သွေးပေါင်ချိန်တိုင်းစက် ( sphygmomanometer ) ဝယ်သုံးမည်ဆိုပါက ......
နေအိမ်မှာ မိသားစုဝင်တွေရဲ့ ကျန်းမာရေးအတွက် သွေးပေါင်ချိန်တဲ့စက် ဝယ်ချင်တဲ့သူတွေ အတွက် ရွေးချယ်ဝယ်ယူနိုင်အောင် လက်လှမ်းမီသလောက် ဖော်ပြလိုက်ပါတယ်။ သွေးပေါင်ချိန်စက်မှာ အမျိုးအစားသုံးမျိုး ရှိပါတယ်။
ပြဒါးတိုင်နဲ့ သွေးပေါင်ချိန်တဲ့စက်၊ ဒိုင်ခွက်နဲ့ ပြတဲ့ သွေးပေါင်ချိန်စက်နဲ့ ဒစ်ဂျစ်တယ် စနစ်နဲ့လုပ်တဲ့ သွေးပေါင်ချိန်စက်ဆိုပြီး ဖြစ်ပါတယ်။ ပြဒါးတိုင်နဲ့ သွေးအား အတက်အကျပြတဲ့ စက်ကိုတော့ ဆေးရုံ၊ အိမ်နဲ့ ဆေးခန်းတွေမှာ အသုံးပြုကြတာများပြီး ဒစ်ဂျစ်တယ် သွေးပေါင်ချိန်စက်နဲ့ ဒိုင်ခွက်နဲ့ သွေးပေါင်ချိန်တဲ့ စက်ကိုတော့ အပြင် ခရီးသွားတဲ့အခါ၊
...
သူနာပြုဆရာမတွေ သယ်ယူတဲ့အခါ ပေါ့ပေါ့ပါးပါး နေရာမယူတဲ့အတွက် အသုံးပြုများပါတယ်။ ပြုလုပ်တဲ့ နိုင်ငံအလိုက် ဈေးနှုန်းကွာခြားပါတယ်။
တရုတ်၊ ဂျပန်၊ ဟောင်ကောင်စတဲ့နိုင်ငံအလိုက် ဈေးကွာတာပါ။ ပြဒါးတိုင်နဲ့ သွေးအား အတက်အကျပြတဲ့ သွေးပေါင်ချိန်စက်ကတော့ တရုတ်၊ ဂျပန်နဲ့ ဟောင်ကောင်က လာတဲ့ စက်တွေ ရှိပါတယ်။
ပြဒါးတိုင်နဲ့ ဒိုင်ခွက်နဲ့ သွေးအား အတက်အကျတိုင်းတဲ့အခါ သွေးခုန်နှုန်း စမ်းသပ် နားထောင်လို့ရမယ့် နားကျပ်လိုပါတယ်။ နားကျပ်နဲ့ သွေးကြောကိုထောက်ပြီး သွေးခုန်တဲ့အသံကို နားထောင်ရပါမယ်။
လက်မောင်းမှာ လေအိတ်ဝတ်လေးကိုပတ်ပြီး ဘုလုံးလေးကို ညှစ်ပြီး သွေးအားကို အပေါ်သွေး၊ အောက်သွေး တိုင်းလို့ ရပါပြီ။ ဒစ်ဂျစ်တယ်နဲ့တိုင်းတဲ့ သွေးပေါင်ချိန်စက်ကတော့ လက်ကောက်ဝတ်မှာ တပ်တဲ့ စက်ရှိသလို လက်မောင်းမှာတပ်ပြီး တိုင်းလို့ရတဲ့စက်လည်း ရှိတယ်။
နှလုံးနဲ့ တစ်ပြေးညီထားပြီး တိုင်းရမှာပါ။ ဒစ်ဂျစ်တယ်ကို အများစုကတော့ သွေးပေါင်ချိန် တဲ့အခါ ကိုယ့်မှာရှိတဲ့ သွေးပေါင်ချိန်နဲ့ အနည်းငယ်လွဲတာမျိုးရှိတယ်လို့ သိရတယ်။
ကိုယ့်ဘာသာတစ်ယောက်တည်းလည်း တိုင်းလို့ရပါတယ်။ လက်ကောက်ဝတ်မှာ အသုံးပြုတဲ့ ဒစ်ဂျစ်တယ်စက်ကို AAA ဓာတ်ခဲနှစ်လုံးကို အသုံးပြုနိုင်ပြီး လက်မောင်းမှာ တိုင်းတဲ့စက်ကတော့ AAA ဓာတ်ခဲသုံးလို့ရပါတယ်။
ပြဒါးတိုင်နဲ့ အသုံးပြုထားတဲ့ သွေးပေါင်ချိန်စက်ကို အသုံးပြုတဲ့အခါ ပြဒါးက တစ်ဆက်တည်း မတက်ရင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေရင် သွေးပေါင်ချိန် မမှန်တတ်ပါဘူး။ ပြဒါးကို မသုံးတဲ့အချိန်မှာ ပိတ်ထားသင့်ပါတယ်။ တစ်ခုခုနဲ့ ရိုက်မိတာမျိုးကို ရှောင်သင့်ပါတယ်။ ဒိုင်ခွက်နဲ့ပြတဲ့ သွေးပေါင်ချိန်စက်ကိုတော့ လေအိတ်ကို မပေါက်အောင် ဂရုစိုက်သင့်ပါတယ်။
ကိုယ်ထားတဲ့ လေဖိအားမထိန်းနိုင်ရင် သွေးပေါင်ချိန်နှုန်းပြတာ မမှန်တော့ပါဘူး။
ဒစ်ဂျစ်တယ်ကို အသုံးပြုထားတဲ့ သွေးပေါင်ချိန်စက်ကတော့ ဓာတ်ခဲပေါ်မှာပဲ မူတည် ပါတယ်။ သွေးအားနှုန်းပြတာကို တစ်ခါတလေ လွဲတာတွေ ရှိပါတယ်။
ဥပမာ အခုတိုင်းပြီးနောက် တစ်ခါထပ်တိုင်းရင်တောင် မတူညီတာမျိုးရှိတယ်လို့ သိရပါတယ်။ အများစုကတော့ ပြဒါးနဲ့ ဒိုင်ခွက်အသုံးပြုတဲ့ သွေးပေါင်ချိန်စက်တွေကို အသုံးပြုတာ များပါတယ်။
အေးချမ်းမွန်မှ Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ ည်

အေးချမ်းမွန်မှ Mg Mandalay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။