Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, December 28, 2016

ငါးအရိုး မျက်ခြင်းအတွက်



Lwin Pyin added 4 new photos.

ဗဟုသုတလေးပါ မျှဝေပါရစေ
............................................
ငါးအရိုး မျက်ခြင်းအတွက်
ငါးအရိုးမျက်လျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။ တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင်
ဆေးရုံတက်ပြီး လည်ချောင်းကနေ
ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။

ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။ ကိုယ်နဲ့အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။
(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍
ခေတ္တမျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကို
တိုက်စားသွားပေလိမ့်မည်။

Who နဲ့ မေးခွန်းမေးရန်


Saya San

Who နဲ့ မေးခွန်းမေးရန်
••••••••••••••••••••••••
(1) Who are you?
မင်းက ဘယ်သူလဲ။
(2) Who is it?
ဘယ်သူလဲဟေ့။
(3) Go and find who it is?
ဘယ်သူလဲ သွားကြည့်စမ်း။
(4) Go and ask who it is?
ဘယ်သူလဲ သွားမေးစမ်း။
(5) Who is your father?
မင်းအဖေက ဘယ်သူလဲ။
(6) Who's going?
ဘယ်သူသွားမှာလဲ။

သင့်တော်တဲ့ နေရာမှာ

သင့်တော်တဲ့ နေရာမှာ
----------------------------

တက္ကသိုလ်ဝင်တန်း မအောင်တဲ့ မိန်းကလေးတစ်ယောက်က တောရွာတစ်ရွာမှာ ဆရာမသွားလုပ်ခဲ့တယ်။ ကျောင်းသားတွေ နားလည်အောင် စာကို ရှင်းမပြတတ်တော့ အလုပ်ထုတ်ခံလိုက်ရတယ်။ ပါးပြင်ပေါ် ကျလာတဲ့ မျက်ရည်တွေကို အမေက ပွတ်သပ်ပေးရင်း “သမီးနဲ့ သင့်တော်တဲ့ အလုပ်တစ်ခုတော့ ရှိမှာပါ” လို့ သူ့ကို နှစ်သိမ့်ခဲ့တယ်။ ... အဲဒီနောက် သူငယ်ချင်းတွေနဲ့ မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ခဲ့တယ်။ မကြာဘူး.. အင်္ကျီစညှပ်ရာမှာ နှေးကွေးလွန်းတယ် ဆိုပြီး အလုပ်ထုတ်ခံလိုက်ရပြန်တယ်။
“မကျွမ်းကျင်သေးတဲ့ အလုပ်မှာ စစချင်းနှေးကွေးတာ ဘာမှမဖြစ်ဘူး။ သမီးက ဘာမှ မလုပ်ဖူးဘဲ ကျောင်းပဲတက်ခဲ့လို့ဖြစ်လိမ့်မယ်” လို့ အမေက သူ့ကို နှစ်သိမ့်ပြန်တယ်။

လင်းလင်း ပြောတဲ့ အလှူ အကြောင်း


Myanmar Model Girls added 6 new photos.

လင်းလင်း ပြောတဲ့ အလှူ အကြောင်း
( ဆုံးအောင် ဖတ်ပေးပါ )
ဒီနေ့ မန်လေးရောက်တုန်း ဟိုးအရှေ့ ရေတံခွန်တောင်ကနေ ထပ်တက်သွားရတဲ့ ထူးမတောင် အပေါ်ဆုံးနားမှာ မနှစ်က ကျနော်တို့ သူငယ်ချင်းရောင်းရင်းတွေ စုပေါင်းမတည်ပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဘိုးဘွားရိပ်သာ ( စွန့်ပစ် ဘိုးဘွားရိပ်သာဆို ပိုမှန်ပါလိမ့်မယ် ) သွားရောက်ဖြစ်ပါတယ်,, စိတ်မကောင်းခြင်းများစွာ, မျက်ရည်ဝဲ , ခံစားချက် မျိုးစုံဖြစ်ရပါတယ်, ဘိုးဘွား ၄၇ ယောက်လောက်ရှိနေပါပြီ , အများစုက စွန့်ပစ်ခံပြီး နေစရာမရှိဘဲ လျှောက်သွားနေတဲ့ ဘိုးဘွားတွေများပါတယ်, ၉၊၁၀ တန်း အင်္ဂလိပ်စာ ကျောင်းဆရာကြီး ဦးညွန့်မောင်လဲ မျက်စိကွယ်ပြီး ရောက်နေပါတယ်, မန်လေးမှာ တော်တော်များများသိတဲ့ 'ဟယ်လိုဟယ်လို' အော်ပြီး လျှောက်သွားနေတဲ့ အဘွားအိုလဲ ရောက်နေပါပြီ, ဈေးချိုတစ်ဝိုက် ဆာလာအိတ်လွယ်ပြီး စကားတွေပြော လျှောက်သွားနေတဲ့ စိတ်သိပ်မနှံ့ရှာတဲ့ အဘွားလဲ ရောက်နေပါပြီ

Tuesday, December 27, 2016

ဒွေး

ဒွေး

ဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြု ခံရသူဖြစ်သည်။ ဒွေးကို အဖ ဦးတင်ထွန်းမောင်နှင့် အမိ ဒေါ်အေးအေးသင်းတို့ ရန်ကုန်မြို့တွင် မွေးဖွားပြီး မွေးချင်းများအနက် သားဦး ဖြစ်သည်။ အမည်ရင်းမှာ ထင်လင်း (ခ) သားကြီး ဖြစ်သည်။ ထင်လင်း (ခေါ်) ဒွေးသည် Y.I.T မှ အင်ဂျီနီယာဘွဲ့ရထားသူ တစ်ယောက် ဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက် ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်အခြေချခဲ့သည်။ သရုပ်ဆောင်လောကထဲသို့ မဝင်မီက အဆိုတော် ဖြစ်ချင်ခဲ့ပါသည်။ မမျှော်လင့်ပဲ ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက် ဖြစ်ခဲ့ပါသည်။

