Aye Chan Mon
"စာအုပ်စာပေသည် ဒေါ်အောင်ဆန်းစုကြည် ဘဝအတွက် အရေးကြီးသော အစိတ်အပိုင်း"
စာပေသည် သူမဘဝ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသော အချိန်များ တွင် ပြင်ပကမ္ဘာနှင့် အဆက် မပြတ်စေရန် စာအုပ်စာပေနှင့် ရေဒီယိုကို အားကိုးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
... ''စာပေဟာ ကျွန်မဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် အမြဲရှိနေခဲ့ပါတယ်။ ပြီးတော့ ဒီပွဲ တော်ကနေပြီး လူတွေ အကျိုးကျေး ဇူး အများကြီးရလိမ့်မယ်လို့ မျှော် လင့်ထားပါတယ်'' ဟု မြန်မာနိုင်ငံ တွင် ပထမဆုံးအကြိမ် ကျင်းပမည့် နိုင်ငံတကာအဆင့် ဧရာဝတီ စာပေ ပွဲတော်အကြို သတင်းစာရှင်းလင်း ပွဲသို့ တက်ရောက်လာသူ ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရ သည့် နှစ် ၂ဝ ဝန်းကျင်ကာလအတွင်း ပြင်ပကမ္ဘာနှင့် အဆက်မပြတ်စေ ရန်အတွက် စာအုပ်စာပေနှင့် ရေဒီ ယိုများကို အားကိုးအားထား ပြုခဲ့ ရပြီး ထိုကာလအတွင်း ဖတ်ရှုခဲ့ရ သော စာပေများကြောင့် ပြဿနာ တစ်ရပ်အပေါ် အခြားလူပုဂ္ဂိုလ်များ က မည်ကဲ့သို့ တုံ့ပြန်တတ်သည်ကို နားလည်လက်ခံနိုင်ခဲ့ခြင်းက မိမိ အတွက် အလွန်တရာ တန်ဖိုးရှိခဲ့ သည်ဟု ပြောသည်။
''တခြားလူတွေက အခြေအ နေတစ်ရပ်အပေါ် မတူကွဲပြားစွာ ဘယ်လိုတုံ့ပြန်လေ့ရှိကြသလဲ ဆို တာ နားလည်သိရှိခဲ့ရပါတယ်။ ဒါ ဟာ ကျွန်မအတွက် အရမ်းတန်ဖိုး ရှိတဲ့ အရာတစ်ခုပါ'' ဟု သူမက ပြောသည်။ ဧရာဝတီ စာပေပွဲတော် ကို ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ် တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒေါ်အောင် ဆန်းစုကြည် တက်ရောက်မည်ဟု သိရသည်။
ဧရာဝတီ စာပေပွဲတော်ကျင်းပ ရေးကော်မတီဥက္ကဋ္ဌ ဗြိတိန်သံအ မတ်ကြီး၏ ဇနီးဖြစ်သူ မစ္စဂျိမ်း အင်းရှ်က မတူကွဲပြားသည့် စာပေ၊ ယဉ်ကျေးမှုနှင့် အတွေးအခေါ်များ ကို အပြန်အလှန် ဖလှယ်နိုင်ရန်အ တွက် ဧရာဝတီ စာပေပွဲတော်က ကြားခံဆောင်ရွက်ပေးနိုင်လိမ့်မည
အဆိုပါ ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပမှ နာမည်ကြီး စာရေးဆရာ များ တက်ရောက်မည်ဖြစ်ပြီး စာပေ ရေးရာများကို အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ စာရေးသူကိုယ်တိုင်က ၄င်း၏ စာ အုပ်ကိုစာမြည်းဖတ်ပြခြင်း၊ စာဖတ် ပရိသတ်များက စာရေးဆရာများ အား မေးခွန်းမေးမြန်းခြင်း စသည့် အစီအစဉ်များ ပါဝင်သည်ဟု သိရ သည်။
WY, KYL
အေးချမ်းမွန်မှ Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။