဲ့နေ့က
မိုးတွေသည်းသည်းမဲမဲရွာနေတယ်။ ပြသနာက
ယောကျာ်းဖြစ်သူအဝေးရောက်နေချိန်ဆွေမျိုး
သားချင်းမရှိပဲ အမျိုးသမီးတယောက်ကိုယ်ဝန်နဲ့
LAကလမ်းမတနေရာမှာပစ်လဲနေခဲ့တယ်။မြင်တဲ့
သူတွေကဆေးရုံကိုဝိုင်းပို့ပြီးတင်ခဲ့ကြတယ်။

အိုင်းစတိုင်းရဲ့ တန်ဖိုးရှိသော စကားများ

အိုင်းစတိုင်းရဲ့ တန်ဖိုးရှိသော စကားများ
@@@@@@@@@@@@@@@@@@

၁။ အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ

၂။ ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့

၃။ ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ

၎။ မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ

၅။ အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ

၆။ အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ

Thursday, August 4, 2016

"ကေတီဗီ နွား"

"ကေတီဗီ နွား"
--------------

"ဘိုးတော်ရောက်ပြီ"
ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ
နူတ်ခမ်းလေးသပ်ရပ်အောင်ဆိုး
ဆံပင်ကိုsexyဖြစ်အောင်ဖွပြီး Room A7ကိုသွားပြီ။

ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း
ဂေါက်မရိုက်ဖြစ်လို့စောလာတာတဲ့လေ
ဘိုးတော်ကဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ
အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်
ဘာဖြစ်ဖြစ် ကိုယ့်ကာစတမ်မာကိုအပြုံးမပျက်ရဘူးလေ
သူ့အတွက် သောက်စရာစားစရာမှာ
ကိုယ့်အတွက်ကျွဲရိုင်းနဲ့သီးစုံတစ်ပွဲပေါ့။

#အိုးဋီကာ

 
#အိုးဋီကာ

မိန်းမ ဆိုတဲ့အမျိုးက
မြေအိုးလိုပဲ…ငါ့သား
အဖေတို့လို
"ရေ"…ဆိုတဲ့ ယောင်္ကျားသာ မရှိရင်
မှောက်ထားရုံသက်သက်
အိုးအပြင်နှုတ်ခမ်းမှာ
ပိုးမျှင်တန်းပြီး ရှက်နေရုံပဲလေ ။

သူတို့ကို လက်ထပ်ရတာက
ဆက်စပ်သမျှ အကြောင်းအကျိုး
အကောင်းအဆိုး ဒွန်တွဲ
ရိုးရိုးလေး တွေးမယ်ဆို
အိုးရွေးဝယ်ရသလိုပဲပေါ့ကွယ်

ရန်ဖြစ်ခြင်းက အချစ်ရေးကို ပိုပြီးခိုင်မြဲစေတယ်ဆိုတာ ပြသနေတဲ့ အချက် (၅) ချက်

ရန်ဖြစ်ခြင်းက အချစ်ရေးကို ပိုပြီးခိုင်မြဲစေတယ်ဆိုတာ ပြသနေတဲ့ အချက် (၅) ချက်

======================================

ရန်ဖြစ်တယ်ဆိုတာ အချစ်တွေ လျော့သွားလို့ မဟုတ်ပါဘူး။ မတူညီမှုတွေကို နားလည်အောင် သင်ယူနေခြင်းသာ ဖြစ်ပါတယ်။ ရန် တစ်ခါတလေ ဖြစ်ခြင်းဟာ အချစ်ရေးကို ပိုပြီးတော့ ခိုင်မြဲစေပါတယ်။

၁။ ကိုယ့်ခံစားချက်အစစ်အမှန်ကို ပြသခြင်းဖြစ်တယ်
တစ်ဦးနဲ့ တစ်ဦး လိုက်လျောတာ ကောင်းပါတယ်။ ဒါပေမဲ့ သင်အစစ်အမှန်ဖြစ်ဖို့လိုတယ်ဆိုတာ သတိရပါ။ ရန်ဖြစ်ရမှာကို စိုးရိမ်လို့ သူ့ကို ချစ်လို့ဆိုပြီး အရာရာကို လိုက်လျောဖို့ မလိုပါဘူး။ ကိုယ်တကယ်ဖြစ်ချင်တာကို ပြောရမယ်။ အဲဒီအတွက်တော့ ရန်ဖြစ်ရပါလိမ့်မယ်။