မြောက်ကိုရီးယားမှ အံ့သြဖွယ်ရာများ

မြောက်ကိုရီးယားမှ အံ့သြဖွယ်ရာများ
-----

(၁) ရာမ ခေါ် စိတ်ကြွရူးသွပ်ဆေးပြားများကို မြောက်ကိုရီးယားနိုင်ငံအနှံ တရားဝင်နီးပါး အသုံးပြုကြပါတယ်။ အမောခံနိုင်ဖို့၊ အလုပ်ထဲမှာ စိတ်ကြည်ဖို့၊ အအေးဒဏ်ခံနိုင်ဖို့ နဲ့ အစာရေစာရှားပါးနေချိန်တွေမှာ အဆာခံနိုင်ဖို့ မြောက်ကိုရီးယားတွေဟာ ရာမကို ရေနွေးကြမ်းထဲမှာ ထည့်သောက်ကြပါတယ်။

(၂) မြောက်ကိုရီးယားမှာ ဆံပင်ပုံစံကို မိမိစိတ်ကြိုက်ထားလို့ မရပါဘူး။ အမျိုးသားတွေရော အမျိုးသမီးတွေပါ အစိုးရကသတ်မှတ်ပေးထားတဲ့ ဆံပင်ပုံစံ(၂၈)မျိုးထဲက မိမိနှစ်သက်ရာတစ်မျိုးကို ရွေးထားရပါတယ်။

ကောင်းကင်ဘုံရဲ့ အမှောင်ခြမ်း (သို့) ကော့တောင်ကျွန်း မာဖီးယား

ကောင်းကင်ဘုံရဲ့ အမှောင်ခြမ်း (သို့)
ကော့တောင်ကျွန်း မာဖီးယား

ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ အာရှတိုက်မှာ နာမည်အကြီးဆုံးလို့ ပြောလို့ရမယ် ထင်ပါတယ်။ သာယာလှပတဲ့ ကမ်းခြေတွေ၊ အရှေ့တောင်အာရှကို ကိုယ်စားပြုနိုင်တဲ့ ရသာကောင်းမွန်လှတဲ့ စားသောက်ဖွယ်ရာတွေ၊ လွတ်လပ်ပွင့်လင်းတဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ၊ လွယ်လင့်တကူ ၀ယ်ယူနိုင်တဲ့ မူးယစ်ဆေးဝါးတွေ၊ တခြားနိုင်ငံတွေထက်စာရင် အစစအရာရာ ဈေးနှုန်းသက်သာမှု စတဲ့အချက်တွေဟာ ထိုင်းနိုင်ငံကို နှစ်စဉ်ကြိတ်ကြိတ်တိုး ၀င်လာနေတဲ့ တိုးရစ်တွေအတွက် အဓိကဆွဲဆောင်မှု ဖြစ်နေပါတယ်။ အနောက်နိုင်ငံသား အဖြူတွေအပေါ် တခြားလူမျိုးတွေထက် ပိုပြီး ဖော်ရွေရင်းနှီးလိုတဲ့ ထိုင်းလူမျိုးတွေရဲ့ စရိုက်ကြောင့်လည်း ထိုင်းနိုင်ငံဟာ အနောက်နိုင်ငံသားတွေအတွက် Paradise တစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ထိုင်းနိုင်ငံအကြောင်း ထဲထဲဝင်ဝင် မသိသေးသရွေ့ကတော့ လူတော်တော်များများရဲ့ စိတ်ထဲမှာ ထိုင်းနိုင်ငံဟာ တိုးရစ်တွေအတွက် အိပ်မက်ထဲက ကောင်းကင်ဘုံတစ်ခုအဖြစ် တည်ရှိနေအုန်းမှာပါပဲ။

Twenty Seven-Thaw Zin & သော်ဇင်


01 အချစ်အိမ်
02 ငိုကြွေးခြင်း
03 အချစ်စစ်တစ်ခုနဲ့ဝေး
04 အခြားတစ်ဖက်
05 ကြေကွဲခြင်းလမ်းမ
06 မမေ့ပါဘူး
07 ဘယ်ဆီမှာလဲ
08 ပြန်ခဲ့ပြီ
09 စောင့်မျှော်သံ
10 အလွမ်းမိုး
11 Grace
12 ဘ၀ရဲ့အဓိပ္ပါယ် (Bonus)

ဒါဖတ်ပြီးမှ မြ၀တီ-မဲဆောက် သွားလည်ပါ

ဒါဖတ်ပြီးမှ မြ၀တီ-မဲဆောက် သွားလည်ပါ
------ ------ ------ ------ ------
“အို ကရင်ပြည်နယ်”

