အားလုံး ဖတ်ရအဆင်ပြေအောင် “အတတ်နိုင်ဆုံး” တိုတို ရေးထားပါတယ်။ သင်္ချာအနည်းငယ်ကို ထည့်သွင်းရေးသားထားတာကြောင့် သင်္ချာ မချစ်သူများ ထို အပိုင်းကို ကျော်ဖတ်နိုင်ကြပါတယ်။ စာတိုတိုလေးတွေ ရေးတတ်အောင်လည်း ကြိုးစားပါဦးမည်။ ကျေးဇူးတင်လျှက် …
“စာခိုးချခြင်းမရှိသော ကျောင်းသားထုကြီးမှသည် သက်လုံကောင်းသော အပြေးသမားများအဖြစ်သို့”
မြန်မာနိုင်ငံ၏ တက္ကသိုလ်တစ်ခုမှာ ဆရာမအဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းတစ်ဦးက ကျောင်းသားများစာခိုးချမှုနဲ့ပက်သက်ပြီး ကျောင်းသားနှင့်ဆရာများအကြား အဆင်မပြေဖြစ်ရပုံကို ဆွေးနွေးလာခဲ့ရာမှ ဤစာကို ရေးသားဖို့ စိတ်ကူးရခဲ့ပါတယ်။ ကျွန်မ ယခုသင်ကြားနေသော ထိုင်းနိုင်ငံ Assumption University မှာ လုပ်သက် ၂နှစ်ခွဲအတွင်း စာခိုးချသောအမှု “ခု” ဂဏန်းမျှသာကြားခဲ့ဖူးပါသည်။


