သင်အဆိပ်တွေကို မသိမသာနဲ့ နေ့စဉ် တဖြည်းဖြည်းစားသုံးမိနေပါသလား

သင်အဆိပ်တွေကို မသိမသာနဲ့ နေ့စဉ် တဖြည်းဖြည်းစားသုံးမိနေပါသလား

=================================

သတင်းစာ ၊ ဂျာနယ်စားပွဲခင်း နှင့် ကျန်းမာရေး ဆိုတဲ့ ကျန်းမာရေးအ သိပေးဆောင်းပါးလေးကို ဖတ်ရူပြီး ကိုယ့်အနီး အနားဝန်းကျင်က လူတွေပါသိအောင် Share ပေးလိုက်ကြဦးနော်။ အချို့သူတွေက ထမင်းစားခါနီးမှာ စားပွဲခုံပေမှာစိုးလို့ဆိုပြီး အလွယ်တကူ တွေ့ရာဂျာနယ်တွေ ၊ သတင်းစာတွေနဲ့ ခင်းကျင်းပြီး ထမင်းပွဲပြင်ဆင်စားသောက်လေ့ရှိကြပါတယ်။ ဘာကြောင့် ဒီလိုသတင်းစာတွေခင်းကျင်းစားသောက်နေရလဲ ဆိုတာကိုတော့ ဘယ်သူမှ သေသေချာချာ မဖြေနိုင်ကြပါဘူး။ တစ်ချို့တွေကတော့ စားပွဲပေမှာစိုးလို့ ၊ ဒီလိုခင်းကျင်းထားတော့ ပိုသန့်တယ်ထင်ကြပါတယ်။ တစ်ချို့ဆို ပုံများတဲ့ဂျာနယ်ဆို ပိုပြီးတော့တောင် ရွေးချယ်ခင်းလေ့ရှိကြပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် ကျင့်သုံးရမယ့် အချက် (၁၁) ချက်

ဓာတ်ပုံရိုက်တဲ့အခါ ကြည့်ကောင်းနေစေဖို့အတွက် ကျင့်သုံးရမယ့် အချက် (၁၁) ချက်

==============================

သူများတွေပြောတဲ့ ဓာတ်ပုံစားတယ်၊ ဓာတ်ပုံစားတယ်ဆိုတာဟာ အပြင်မှာထက် ဓာတ်ပုံထဲမှာ ပိုချစ်ဖို့ကောင်းတာ၊ ပိုကြည့်ကောင်းတာမျိုးကို ပြောချင်တာပါ။ တစ်ခါတစ်လေ ဓာတ်ပုံရိုက်တဲ့အခါ တောင့်တောင့်တင်းတင်းကြီး ဖြစ်တတ်တဲ့သူတွေအတွက်တော့ အပြင်မှာ ကြည့်ကောင်းနေရင်တောင် ဓာတ်ပုံထဲလည်းရောက်ရော အနေအထားမကျ မျက်နှာတည်တည်တင်းတင်းကြီးတွေ ဖြစ်နေရော။ ဒီတော့ ဓာတ်ပုံရိုက်တဲ့အခါ ကိုယ့်ရှိရင်းစွဲထက်ကို ပိုမိုဆွဲဆောင်အားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေ ပြောပြပေးလိုက်ပါတယ်။

Rich နဲ့ Wealth

Rich နဲ့ Wealth
************

အများက“I want to be rich” ဆိုပြီးတော့ပေါ့။ ထိုလူအများက“I want to be wealthy”
လို့ မပြောကြပါဘူး။

Wealth ဆိုတဲ့ ကြွယ်ဝချမ်းသာမှုဆိုတာ သင့်ဆီမှာ တစ်စုံတစ်ခု အမြောက်အများ (Abundance) ရှိလို့ ဘယ်အရာကမှ လာမဖျက်ဆီးနိုင်
ဘူးလို့ ဆိုတာပါ။

Rich က ကျတော့ သင့်ဆီမှာ ပိုက်ဆံအမြောက်အမြားရှိတယ်၊
ဒါပေမဲ့ အဲဒါတွေကို (Wealth အဖြစ်မပြောင်းနိုင်ရင်) သုံးရင်းနဲ့ ကုန်သွားမှာပါတဲ့။