'မြ၀တီ'ဆိုတာက မြန်မာပြည်ရဲ့အရှေ့တောင်တည်ရာ အရပ်ဒေသ၊ ကရင်ပြည်နယ်ရဲ့ ကားလမ်း အဆုံး နယ်စပ်၊ ခရိုင်ရုံးစိုက်တဲ့မြို့ပါ။ အဲဒီမြ၀တီမြို့ရဲ့ အရှေ့ဘက်ကပ်လျက်မှာက သောင်ရင်းမြစ်သာခြားတဲ့ ထိုင်းနိုင်ငံ ခြံစည်းရိုး၊ တာ့ခ် (TAK)ခရိုင်၊ မဲဆောက် (MAE SOT)ဆိုတဲ့ မြို့ရှိပါတယ်။ တာ့ခ်ခရိုင် ကိုးမြို့ထဲက သောင်ရင်းမြစ်နဲ့ ထိစပ်နေတဲ့ နယ်စပ် ငါးမြို့ထဲက တမြို့ပါ။ မကြာသေးခင်ကာလတခုကပဲ ကျွန်တော်နဲ့ နှစ်ပေါင်း (၂၀)ကျော်လောက် ခွဲခွာဝေးကွာနေခဲ့ရတဲ့ ကရင် ပြည်နယ် ဘားအံမြို့ကို တခေါက်တကျင်း ပြန်ရောက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်နေထိုင်ဖြတ်သန်းခဲ့ဖူးတဲ့ ဟိုးကာလ ၁၉၉၆ ခုနှစ်ရဲ့ မိုးဦးကာလတွေဆီကို ကျွန်တော်ပြန်ပြီး မျှော်တမ်းကြည့်လိုက်တော့ ကြာအင်းဆိပ် ကြီးမြို့နယ်ရဲ့ အဇင်း၊ ကျိုက်ဒုံ၊ ကြိတ်ရွာ ဒေသတွေမှာ ကေအင်ယူနဲ့ န၀တအစိုးရ 'လက်နက် နဲ့ငြိမ်းချမ်းရေး'လဲလှယ်ပြီးစ ကာလပါ။ အမှောင်ကြီးစိုးခဲ့ရတဲ့ နယ်မြေဒေသမှာ အလင်းရောင်ပွင့်လင်းစဖြစ်ပါတယ်။

စိတ်ဓာတ်ကျတိုင်း ပြန်ကောက်ပါ

စိတ်ဓာတ်ကျတိုင်း ပြန်ကောက်ပါ
***********************************

ဖိနပ်မရှိတိုင်း ငိုနေမိရင်
ခြေထောက်မပါတဲ့သူကို သတိရပါ

အလုပ်အဆင်မပြေတိုင်း စိတ်ညစ်မိရင်
ထမင်းငတ်နေသူတွေကို သတိရပါ

လင်မယားနှစ်ယောက်ကြား စကားများရန်ဖြစ်မိရင်
အထီးကျန်နေတဲ့သူတွေကို ပြေးမြင်လိုက်ပါ

မြန်မာနိုင်ငံတွင်ပတ်စပိုစ့်လျှောက်သူများသိထားသင့်သောအချက်လက်များ


Lwin Pyin added 4 new photos.

မြန်မာနိုင်ငံတွင်ပတ်စပိုစ့်လျှောက်သူများသိထားသင့်သောအချက်လက်များ
---------------------------------------------------
၁။ ပတ်စပိုစ့် လျှောက် မည်ဆိုပါက မှတ်ပုံတင် အစစ်
အိမ်ထောင်စုစာရင်း အစစ် လိုအပ်ပါတယ်
၂။ ပတ်စပိုစ့် စာအုပ်ထုပ်ပေးရေးရုံးသို့ရောက်ရှိပါက
မှတ်ပုံတင်အစစ်နှင့် အိမ်ထောင်စုစာရင်း အစစ်ကိုကိုင်ဆောင်ပြီး အဝင်ပေါက်တွင်တန်းစီပြီးဝင်သွားပါ ပထမ တဆင့်

လှပတဲ့ English စကားလုံးများ

1.After = ပြီးနောက်
Afters = အချိုပွဲ

2.Moon = လ
Moons = တနင်္လာဂြိုဟ်

3.Sack = ဂုန်နီအိပ်
Sacks = ငုတ်များပါသောစင်များ

4.Issue = နိဂုံး
Issues = ငြင်းချက်များ

Monday, December 26, 2016

ယောက်ျားတစ်ယောက်ကို ချုပ်ကိုင်နိုင်မယ့် နည်းလမ်း(၄)သွယ်

ယောက်ျားတစ်ယောက်ကို ချုပ်ကိုင်နိုင်မယ့် နည်းလမ်း(၄)သွယ်
။။။။။။။။။။။။။။။။

ယောက်ျားတစ်ယောက်ကို (သူကိုယ်တိုင်တောင် မသိလိုက်ရပဲ) ဘယ်လို ကိုင်တွယ် ထိန်းချုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုပျိုမေတို့ကို ပြောပြ ပေး ချင်ပါတယ်။ဒါဟာအမျိုးသမီးတိုင်း သိထားသင့်တဲ့ နည်းလမ်းလေးတွေ ဖြစ်ပါ တယ်။

၁။ ကလေးလိုဆက်ဆံပါ

မခံချင်​စိတ်

မခံချင်​စိတ်
✏ ✏ ✏ ✏

မခံချင်​စိတ်​ဆိုတာ မရှိမ​ကောင်း ရှိမ​ကောင်းဆိုသလို
မီး​တောက်​တစ်​ခုနဲ့ အလားသဏ္ဍန်​တူပါတယ်
သုံးတတ်​ရင်​​ဆေး မသုံးတတ်​ရင်​​ဘေးဖြစ်​တတ်​ပါတယ်

မခံချင်​စိတ်​ကို ​ကောင်းတဲ့ ဘက်​မှာ အသုံးချတတ်​ခဲ့ရင်
ဘဝ ဟာအမြင့်​မားဆုံး မဟုတ်​​တောင်​ အတိုင်းအတာ
တစ်​ခုထိ​တော့ ရပ်​တည်​နိုင်​မှာဖြစ်​ပါတယ်​....

ကိုယ်ရဲ့ ကံ ဟာ ကိုယ်လုပ်ခဲ့ တာတွေ ပါဘဲ ဆိုတာ သတိ ရှိစေချင်မိပါတယ်။


Ye Myat Thu

ငယ်ငယ် ကျောင်းသာဘဝက ဖတ်ခဲ့ ဘူးတဲ့ အမှတ်ရနေတဲ့ စာအုပ်တစ်အုပ် ရှိတယ်။ အောင်ဝင်း(စိတ်ပညာ) ဘာသာပြန်ထားတဲ့ “ ချမ်းသာကြွယ်ဝခြင်း အကြောင်း အရင်း" လို့ မှတ်မိနေတယ်။ အဲဒီစာအုပ်မှာ သန်းကြွယ် သူဌေးဖြစ်တဲ့ သံမဏိလုပ်ငန်းပိုင်ရှင် သူဌေးကြီး အင်ဒရူး ကာနက်ဂျီက သူဘာလို့ ချမ်းသာ သလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုရာမှာ မှတ်မိသလောက် ပြန်ပြောရရင်
ကျွန်တော် သိသလောက် လူတွေက သံမဏိကို အသုံးချလာကြတယ် အရေးပါလာတယ် ဒီတွက် လူများစု သံမဏိကို အရည်အသွေးကောင်းကောင်းကို ဈေးသက်သက်သာသာ နဲ့ ရနိုင်အောင် ကြိုးစားခဲ့တယ်။ကျွန်တော်က ဒီလိုဖြစ်အောင် လုပ်ပေးတဲ့ အတွက် သုံးစွဲသူတွေက ကျွန်တော်ပစ္စည်းကို အားပေးကြရင်း လုပ်ငန်း ကြီးထွားလာပြီး ကြွယ်ဝချမ်းသာလာတယ်လို့ ဆိုတယ်။

မိတ်ဆွေတို့ရော :)

အခုတလော ဒေါ်အောင်ဆန်းစုကြည် လုပ်နေရတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ရှက်စိတ် အတော်ဝင်နေမိတယ်။ ဖေ့စ်ဘုတ်ပေါ်မှာ ဟိုအော်ဒီအော်လေး အော်နေမိတာ (ဒါမလုပ်ရဘူးလို့ ပြောတာမဟုတ်၊ နည်းတာကိုပြောတာ) ကို ဘ၀ထင်ပြီး ကိုယ်တာဝန်ကျေလှပြီ ထင်နေတာ။ ပြန်တွေးရင် အတော် လိုနေပါသေးတယ်။

ရိုးရိုးလေး ပြောရရင် ကျွန်တော်တို့ နိုင်ငံသားတွေ အကုန်လုံးနီးပါးက ကိုယ့်အိပ်မက်တွေ အကုန်လုံးကို အသက် ၇၀ကျော် အမယ်အိုကြီး ပခုံးပေါ်ကို ထိုးတင်လိုက်ကြတယ်။ ပြီးရင် ကိုယ့်တာဝန်ကင်းသလိုလိုနဲ့ ငါမဲပေးခဲ့တာပဲလေ ဆိုပြီး ဖြေတွေးတွေးလိုက်ကြတယ်။

“အောင်မြင်သူတစ်ယောက်ရဲ့ ဘ၀တစ်ခုဖြတ်သန်းပုံ”

“အောင်မြင်သူတစ်ယောက်ရဲ့ ဘ၀တစ်ခုဖြတ်သန်းပုံ”
+++++++++++++++++++++++++++++++++++
• တကယ်အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်လူတိုင်းမှာ အိမ်မက်ကိုယ်စီတော့ရှိကြမှာပါ
• အဲ့လိုအိမ်မက်ရှိနေရုံလောက်နဲ့ သင့်ဘ၀ ဘယ်တော့မှပြည့်စုံမသွားနိုင်ပါဘူး
• နေ့စဉ်ဘ၀ကို ဘယ်လိုဖြတ်ကျော်မလဲ ဆိုတဲ့အကြံဥာဏ်ကောင်း၊ အတွေးကောင်းတွေ လဲရှိနေဖို့လိုပါတယ်

" မှတ်သားထိုက်တဲ့စကား (၁ဝဝ) "

" မှတ်သားထိုက်တဲ့စကား (၁ဝဝ) "
""""""""'''"""""""""""""""""""""""""""""""""

၁။ အတင်းမပြောပါနဲ့။

၂။ အရေးကြီးတဲ့ကိစ္စတွေမှာ ကလေးဆန်စွာမဆုံးဖြတ်ပါနဲ့။

၃။ သင့်ဘဝကို အပြစ်မတင်ပါနဲ့။

၎။ အမှန်တရားကို ဖုံးကွယ်မထားပါနဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အသိအမှတ်ပြုသင့်တဲ့အရာတွေကို ဥပက္ခာမပြုပါနဲ့။

၆။ သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောပါနဲ့။

လူငယ်နှင့်ပတ်ဝန်းကျင်ကောင်း(၁)

#လူငယ်နှင့်ပတ်ဝန်းကျင်ကောင်း(၁)
#သရ၀ဏ်(ပြည်)

မကြာသေးမီကာလများက သတင်းစာ၊ ဂျာနယ်များတွင် စိတ်မကောင်းဖွယ် သတင်းနှစ်ပုဒ်ကို ဖတ်ရသည်။ ပထမသတင်းက လပတ်စာမေးပွဲကျသဖြင့် မိဘက ဆူသောကြောင့် ဆယ်တန်းကျောင်းသူတစ်ယောက် မိမိကိုယ်ကို သတ်သေသွားသောသတင်းဖြစ်ပြီး နောက်ထပ်သတင်းတစ်ခုမှာ ရှစ်တန်းကျသောကျောင်းသားတစ်ယောက် စာမေးပွဲကျသောကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားသည့် သတင်းဖြစ်သည်။ ထိုသတင်းနှစ်ခုအပြင် ရှစ်တန်းကျောင်းသူလေးများ အိမ်မှထွက်ပြေးသောသတင်း၊ တက္ကသိုလ်ကျောင်းသူတစ်ဦး မဟာဘွဲ့ဆက်တက်ရန် အိမ်မှသဘောမတူသဖြင့် တံတားပေါ်မှ မြစ်ထဲသို့ ခုန်ချသတ်သေသော သတင်းများကိုလည်း တုန်လှုပ်စွာ ဖတ်ရသည်။