Wealthy မဖြစ်စေတဲ့ အမှား ၈ ခု

ငွေချေးနေသူများ(မြီရှင်၊ မြီစား) သိထားသင့်သည့် ပျက်ပြယ်သော ငွေချေးစာချုပ်များအကြောင်း

ငွေချေးနေသူများ(မြီရှင်၊ မြီစား) သိထားသင့်သည့် ပျက်ပြယ်သော ငွေချေးစာချုပ်များအကြောင်း

အတိုးနှုန်းယူပါလျက် အတိုးနှုန်းကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျှင် ထိုစာချုပ်သည် ပျက်ပြယ်ခြင်းရှိမရှိ။

အဆိုပါစာချုပ်ကိုတည်မှီ၍ တရားစွဲဆိုနိုင်ခြင်း ရှိမရှိကို တရားသူကြီးချုပ် ဒေါက်တာမောင်မောင် ဆုံးဖြတ်သည့် ကာစီပရာဆပ် နှင့် ဒလစ်ဆင်း ၁၉၇၁၊ မတစ (၃၈) စီရင်ထုံးတွင် အောက်ပါအတိုင်းထုံးဖွဲ့သည်-

အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး

အောင်မြင်မှု ပန်းတိုင် ကို သေချာပေါက် ရောက်စေမယ့် စကားလုံး (၁၀) လုံး

===================================

အောင်မြင်မှုဆိုတာဟာ အလွယ်တကူ ရနိုင်တဲ့အရာ မဟုတ်ပါဘူး။ လျှောက်လှမ်းရမယ့် လမ်းကို မြင်နေပေမယ့်လည်း ပန်းတိုင်ကို ရှာဖွေနိုင်ဖို့တော့ ခက်နေပါသေးတယ်။ ဒါကြောင့် သင့်ရဲ့ ဘ၀မှာ အောင်မြင်မှု ပန်းတိုင်ကို သေချာပေါက်ရောက်စေမယ့် စကားလုံး ၁၀ လုံး ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျော်ရွှင်မှု (Happiness)
ပျော်ရွှင်မှုဆိုတာဟာ ခံစားမှုတစ်ခုမဟုတ်ပါဘူး။ဘ၀ရဲ့ လမ်းစဉ်တစ်ခုပါ။ သင်လုပ်နေတဲ့အလုပ်မှာ သင်မပျော်ပဲ အောင်မြင်မှုရဲ့အရသာ ကို သင်ခံစားနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်တွေကို ချစ်မြတ်နိုးခြင်းဟာ ပြိုင်ပွဲတွေမှာ တစ်ဝက်လောက်တော့ အနိုင်ရသွားစေပါတယ်။

အနာဂတ်ကာလကောင်းမွန်ရေးသည် ပညာရေးအပေါ်မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးသည် ဆရာဆရာမများအပေါ် မူတည်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား


Khant Naing added 3 new photos.

■ အနာဂတ်ကာလကောင်းမွန်ရေးသည် ပညာရေးအပေါ်မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးသည် ဆရာဆရာမများအပေါ် မူတည်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား ■
နေပြည်တော် သြဂုတ် ၎
အနာဂတ်ကာလကောင်းမွန်ရေးသည် ပညာရေးအပေါ်မူတည်နေပြီး ပညာရေး ကောင်းမွန်ရေးသည် ဆရာဆရာမများအပေါ် မူတည်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Wednesday, August 3, 2016

ဘီလ်ကိတ်(Bill Gate)

ဘီလ်ကိတ်(bill gate)

ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊ အချမ်းသာဆုံး ပုဂ္ဂိုလ် အဖြစ်၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။ သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို
ဆက်ကြည့်လိုက်လျှင် လနှင့် ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု
ဆိုပါသည်။ သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန်
ငွေစက္ကုတစ်ရွတ်ကျနေမည် ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု
ဆိုကြပြန်ပါသည်။ သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက်
ကြာညောင်းမည် ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ
ရှိနေတော့ တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ
၃၄၅၆၀၀၊ ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူအဖြစ် ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာဆော့ဝဲလ်သူဌေးကြီး Bill Gates ။