မွဲခဲ့ကြာရှည်မြန်မာပြည်

၂၆ ဒီဇင်ဘာ ၂၀၁၆နေ့ထုတ်သည်ဗွိုက်ဒေးလီးနေ့စဉ်သတင်းစာ

မွဲခဲ့ကြာရှည်မြန်မာပြည်

(မင်းဒင်)
(၁)
လွန်ခဲ့သောတစ်ဆယ့်နှစ်နှစ်ဝန်းကျင်၊(၂၀၀၄)ခုနှစ်၊ကျွန်တော်ဘန်ကောက်တွင်အခြေချနိုင်ရန်ကြိုးပမ်းနေစဉ်ကာလဖြစ်၏။ကျွန်တော်တည်းခိုခဲ့သောနေရာမှာဘန်ကောက်မြို့၊ဆူခုန်ဗစ်(၄၉)လမ်းရှိ၊သင်္ဘောသားဟောင်းကိုကျော်စိုး(ယခုကွယ်လွန်)ပိုင်သည့်တည်းခိုခန်းငယ်တစ်ခုတွင်ဖြစ်သည်။

ထိုတည်းခိုခန်းနှင့်ကပ်လျက်တွင်၊ကိုကျော်စိုး၏ဇနီး(ထိုင်းအမျိုးသမီး)
အမည်ဖြင့်၊ဖွင့်လှစ်ထားသည့်၊လူသုံးကုန်၊စားသောက်ကုန်နှင့်စုံစီနဖာရောင်း
သောဆဲဗင်းအလဲဗင်းဆိုင်ခွဲတစ်ခုရှိ၏။မူရင်းကုမ္ပဏီကြီးနှင့်အကျိုးတူဖက်စပ်သဘောဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ဆဲဗင်းအလဲဗင်းဆိုင်တို့သည်(၂၄)နာရီ
ပတ်လုံးဖွင့်သည်။

အများစု သတိမထားမိတဲ့ မှိုက်ခရိုဝေ့ Microwave -Oven မီးဖိုသုံးခြင်းရဲ့ အကျိုးဆက်များ …


မှိုက်ခရိုဝေ့မီးဖို  Microwave -Oven တီထွင်ကတည်းက ကမ္ဘာတစ်ဝှမ်း နိစ္စဓူဝအသုံးပြုသူ တဟုန်ထိုးများပြားလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း လူ ၈၀% ကျော် မှိုက်ခရိုဝေ့မီးဖိုသုံးစွဲနေကြကြောင်း ခန့်မှန်းထားပါတယ်။ ဒါပေမယ့် ဒီကိရိယာ ဘယ်လိုပုံစံ လည်ပတ်အလုပ်လုပ်နေသလဲဆိုတာ အများစု သတိမပြုမိကြပါဘူး။
မှိုက်ခရိုဝေ့မီးဖို လည်ပတ်ဆောင်ရွက်ပုံက AC သို့မဟုတ် ပြန်လှန်လျှပ်စီးဟာ အက်တမ်တွေကို ပြောင်းပြန်လှန်ပစ်ပါတယ်။ အဲဒီလိုလုပ်ခြင်းဖြင့် ပွတ်အားတွေဖြစ်ပေါ်ကာ အစားအစာအတွင်း ရေမော်လီကျူးတွေ ပြင်းထန်စွာ တုန်ခါစေပြီး အစားအသောက်ကို အတွင်းဘက်ကနေ ပြန်နွေးပေးပါတယ်။

"Basic English For Everyday Use"

"Basic English For Everyday Use"
************************

1. What time did you get up?
ဘယ်အချိန်အိပ်ယာက ထသလဲ။

2. What time did you go to sleep?
ဘယ်အချိန်အိပ်ယာ ဝင်သလဲ။

3. What time did you wake up?
ဘယ်အချိန်အိပ်ယာက နိုးသလဲ။

4. What time do you think you'll arrive?
ဘယ်အချိန်ရောက်မယ်လို့ ထင်သလဲ။

အမျိုးသမီးတစ်ယောက်က သင့်ကိုအန္တရာယ်ပြုတော့မယ်ဆိုရင် ...

အမျိုးသမီးတစ်ယောက်က
သင့်ကိုအန္တရာယ်ပြုတော့မယ်ဆိုရင် ...
=============================
၁။ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းပါ။

၂။ တတ်နိုင်လျှင် ငရုတ်ကောင်း
စပရေးဗူး ဆောင်ထားပါ။

၃။ အားပျော့သောနေရာများကို တိုက်ခိုက်ပါ။

၎။ မိမိအား ဦးစွာရန်ပြုတိုက်ခိုက်သည်ဖြစ်ကြောင်း
သက်သေယူပါ၊ အခြေအနေမလှလျှင်
တရားလိုမှ တရားခံဘဝသို့ ကံဆိုးစွာ
ကူးပြောင်းသွားနိုင်သည်။

ဦးဖြိုးမင်းသိန်း_တော်တယ်


#ဦးဖြိုးမင်းသိန်း_တော်တယ်

မဟာဗန္ဓုလလမ်းညနေဆိုကားမကြပ်ဘူး
လမ်းဘေးဈေးသည်တွေမရှိတော့ မကြပ်တော့ဘူးလေ
အခုဆို အရင်အစိုးရလက်ထက်တုန်းက ပိုက်ဆံယူပြီး ငြိမ်နေတဲ့ စည်ပင်တွေလည်း ကားတွေနဲ့ပတ်နေတာတွေ့ရသလို
စည်းကမ်းမဲ့ ဈေးဘန်းတွေကားပေါ်စွဲတင် ဈေးရင်းရှုံးတဲ့ ဈေးသည်တွေနဲ့ စည်ပင်ရန်ဖြစ် အလုပ်တွေလုပ်နေကြပြီ
ဒါတွေကြည့်လေ စည်းကမ်းရှိမှတိုးတက်မှာမို့ စည်းကမ်းကို အရင်တည်ဆောက်နေတာဗျ