''အချိန်ရဲ့တန်ဖိုး''

''အချိန်ရဲ့တန်ဖိုး''
- တစ်ဘဝရဲ့ တန်ဖိုးကို သိချင်ရင် သေခြင်းတရားကို စောင့်စားနေတဲ့ ကင်ဆာရောဂါသည်ကို မေးကြည့်ပါ။
- တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။
- တစ်လရဲ့တန်ဖိုးကို သိချင်ရင် လမစေ့ဘဲ မွေးလာတဲ့ ကလေးရဲ့ မိခင်ကို မေးကြည့်ပါ။
- တစ်ပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာကို မေးကြည့်ပါ။
- တစ်နေ့ရဲ့တန်ဖိုးကို သိချင်ရင် ကလေး ၆ ယောက်ခန့်ကို ကျွေးနေရတဲ့
နေ့စဉ်အလုပ်သမား တစ်ဦးကိုမေးကြည့်ပါ။

“ကမ္ဘာ့ထိပ်တန်း ဖာနိုင်ငံ”



ကျောက်သင်ပုန်း added 2 new photos.

[Zawgyi]
“ကမ္ဘာ့ထိပ်တန်း ဖာနိုင်ငံ”
******************************
အမိမြန်မာပြည်ဟာ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီး ဖြစ်နေပါပြီဆိုပြီး ဝမ်းနည်းပက်လက် ယူကျုံးမရ ဖြစ်နေသူတွေကို အားပေးချင်ပါတယ်။ စိတ်ဓာတ်မကျနဲ့။ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးစားရင် ကျနော်တို့ နိုင်ငံလည်း ကမ္ဘာမှာ ထိပ်တန်းဖြစ်အောင် တက်လှမ်းနိုင်ပါလိမ့်မယ်။
ကျနော်ပြောမယ့် ဖာနိုင်ငံကြီးအကြောင်း သိရအောင် ဆရာကြီး သော်တာဆွေရေးခဲ့တဲ့ စာတစ်ပိုဒ်ကို ဖတ်ကြည့်ပါ။ ၁၉၃၉ ခုနှစ် ရန်ကုန်မြို့ အခြေအနေကို တစ်စွန်းတစ်စ သိရပါမယ်။ ဆရာကြီးရေးခဲ့တဲ့ စာလုံးပေါင်းသတ်ပုံအတိုင်း ကူးထားတာပါ။

❖Google ၏ Android System ထဲ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သော သမင်မျက်လုံးပိုင်ရှင်မလေး ဆုမွန်ကြွယ်❖



ကျောက်သင်ပုန်း added 3 new photos.

❖Google ၏ Android System ထဲ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သော သမင်မျက်လုံးပိုင်ရှင်မလေး ဆုမွန်ကြွယ်❖
သမင်မျက်လုံးပိုင်ရှင်မလေး ဆုမွန်ကြွယ်ကို ချိုသာဖော်ရွေပြီး ပျော်ပျော်နေတတ်တဲ့ သာမန်မိန်းကလေးတစ်ယောက်လို့ထင်ပြီး သူ့အိမ်နီးချင်းတွေက အခေါ်အပြော အဆက်အဆံ လုပ်ခဲ့ကြတာ။ သူ Singapore Management University မှာ Information System ပညာရပ်ကို PhD တက်နေတာ ပဉ္စမနှစ်အရောက်မှာတော့ သူဟာ သူများတွေရဲ့ကွန်ပျူတာတွေကို လိုက် Hack ပြီးတော့ အသက်မွေးဝမ်းကျောင်းပြုတဲ့သူပါလားဆိုတာကို သိလိုက်ရတော့ လူတွေ အရမ်း အံ့အားသင့်ကုန်ကြတယ်။
Hacker ဆိုလို့ ထိတ်လန့်မသွားလိုက်ပါနဲ့။ သူဟာ “white hat hacker” လို့ခေါ်တဲ့ လုံခြုံရေးကို ကာကွယ်ပေးမယ့် အဖြူရောင် Hacker တစ်ယောက်ပါ။ သူ့ရဲ့  အလုပ်က Apple’s iOS နှင့် Google’s Android mobile operating systems တွေရဲ့  လုံခြုံရေးအားနည်းချက်တွေကို ရှာဖွေပြီး ဖော်ထုတ်ပေးရတဲ့အလုပ်ပါ။ သူတို့အဖွဲ့ဟာ အဲဒီလုံခြုံရေးပျော့ကွက်တွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး Google ထံမှ ဆုငွေများ လက်ခံရရှိခဲ့ပါတယ်။