အရောင်းနယ်ပယ်တွင် အောင်မြင်စေရန် လိုက်နာ ကျင့်သုံးသင့်သည့် အချက်များ

💐အရောင်းနယ်ပယ်တွင် အောင်မြင်စေရန် လိုက်နာ
ကျင့်သုံးသင့်သည့် အချက်များ💐
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၁) ၀ယ်သူများနှင့် မတွေ့ဆုံခင် မိမိပြောလိုသည့်စကားများကို
စာဖြင့်ကြိုတင်ရေးပြီး ပြင်ဆင်ထားပါ။

(၂) အရောင်းနှင့်ပတ်သက်ပြီး တတ်မြောက်ထားသင့်သော
ကျွမ်းကျင်မှုများကို သေချာဆန်းစစ်ထားပါ။
ဥပမာ - စကားပြော ကျွမ်းကျင်မှု၊ လိမ္မာပါးနပ်မှု၊
သူတစ်ပါးပြောစကားကို ဂရုတစိုက်နားထောင်တတ်မှု။

ဗန်းမော် ဟူသော ဝေါ်ဟာရသည်

ဗန်းမော် ဟူသော ဝေါ်ဟာရသည် သျှမ်းဘာသာ စကား
မန်မော် မှ ဆင်းတက်လာသော စကားဖြစ်သည်။
မန်း (Man)= ရွာ၊ မော် (Maw)= “အိုးရွာ”ဟုအဓိပ္ပါယ်ရသဖြင့်
အိုးလုပ်သော ရွာဟုဆိုနိုင်ပါသည်။

စမ္ပာနဂိုလ် မင်းပျက်ပြီးနောက် သက္ကရာဇ် (၄၀၀) ကျော်တွင်
စောဘွား သိုဟန်ဘွားသည် ရှေးမင်းမြတ်တို့၏ နေရာတွင်
မနေ၀ံ့၍ မြို့ဆင်ခြေဖုံးဖြစ်သော ဗန်းမော်သို ပြောင်းရွှေ့လာခဲ့ပြီး
မြို့ပြတည်ထောင်ပြီး အုပ်စိုးသည်။

"ဘ၀ဆိုတာ"

 
"ဘ၀ဆိုတာ"
************
၁။ သင့်ဘဝမှာ သင်ဘာဖြစ်ချင်တယ်ဆိုတာ အရေးကြီးတယ်။ အဲ့လိုမှ မသိခဲ့ဘူးဆိုရင် သင်ဟာ သင်ဘဝကို ပျင်းရိငြီးငွေ့စွာ ဖြတ်သန်းရလိမ့်မယ်။

၂။ ဘဝဆိုတာ တိုတောင်းတယ်။ အနာဂတ်ဆိုတာ ကြိုမမြင်နိုင်ဘူး။ သင့် အနာဂတ်မှာ စိုးရိမ်စရာ တခုခု ရှိလာရင် ဘယ်ဘက်ရင်ဘတ်ပေါ် လက်တင်ပြီး အာ့လီဇဘယ်(အဆင်ပြေသွားမှာပါ) ဆိုပြီး ကိုယ့်ကိုကိုယ် နှစ်သိမ့်ပါ။ ဒီလို ပြုလုပ်ခြင်းဟာ မမြင်နိုင်တဲ့ သင့်ရဲ့ အနာဂတ်ပြသနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ပေမယ့် သင့်ရဲ့ လက်ရှိအချိန်ကို သက်တောင့်သက်သာနဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်အောင် ကူညီပေးလိမ့်မယ်။

Sunday, December 25, 2016

မောင်လေးရဲ့ခရစ္စမတ်

မောင်လေးရဲ့ခရစ္စမတ်
-----------------------
တကယ်လို့ နောက်ကြောင်းပြန်လှည့်လို့ရရင် ပုံပြင်ဆိုတာ စိတ်ကူးသက်သက်ပါ။ ဒါပေမယ့် သူ့ရဲ့လှပမှုကတော့ တကယ်ပါဆိုတာ မောင်လေးကို ကျွန်မပြောပြချင်မိတယ်။
.
(၁)
“ခရစ္စမတ်”ဆိုတာကို ကျွန်မ အသက် ၁၁နှစ် ၁၂ နှစ်အရွယ်ရောက်မှ ပထမဦးဆုံး သိလိုက်ရတယ်။ အင်္ဂလိပ်ဖတ်စာအုပ်ထဲကနေ သိခဲ့တာဖြစ်တယ်။ အဲဒီအရွယ်က ခရစ္စမတ်ဘိုးဘိုး တကယ်ရှိတယ်ဆိုတာကို မယုံတတ်တော့တဲ့အရွယ်ဆိုပေမယ့် ဒါဟာ ထူးခြားဆန်းကြယ်တဲ့ပွဲတော်တစ်ခုလို့တော့ ထင်ခဲ့တယ်။ နှင်းကျတဲ့ရာသီမှာ ခရစ္စမတ်ဘိုးဘိုးက အိတ်ကြီးတစ်အိတ်ကိုလွယ်၊ ဒရယ်တွေဆွဲတဲ့ စွတ်ဖားလှည်းကိုစီးပြီး ဟိုးအဝေးလျှို့ဝှက်ဆန်းကြယ်တဲ့ မြောက်အရပ်ကနေ လူတွေရဲ့မီးခိုးခေါင်တိုင်ပေါ် ရောက်လာခဲ့တယ်။

၁၂ နှစ်သမီး၏ ဒဿန


Thant Zaw Oo added 2 new photos.