"' ဝေး"

 
"' ဝေး"

မေ့လိုက်ပါတော့မယ်
နောင်တမဲ့တဲ့ သင်ခန်းစာတွေနဲ့
မင်းနဲ့ ပတ်သက်ဖူးတဲ့အတိတ်တွေကို
တခမ်းတနား သိမ်းထားမိတာ
တစ်ခုလေးပဲ

အရင်လိုပါပဲ
နေ့ခင်းဆိုလည်း သတိတရ
ကြယ်ရောင်မရှိတဲ့ ညတွေမှာတောင်
ဝေဝါးမသွားတဲ့ မင်းပုံရိပ်တွေ
ငါ့တစ်ကိုယ်စာ ကောင်းကင်မှာ
တောက်ပနေဆဲပဲ

Tuesday, August 2, 2016



#ကွမ်းစိုက်ကျင်းစနစ် ပြုပြင်ြခင်း


#ကွမ်းစိုက်ကျင်းစနစ် ပြုပြင်ြခင်း
***************************
ကွမ်းစိုက်တဲ့နေရာ
စိုက်ကျင်းစနစ် ၂ မျိုးရှိပါတယ်

၁။ ကန့်လန့်လဲစိုက်တဲ့ စိုက်ကျင်း
၂။ ဒေါင်လိုက်ထောင်စိုက်တဲ့စိုက်ကျင်း

ကန့်လန့်လဲစိုက်တဲ့ အားသာချက်ကတော့

၁။ စိုက်မည့်နေရာပေါက်ပြားဖြင့် စိုက်ကျင်း
ဖော်ရတဲ့အတွက် လူ အချိန် ကုန်သက်သာပါ

ဗန္ဓုလတို့ရဲ့အဖေ။ ။

ဗန္ဓုလတို့ရဲ့အဖေ။ ။

၁။ ခင်ဗျားတို့ဗျာ။
ကိုယ့်အိမ်မှာကိုယ့်မိန်းမကိုလေသံကျယ်ကျယ်စကားပြောဖို့
ဝေးစွ၊အီးတောင်ကျယ်ကျယ်မပေါက်ဝံ့ကြဘူး။
နေ့တိုင်းခင်ဗျားတို့ကြိုက်တဲ့ဟင်းမစားနိုင်ဘူး။
ခင်ဗျားတို့သားသမီးကိုခင်ဗျားတို့စိတ်တိုင်းကျပုံမသွင်းနိုင်ဘူး။
ထို့နည်းတူ ညီကိုပုံမသွင်းနိုင်ဘူး။ညီမကိုပုံမသွင်းနိုင်ဘူး။
ယုတ်စွအဆုံးခင်ဗျားတို့ဘဝကို၊ခင်ဗျားတို့၊ပုံမသွင်းနိုင်ဘူး။

၂။ ဒါနဲ့များ...၊
ရေကြီးရင်ကြီးပြန်ြ်ပီ။သောက်အစိုးရဘာလုပ်နေလဲ။
ဟိုဥပဒေထုတ်ပြန်ပြီ။ဟိုစည်းမျဉ်းတွေချမှတ်ပြန်ပြီနဲ့
ဟိုဥသန်းရှာနေကြတာများ၊အံ့ပါရဲ့။

သင်နဲ့အတူ လိုက်မုန်းတဲ့သူ

သင်နဲ့အတူ လိုက်မုန်းတဲ့သူ
-----------------------------
ကျွန်မတို့နဲ့ channel လှိုင်းမတူတဲ့လူတချို့ကို ကျွန်မတို့ မကြာခဏဆုံရတတ်တယ်။ အဲဒီလိုလူနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားအကြောင်းပြောရင် သူနှစ်သက်တဲ့အခန်းက သင်နှစ်သက်တဲ့အခန်းနဲ့ လုံးဝမတူဘူး။ ရယ်ရတယ်လို့သင်ထင်တဲ့ဇာတ်ဝင်ခန်းက သူ့အတွက်မရယ်ရဘူး။ သူ အူလှိုက်သဲလှိုက်ရယ်တဲ့အခန်းကျတော့ သင်က အဲဒီလောက်မရယ်ရပါဘူး.. သူဘာကြောင့် အဲဒီလောက်ထိရယ်ရတာပါလိမ့်လို့ သင်ထင်တယ်။