၁၂ နှစ်သမီး၏ ဒဿန
🔺🔺🔺🔺🔺🔺🔺🔺🔺
လူထုချစ်သော ဒေါ်အောင်ဆန်းစုကြည် အသက် ၁၂ နှစ် သမီး အရွယ် ကျောင်းသူဘဝက သူငယ်ချင်း တစ်ဦး၏ "အော်တို" မှတ်တမ်း စာအုပ်တွင် ရေးသားခဲ့သော အမှတ်တရ စာတမ်းကလေး...
မျက်စိ မမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။
နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။
သဖက်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏။
သို့သော်...
ရည်မှန်းချက်မရှိသော မိန်းကလေးမူကား အရူးပမာသာတည်း။

Facebook Etiquette ဖေ့စ်ဘွတ် ကျင့်ဝတ်


Facebook Etiquette ဖေ့စ်ဘွတ် ကျင့်ဝတ်

၁။ တကိုယ်ရေသတင်းနဲ့ ပုဂ္ဂိုလ်ရေးတွေကို မက်ဆေ့ခ်ျကနေသာတင်ပါ။ ဝေါလ်ပေါ်မှာမတင်ပါနဲ့။

၂။ ကွန်မင့်တွေဟာ မေးခွန်းဖြစ်နေမှသာ ပြန်ဖြေပါ။

၃။ ပို့စ်တိုင်းမှာ ကွန်မင့်လိုက်ပေးနေတာ မလုပ်သင့်ပါ။

၎။ ထပ်ချည်းတလည်း ရှယ်တာ မလုပ်သင့်ပါ။

❝ ဝန အကြောင်းတစေ့တစောင်း ❞


ဂီတအကြောင်း သောင်းပြောင်းထွေလာ added 9 new photos.

❝ ဝန အကြောင်းတစေ့တစောင်း ❞
✲ မွေးရပ်ဇာတိ ✲
ကျွန်တော့်ဇာတိက မြစ်ကြီးနားကပါ။ ကချင်ပြည်နယ်မှာမွေးတဲ့ ရှမ်း၊ ဗမာ။ ကျွန်တော့်မှာ ဂီတမျိုးရိုးလည်းမရှိဘူး။ ဂီတကိုချစ်လွန်းလို့သာကြိုးစားပြီးလုပ်တာပါ။ အမှန်ကတော့ ဖြစ်အောင် ကြိုးစားရင်းနဲ့ ရူးသွပ်ရင်းနဲ့ လုပ်မှန်းမသိ လုပ်နေရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို ဂီတသမားဖြစ်မှန်းမသိ ဖြစ်နေတာ။ ကျွန်တော်တို့အိမ်က မြစ်ကြီးနားက လယ်ကွင်းထဲမှာဆိုတော့ ကွင်းထဲမှာ အော်တာပေါ့။ Practice ပဲလေ။ ဂီတအသိုင်းအ၀ိုင်းလည်းမရှိဘူးသူငယ်ချင်း
တွေကတော့ ခရစ်ယာန်တွေဆိုတော့ သူတို့ဘုရားကျောင်းသွားရင်ကျွန်တော်လိုက်သွားတယ်။

“ နတ်ပြည်မရောက်ချင်တဲ့မိအေး”

“ နတ်ပြည်မရောက်ချင်တဲ့မိအေး”

ရွာကြီးတစ်ရွာမှာ တောင်ကျောင်းနှင့်မြောက်ကျောင်းရှိပါတယ်။ တောင်ကျောင်း

ဘုန်းကြီးကခပ်နောက်နောက် ခပ်ပျော်ပျော်နေတတ်တယ်။ လူငယ်တွေက “ ဘုန်းကြီး...လူမထွက်တော့ဘူးလား”လို့မေးရင်“ ဟေ.....ဒီဘဝတော့ မထွက်တော့ပါ

ဘူးကွာ၊နောက်ဘဝရောက်မှ နတ်ပြည်မှာ နတ်သမီးလေးတွေ တဖက်သား

ငါးရာနဲ့ အတိုးချပြီး ပျော်တော့မယ် ”လို့ ပြောင်ပြော ပြောတတ်ပါတယ်။

ငွေကြေးစီမံ အသုံးပြုနည်း ၆ မျိုး

 
တခါတရံ ငွေကြေးစံမံခန့်ခွဲရတာဟာ တော်တော့ကို ရှုပ်ထွေးနက်နဲပါတယ်။ ငွေကြေးကိုကောင်းကောင်းစီမံခန့် ခွဲနိုင်ဖို့ ဖြစ်စဉ်တွေကို အရိုးရှင်းဆုံး လုပ်ဆောင်ရမယ်။ ဒါဆိုရင် ဘဏ္ဍာရေးအခြေအနေကို မှန်မှန်ကန်ကန် လည် ပတ်နိုင်မှာဖြစ်ပြီး အလွယ်တကူ နားလည် နိုင်ပါတယ်။ ငွေကြေးကို ကောင်းကောင်းစီမံခန့်ခွဲဖို့အတွက် ထူးချွန် ထက်မြက်သူတစ်ယောက် ဖြစ်စရာမလိုပါဘူး။ ဘဏ္ဍာရေးဆိုင်ရာ ကြီးမားတဲ့ရှုပ်ထွေးပွေလိမ်မှုတွေ အမြဲလိုလို ဖြစ်ပေါ်လာရတာဟာ အခြေခံအချက်တွေကို မလုပ်ဆောင်လို့ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေ ကို လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့အခါ ဘဏ္ဍာရေးကမောက်ကမဖြစ်ပြီး ဘဝတစ်ခုလုံး စုတ်ပြတ်သပ်သွားစေတတ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲရေး ဆိုင်ရာ လုပ်ဆောင်ရမဲ့နည်းလမ်း ၆ မျိုးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာကျော် အေကေ – ၄၇ ကို တီထွင်ထုတ်လုပ်ခဲ့သူ ကွယ်လွန်