''( I'm ) နဲ့ စပြီးပြောသော ဝါကျတစ်ချို့သာ''

''( I'm ) နဲ့ စပြီးပြောသော ဝါကျတစ်ချို့သာ''
များများSave- များများShareပေါ့။
ကုသိုလ်ရပါတယ်။
----------------------------------
I'm not on anyone's side.
ငါဘယ်သူ့ဘက်မှမပါဘူးနော်။
I'm so glad to have you here.
မင်းဒီမှာရှိနေလို့ ငါအရမ်းဝမ်းသာတယ်ကွာ။
I'm sure you're right.
သေချာတာပေါ့-မင်းမှန်တယ်။
I'm so sorry about that.
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစိတ်မကောင်းပါဘူး။
I'm at home.
ငါအိမ်မှာ။

ဘ၀အတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ

ဘ၀အတွေ့အကြုံဟာ အကောင်းဆုံးဆရာပါ

လူရယ်လို့ ဖြစ်လာကြပြီဆိုရင် ချမ်းသာ၊ဆင်းရဲ မရွေး ဘဝက ပေးတဲ့ သင်ခန်းစာတွေကို ခံစားကြရပါတယ်။ လူတွေနေ့စဉ်ဖြတ်သန်းကြုံတွေ့နေကြရတဲ့ အကောင်း၊အဆိုးတွေဟာ လူတွေရဲ့ ဘဝသင်ခန်းစာတွေဘဲဖြစ်ပါတယ်။ တစ်ချို့က ဒီလိုနေ့စဉ်သင်ခန်းစာတွေက သင်ယူလေ့လာပြီး မိမိဘဝအတွက် ဆောင်ရန်၊ရှောင်ရန်အဖြစ် ကြိုးစားဆောင်ရွက်သွားကြသူတွေရှိသလို တစ်ချို့က နောက်ပြန်လှည့် အရှုံးပေးသွားကြသူတွေလည်းရှိပါတယ်။

နေ့စဉ်သုံးအတိုအထွာလေးပေါ့။



Oscar U San Win

နေ့စဉ်သုံးအတိုအထွာလေးပေါ့။
01- Brush/Clean your teeth. သွားတိုက်ပါ။
02- Wash your face. မျက်နှာသွားသစ်ပါ။
03- Please have a bath. ရေချိုးပါ။
04- Wash your hands. လက်သွားဆေးပါ။
05- I'm watching television. ကျွန်ပ် TV ကြည့်နေသည်။
06- I'm listening to the radio. ကျွန်ပ်ရေဒီယိုနားထောင်နေသည်။
07- Please have tea/ coffee. လ္ဘက်ရည်၊ကော်ဖီသောက်ပါအုံး။
08- Please have breakfast. နံနက်စာစားပါအုံး။
09- Don't poke your nose. နှာခေါင်းမနှိုက်ပါနှင့်။

#‎ငါသူခိုးပါ‬



Htet Wa Na feeling thoughtful.

‪#‎ငါသူခိုးပါ‬
……………
* ငါသူခိုးပါ။
ဒါပေမယ့်
သစ်တောနဲ့သစ်ပင်
ဆိုတဲ့စကားလုံးကို
ကဗျာနဲ့စာအုပ်ထဲပဲ
ကျန်တော့တဲ့အထိ
မခိုးရဲပါဘူး။

* ငါသူခိုးပါ။
ဒါပေမယ့်
သယံဇာတနဲ့ကျောက်တွင်း
တွေကို လူ့အသက်ပေါင်းများစွာ
စတေးခံတူးပစ်ခဲ့တဲ့အထိတော့
မခိုးရဲပါဘူး။
* ငါသူခိုးပါ။
ဒါပေမယ့်
ဧရာဝတီကိုအကျဉ်းတန်စေတဲ့
အထိတော့ မခိုးရဲပါဘူး။

ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း

 အထွေထွေ ဗဟုသုတ added 3 new photos.

ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း
==================================================
အိမ်ထောင်စု တော်တော် များက ကတော့ ဂွမ်းစောင်ကို နေပူလှန်း လိုက်တာနဲ့ စိတ်ရှုတ်စရာ ဒီအကောင်တွေ သေဆုံးသွား မှာပဲလို့ ထင်နေကြတယ်။
-
ဒါပေမဲ့ နေပူထဲ လှန်းရုံနဲ့ ဒီပိုးမွှားတွေကို အမြစ်ဖြုတ် အသေ မသတ်နိုင်ပါဘူး။
မှန်ဘီလူးနဲ့ အကျယ်ချဲ့  ကြည့်လိုက်ရင် နေပူကျဲကျဲမှာ လှန်းထားတဲ့
ဂွမ်းစောင် ထဲမှာ ဒီ ပိုးမွှားတွေကို တွေ့နေ ရအုံးမှာပဲ။

Monday, August 1, 2016

ငုံးဥ နဲ့ တွဲမစားသင့်သော အရာများ

ငုံးဥ နဲ့ တွဲမစားသင့်သော အရာများ
=======================
ငုံးဥကိုတော့ မသိတဲ့ လူဆိုတာ ရှားပါတယ်။ဒါပေမယ့် ငုံးဥထဲမှာ ဆိုရင် ဘယ်လို အာဟာရများစွာ ပါဝင်တာကိုတော့ သိတဲ့သူ ရှားပါးပါလိမ့်မယ်။
.
ငုံးဥထဲမှာ ပါတဲ့ အာဟာရ တန်းဖိုးဟာ ဆိုရင် ကြက်ဥ နှစ်လုံးစာနဲ့ ညီမျှတယ် ဆိုတာကော သိကြ ပါသလား။ ငုံးဥဟာ လူ့ရဲ့ အဆုတ်နဲ့ သရက်ရွက်ကို အားကောင်း စေပါတယ်။
.
ငုံးဥကို စားသုံးသင့်တဲ့ သူတွေကတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ သွေးအားနည်းတဲ့ သူတွေ၊ ချူချာတဲ့သူနဲ့ မီးဖွားပြီး ခါစ မိခင်လောင်းတို့ပဲ ဖြစ်ပါတယ်။ ဦးနှောက် သွေးကြော ရှိတဲ့ သူတွေကတော့ ငုံးဥကို ပမာဏများစွာ မစားသင့်ပါဘူး။

စိတ်အတွက်အာဟာရများ

စိတ်အတွက်အာဟာရများ

==============

(၁)
တခါက လူတုံးလူအ တယောက်သည် ဈေးထဲတွင် လှည့်လည် ကျက်စားနေသည်။ လူများက သူ့အား နည်းအမျိုးမျိုးဖြင့် စနောက်ကြသည်။ လူတွေ အမြဲစနောက်သော နည်းတခုမှာ လက်ဖ၀ါးပေါ်တွင် ၅ကျပ်တန်နှင့် ၁၀ကျပ်တန်ကိုတင်ပြီး သူ့အား ရွေးယူစေသောနည်းဖြစ်သည်။ သူသည် အမြဲတမ်း ၅ကျပ်တန်ကိုသာ ရွေးယူခဲ့သည်။ လူများက သူ့အား တုံးအသောသူ၊ စိတ်မနှံသောသူ၊ ၅ကျပ်နှင့်၁၀ကျပ် မည်သည်က
ပိုတန်ဖိုးရှိသည်ကို မသိသောသူဟု ထင်ပြီး ၀ိုင်းလှောင်ကြသည်။ ဈေးထဲသို့ သူ ဖြတ်သွားတိုင်း လူများက ထိုနည်းကို အသုံးပြုပြီး အမြဲ စနောက်ခဲ့ကြသည်။
တနေ့သော် အဘွားအိုတဦးက သိလိုစိတ်ဖြင့် မေးလိုက်မိသည်။
“နင် တကယ်ပဲ ငါးကျပ်နဲ့ ဆယ်ကျပ်ကို မခွဲတတ်ဘူးလား”

" အေးသီမ"