 
 
ကမ္ဘာကျော် အေကေ – ၄၇ ကို တီထွင်ထုတ်လုပ်ခဲ့သူ ကွယ်လွန်

ရုရှား မောင်းပြန် ချေမှုန်းရေး ရိုင်ဖယ်သေနတ်ဖြစ်တဲ့ အေကေ -၄၇ ကို ဒီဇိုင်းထုတ်ခဲ့သူ မီးခေလ် ကလက်ခ်ျနီကော့လ် (Mikhail Kalashnikov) အသက် ၉၄ နှစ်ဟာ ဒီဇင်ဘာ ၂၄ ရက်နေ့က ကွယ်လွန်သွားပါတယ်။

ဆားဘီးယားနိုင်ငံ တောင်ပိုင်းမှာ ဆလပ်လူမျိုး လယ်သမား မိဘနှစ်ပါးက မွေးဖွားလာတဲ့ ကလက်ခ်ျနီကော့လ်ဟာ အတန်းပညာ မတတ်ခဲ့ရှာပါဘူး။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့် ခွန်း


National League for Democracy added 4 new photos to the album: မြန်မာကင်းထောက်ရာပြည့်.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့်မိန့် ခွန်း
---------------------------------------------------------
ရန်ကုန် ဒီဇင်ဘာ ၂၃ ။
မြန်မာကင်းထောက်ရာပြည့်အခမ်းအနားကိုံနက် ၉ နာရီခွဲတွင် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ပြီး ဂုဏ်ပြု အမှာစကားပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိငယ်စဉ်က ကင်းထောက် ၀တ်စုံဝတ်ပြီး ကင်းထောက်အဖွဲ့တွင် အတူတူပါဝင်ခဲ့သည့် မိတ်ဆွေများ နှင့် ယခုကဲ့သို့အတူ မရပ်ခဲ့ရသည်မှာ အနှစ်ငါးဆယ်ကျော်သွားပြီ ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ကင်းထောက်များ၏ စိတ်ဓါတ်များ ရှင်သန်နေသေးသည်ကို တွေ့ရသည့် အတွက် ၀မ်းမြောက်မိပါကြောင်း။

ဂူဂဲလ်က ရှာဖွေကြည့်ရှုခဲ့တဲ့ history နဲ့ data တွေ ရှင်းလင်းနည်း



တကယ်လို့ သင် ဂူဂဲလ်ဝန်ဆောင်မှုက ရှာဖွေကြည့်ရှုခဲ့ထားတဲ့ သတင်းအချက်အလက်တွေအတွက် အနည်းငယ် စိုးထိတ်မှုရှိပါက အောက်ပါ ဒေတာအချက်အလက်တွေနဲ့ history တွေ ရှင်းလင်းနည်း လမ်းညွန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပါ။
·         ပထမဦးဆုံး သင့် Google history နဲ့ ဒေတာအချက်အလက်တွေ ရှာဖွေဖို့ ပင်မစာမျက်နှာကို သွားပါ။

မေးခွန်းများ

မေးခွန်းများ
=========

မင်းမှာ....
ကိုယ့်တေးသွားနဲ့ကိုယ်
ကိုယ်ပိုင်ခံစားချက် ကိုယ့်အနုပညာနဲ့..။
ကိုယ့်စကားလုံး ၊ ကိုယ်ပိုင် အဖွဲ့အနွဲ့နဲ့ ကိုယ့်ပိုင်ကဗျာတို့ကို ရေးခွင့်ရှိတယ်။
သို့သော်...နီယွန် လမ်းမီးအောက်မှာ မလှပတဲ့ ကဗျာတွေ ဘယ်နှစ်ပုဒ်တောင်များ ဖန်ဆင်းပြီလဲ...
ကိုယ့်အတွေးအခေါ် ကိုယ်ပိုင်ယုံကြည်ချက်တို့နဲ့...
ကိုယ့်ဇာတ်လမ်း ကိုယ်ညွှန်းလို့
ကိုယ့်လက် ကိုယ်ဆေးခဲ့ကြတာပဲ...
ဒါပေမဲ့... တခြားသူတွေ နေ့လည်ထမင်းဝနေကြတဲ့အချိန်မှာ
မနက်စာစားခွင့် မရှိသေးတာဘာကြောင့်လဲ။

Saturday, December 24, 2016

စာဖတ်တဲ့ မိန်းကလေးတွေဟာ

စာဖတ်တဲ့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ဦးဆောင်နိုင်တယ်။ စာဖတ်နှစ်သက်တဲ့ မိန်းကလေးတွေဟာ ပညာအရည်အချင်းမမြင့်လည်း စာပေယဉ်ကျေးမှုတော့ရှိတယ်။ စာပေယဉ်ကျေးမှုရှိတဲ့ မိန်းကလေးတွေဟာ အကျိုးသင့်အကြောင်းသင့် စဉ်းစားတွေးခေါ်တတ်တယ်။ ခေါင်းအေးအေးထား ဆုံးဖြတ်တတ်တယ်။ လူ့သဘောသဘာဝကို နားလည်တယ်။ စာအမြဲဖတ်သူတွေဟာ လူကြားသူကြားမှာ ထင်းထင်းရှိတယ်။ အထူးသဖြင့် ကိစ္စတစ်ခုခုဆောင်ရွက်တဲ့အခါ၊ ဖြေရှင်းတဲ့အခါ တည်ငြိမ်တယ်၊ ဣနြေ္ဒရတယ်။ စာအမြဲဖတ်သူတွေမှာ အတင်းအဖျင်းမရှိဘူးလို့ လူတချို့ကပုံဖော်ကြတယ်။ သူတို့ဟာ ကျိုးကြောင်းဆင်ခြင်မှုရှိတယ်။ တခြားသူစကားနောက် လိုက်ပါမသွားဘူး။