" အေးသီမ"
++++++++++

" ဟဲ့.. အေးသီမ .. ထ ထ"
အမေ့အော်သံ အက်အက် ကြောင့် စောင်အစုတ်လေးထဲ ကွေးနေရာမှ သူဖျတ်ခနဲ လန့်နိုးသွား သည်။ ခြေထောက်နားမှ စိုစိစိ အထိအတွေ့ကြောင့် မောင်လေး သေးပေါက်ချ ထားပြန်ပြီဟု အိပ်ချင်မူးတူး တွေးမိသော်လည်း ... မောင်လေး သေသွားပြီ ဆိုတာ သူ ချက်ခြင်း သတိရလိုက်သည် ။ မိုးယိုတာ ဖြစ်မည်။

-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ

-စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ
မှတ်ပါ
==========================================

-လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား . ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ

-ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား . သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ

-စာများများဖတ်ပါ သား .reader ကောင်းတစ်ယောက်ပာာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ

-စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ရွေးလုပ်ပါ သား . သားစိတ်မဝင်စားတဲ့ အလုပ်ကို ဘယ်သူက ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ အကျိုးသင့် အကြောင်းသင့်ပြောပီး
ပြတ်ပြတ်သားသားနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ .

ဆဲလ်ဂျူံးဘုရင်ကြီး သို့မဟုတ် ကိုးရီးယား အက္ခရာစာလုံးများကို မွေးဖွားပေးခဲ့သူ

ဆဲလ်ဂျူံးဘုရင်ကြီး သို့မဟုတ် ကိုးရီးယား အက္ခရာစာလုံးများကို မွေးဖွားပေးခဲ့သူ
ကိုးရီးယားတွေရဲ့ သမိုင်းမှာ အရေးပါဆုံးသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့ရာမှာ ဘုရင်ကြီး ဆဲလ်ဂျူံးလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ဆယ်ဂျူံး ဘုရင်ကြီးဟာ ဂျိုဆွန်းခေတ်ရဲ့ ၄ ဆက်မြောက် ဘုရင်ဖြစ်ပြီး သူဟာ
ဂျိုးဆွန်းခေတ် ပြုပြင်ပြောင်းလဲရေးများ သာမက ခေတ်သစ် ကိုးရီးယားနိုင်ငံအတွက်ပါ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူ့လက်ထက်မှာ ယနေ့ခေတ်သုံး ကိုးရီးယားစာပေကို တီထွင်ခဲ့ပြီး ကိုးရီးယားတို့ရဲ့ ကိုယ်ပိုင်စာပေအဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့သူပါ။

'ကောင်းကင်ဘုံမှပေးစာ'

'ကောင်းကင်ဘုံမှပေးစာ'

RIP- Piang Ngaih Don

လွန်ခဲ့တဲ့ တစ်နှစ်ကပေါ့…
ဒီ စင်ကာပူနိုင်ငံထဲကို စပြီးခြေချလိုက်မိတဲ့အချိန်မှာ တောင်ပေါ်က ဆင်းရဲခြင်းလောကဒဏ်ကြားမှာ ရှင်သန်ရတဲ့နေ့ရက်တွေ ကုန်ဆုံးမယ့်အချိန် ရောက်ပြီဆိုတဲ့ မျှော်လင့်ချက်လေးတခုကြောင့် ကျွန်မပြုံးရယ်ခဲ့ဖူးတယ်။ ကျွန်မအလုပ်တွေ ကြိုးစားလုပ်မယ်။ ရတဲ့လုပ်အားခ ငွေကြေးတွေဟာ ဝေးလံခေါင်ဖျားလို့ မြန်မာအစိုးရက သတ်မှတ်ပေးတဲ့ ခက်ခဲတဲ့ ကျွန်မရဲ့ ဒေသက မိဘ ဆွေမျိုး မိတ်ဆွေ တဦးတယောက်အတွက်တော့ ကောင်းကျိုးလေးတခု ပေးနိုင်ကောင်းလောက်ပါရဲ့။ ဖြစ်နိုင်ရင် ငွေလေး နည်းနည်းချင်းစီစုထားမယ်။ အချိန်တန်လို့ အိမ်ပြန်ချိန်ရောက်ရင် ကျွန်မဇာတိမြေမှာ တပိုင်တနိုင်စီးပွါးရေးတခုခုလည်း ကျွန်မ လုပ်ချင်သေးတယ်လေ။